သတင်း

ပူတာအိုမြို့စောင့်တပ်ထဲ စစ်အင်အားနဲ့လက်နက်ခဲယမ်းဖြည့်တင်းနေ

ကချင်ပြည်နယ် ပူတာအိုမြို့‌စောင့်တပ်မှာ စစ်ကောင်စီတပ်က စစ်အင်အားနဲ့ လက်နက်ခဲယမ်းတွေဖြည့်တင်း‌နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

ဒီကနေ့ အောက်တိုဘာ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီတိတိမှာ ပူတာအိုမြို့‌၊ လေယာဉ်ကွင်းရပ်ကွက်မှာရှိတဲ့ အများပြည်သူသုံးလေယာဉ်ကွင်းမှာ Y-12 တစ်စီးနဲ့ စစ်အင်အား၊လက်နက်ခဲယမ်းတွေချသွားတယ်လို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

“Y- 12တစ်စီးနဲ့လာချသွားတယ်စစ်သားပါတယ် နောက်ပြီးလက်နက်ခဲယမ်းတိုက်တွေလည်း မနည်းဘူးသယ်ထုတ်နေကြတယ်တပ်ထဲကိုလို့ မြို့ခံအမျိုးသားတစ်ဦး ပြောပါတယ်။

ဒီကနေ့ ညနေပိုင်းမှာတော့ Y- 12 နဲ့လာပို့သွားတဲ့ စစ်အင်အား၊ လက်နက်ခဲယမ်း‌ တွေကို လေယာဥ်ကွင်းက‌နေတစ်ဆင့် ခလရ (၄၆) တပ်ထဲပို့ဖို့ သယ်ယူနေကြတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ယခုရက်ပိုင်း ပူတာအိုမြို့တွင်းမြို့ပြင် စစ်ကားတွေနဲ့ပုံမှန်သွားလာလှုပ်ရှားတာအပြင် မြို့တွင်း လမ်းဆုံလမ်းခွတွေမှာလည်း ညဘက်အစစ်အဆေးတွေပုံမှန်ပြုလုပ်နေကြောင်းသိရပါတယ်။

ပူတာအို ခရိုင်ထဲက ခေါင်လန်းမြို့နယ်ရှိ လန်ဟီဆင်စခန်းအနီးမှာ စက်တင်ဘာ ၂၃ ရက်နေ့ကစပြီး KIA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေကြားနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပူတာအိုဒေသမှာ ခုလိုစစ်ရေးပြင်ဆင်တာ သိသိသာသာလုပ်လာတာဖြစ်ပါတယ်။

အလားတူ အောက်တိုဘာ ၁၃ ရက်နေ့ကလည်း ပူတာအိုမြို့နဲ့ ၁၀ မိုင်ကျော်ဝေးတဲ့ မချမ်းဘော့မြို့နယ်ထဲက ထန်ဂါးကျေးရွာအနီးမှာ KIAပူးပေါင်းတပ်နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေကြား ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဟာ အခုလို စစ်အင်အားဖြည့်တာ၊ညဘက်အစစ်အဆေးများတာတွေပြုလုပ်လာနေတာ ဖြစ်ပါတယ်။

ဒါ့အပြင်စစ်ကောင်စီဟာ ပူတာအိုဒေသထဲကိုဝင်ရောက်လာနိုင်တဲ့ ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းကိုလည်းဒီကနေ့ မနက်ပိုင်းရုတ်တရက်ပိတ်ချလိုက်တာဖြစ်ပါတယ်။

ပူတာအိုခရိုင်ထဲမှာတော့ မြစ်ကြီးနားပူတာအိုကားလမ်းပိုင်းထဲက ဆွပ်မရာဘွမြို့နဲ့ ခေါင်လန်ဖူးမြို့နယ်ထဲက ခေါလန်ဖူးပြည်သူ့စစ်ထိုင်ထားတဲ့ လန်ဟီဆင်စခန်းကို KIA နဲ့ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button