တိုက်ပွဲသတင်း

ဖားကန့်မှာ စစ်တပ်က လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေ

ဖားကန့်မှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ကျေးရွာအနီးတဝိုက်ကို လေကြောင်းပစ်ကူနဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၁၆ ရက်နေ့ နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ် ဂျက်လေယာဉ်တစ်စီးနဲ့ မှော်ဝမ်းကလေး၊ မှော်ဝမ်းကြီ နဲ့ ဆွတ်ငိုင်ယန်ကျေးရွာအနီးတဝိုက်ကို ဗုံးလာကြဲသွားတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။

ဗုံး  ကြိမ်လာကြဲသွားတယ်။ ဖားကန့် စုပေါင်း သင်္ချိုင်းနေရာတစ်ဝိုက် မှော်စတင် သင်္ချိုင်းရဲ့ အောက်ဘက်ခြမ်းမှာ ကျကွဲတယ်တဲ့။ မှော်ဝမ်းကလေး၊ မှော်ဝမ်းကြီး  ဆွတ်ငိုင်ယန် အဲ့ဒီကျေးရွာ  ခုဆုံတဲ့ နေရာကို လာကြဲသွားတာလို့ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးမှုရှိမရှိ အခြေအနေကို အသေးစိတ်စုံစမ်းနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေက မနေ့က မနက်ပိုင်း ၁၁ နာရီဝန်းကျင်အချိန်မှာလည်း စစ်ကြောင်းထိုးနေတဲ့ မော်မောလယန် ဘက်ကို ဂျက်လေယာဉ်နဲ့ နှစ်ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်ပြီးနောက် ဖားကန့် ဗျူဟာကုန်းဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းတွေ မှော်ဝမ်းကလေး ဘုရားဝင်းအတွင်းနေရာယူထားတဲ့ စစ်ကြောင်းတွေကို KIA နဲ့ တော်လှန်တပ်ဖွဲ့တွေ ဒရုန်းနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

KIA ရဲ့ ပစ်ခတ်ခံရမှုမှာ စစ်ကောင်စီတပ်ဘက်က  ဦးသေဆုံးခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးကပြောပါတယ်။

မှော်ဝမ်းကလေး ဘုရားကျောင်းမှာ ရှိနေတဲ့ စစ်ကြောင်းတွေကို KIA ဘက်က ၁၂၀ မမ ရှိတဲ့ ဒရုန်းနဲ့ သွားပစ်ခဲ့တယ်။ အဲထဲမှာ  ယောက်သေတယ်၊  ယောက်က ဒဏ်ရာသွားတယ်။ နောက်ပြီး မှော်ဝမ်းကလေးကျေးရွာ တဝိုက်မှာပဲ စစ်ကောင်စီတပ်တွေရဲ့ သေဆုံးနေတဲ့ ရုပ်အလောင်း ၁၉ လောင်းကောက်ရတယ်လို့ပြောပါတယ်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေ မော်မောဘွမ့်၊ လမောင်ကုန်း တောင်းကုန်းနေရာတွေကို ဦးတည်ပြီး စစ်ကြောင်းထိုးနေတဲ့အတွက် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ပိတ်ဆို့တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားတဲ့ ရုပ်အလောင်း ၁၉ လောင်းအထိ KIA ဘက်က ကောက်ယူရခဲ့တယ်လို့ ဆိုပါတယ်။

ဖားကန့်ဒေသမှာ လက်လွတ်လိုက်ရတဲ့ နေရာတွေကို ပြန်ရဖို့ စစ်ကောင်စီတပ်တွေ စစ်အင်အားအလုံးအရင်းနဲ့  စစ်မျက်နှာ နှစ်ခုနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဖားကန့် ဗျူဟာကုန်းရဲ့ ညာဘက်ခြမ်းမှာရှိတဲ့ ဆွတ်ဘွမ့်(အမှိုက်ပုံကျေးရွာနဲ့ ဘယ်ဘက်ခြမ်းမှာရှိတဲ့ မော်မောလယန်၊ ရှရော်ခ ညောင်ပင်းကုန်း ကျေးရွာဘက် စစ်ကြောင်းထိုး တိုက်ခိုက်နေတာဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီတပ်တွေ သိမ်းပိုက်ဖို့ ကြိုးပမ်းနေတဲ့ လမောင်ကုန်းနဲ့ မော်မောဘွမ့် တောင်ကုန်း နှစ်ခုဟာ ဖားကန့် ဗျူဟာကုန်းအတွက်အလွန်အရေးပါတဲ့ နေရာဖြစ်သလို ဖားကန့် မြို့တွင်း၊ မြို့ပြင် နေရာအားလုံးကို လှမ်းထောက်နိုင်တဲ့ နေရာတွေဖြစ်ပါတယ်။

ဖားကန့်တိုက်ပွဲ စစ်တပ်က ပြီးခဲ့တဲ့ ဇွန်လကတည်းက ဇူလိုင် ၁၀ ရက်ကျော်အထိ မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်တဲ့ အထိသာရှိခဲ့ပေမယ့် ဇူလိုင် ၁၅ ရက်နေ့ကစပြီး လေကြောင်းအသုံးပြုတိုက်ခိုက်လာတာလည်းဖြစ်ပါတယ်။

စစ်တပ်က ဖားကန့်ဒေသကို ထိန်ချုပ်နိုင်ဖို့ လေကြောင်းအသုံးပြုတိုက်ခိုက်လာတာကြောင့် ဖားကန့်ပြည်သူလူထုတွေဟာ စိုးရိမ်ထိပ်လန့်မှုတွေလည်းရှိနေပါတယ်။

လမောင်ကုန်းနဲ့ မော်မောဘွမ့်ဘက်ကို စစ်ကြောင်းထိုး ကြိုးပမ်းနေတဲ့ စစ်ကြောင်းတွေဟာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ပိတ်ဆို့ တိုက်ခိုက်ခံနေရတာကြောင့် ဆက်မတိုးနိုင်ဘဲ မော်မောလယန်၊ မှော်ဝမ်းကလေး၊ ဆွတ်ဘွမ့်(အမှိုက်ပုံကျေးရွာတွေမှာ သောင်တင်နေဆဲဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button