မကျေပွဲပြန်ထိုးမယ့် အောင်လအင်ဆန်နဲ့ တူရကီနိုင်ငံသား အာဒိုဂန်

မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံးသိုင်းပေါင်းစုံ(MMA)ကစားသမား အောင်လအင်ဆန်ဟာ ဒီလာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာပဲ တူရကီနိုင်ငံသား ရှမေးအာဒိုဂန်နဲ့ ပြန်လည်ထိုးသတ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

One Championship ဝိတ်တန်းနှစ်ခုရဲ့ ချန်ပီယံဟောင်း အောင်လအင်ဆန်နဲ့ ရှမေးအာဒိုဂန်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာလက ကျင်းပခဲ့တဲ့ One 168 အဖြစ်တွေ့ဆုံခဲ့ဖူးပြီး အောင်လအင်ဆန်က ဒုတိယအချီမှာပဲ အလဲထိုး ရှုံးနိမ့် ခဲ့ရတာဖြစ်ပါတယ်။

ဒီလာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာတော့ One 171 ပြိုင်ပွဲအဖြစ် ကာတာနိုင်ငံ လူဆေလ် (lusail) မြို့မှာ မကျေပွဲ ပြန်လည်ထိုးသတ်သွားမှာဖြစ်ပြီး ဒီပွဲမှာ အောင်လပြန်လာနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ မြန်မာကိုယ်စားပြုချန်ပီယံဟောင်း အောင်လအင်ဆန်ဟာ MMA ပွဲပေါင်း ၄၉ ပွဲအထိထိုးသတ်ခဲ့ ပြီး ၃၀ ပွဲနိုင် ၁၉ ပွဲရှုံး စံချိန်ရရှိထားပါတယ်။

အောင်လအင်ဆန်နဲ့ထိုးသတ်မယ့် တူရကီနိုင်ငံသား ရှမေးအာဒိုဂန်ကတော့ အသက် ၃၄ နှစ်ရှိပြီဖြစ်ပြီး MMA ပွဲပေါင်း ၁၀ ပွဲထိုးသတ်ထားပြီး ၁၀ ပွဲစလုံးကိုအနိုင်ရရှိကာ ရှုံးပွဲမရှိစံချိန်တင်ထားသူဖြစ်ပါတယ်။

ချန်ပီယံခါးပတ်နှစ်ခုစလုံးကို လက်လွှတ်ဆုံးရှုံးထားခဲ့ရတဲ့ အောင်လအင်ဆန်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကပဲ One Championship နဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပြီး မြန်မာ့စပါးအုံးလို့ ပရိသတ်တစ်ခဲနက်အားပေးမှုရရှိထားသူ ကချင်သားကြီး အောင်လအင်ဆန် ပြန်လည်အောင်ပွဲခံသွားနိုင်မလား စောင့်ကြည့်သွားရတော့မှာဖြစ်ပါတယ်။

By – အမိုး

Show More
Back to top button