သတင်း

အင်းတော်နဲ့ မော်လူးမှာ လျှပ်စစ်မီးပြင်ဖို့ ကောက်ထားတဲ့ငွေ ပြန်အမ်းပေမယ့် အပြည့်မရဟုဆို

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ အင်းတော်မြို့နဲ့မော်လူးမြို့မှာ လျှပ်စစ်မီးပြုပြင်ဖို့ ပြည်သူတွေဆီကနေ ကောက်ယူထားတဲ့ငွေတွေကို ပြန်အမ်းပေးနေပေမယ့် အပြည့်မရကြောင်း ဒေသခံများထံမှ သိရပါတယ်။

အင်းတော်မြို့နဲ့ မော်လူးမြို့သိမ်းတိုက်ပွဲတွေကြောင့်  မီးကြိုး၊ဓာတ်တိုင်၊ထရန်စဖော်မာအများအပြားပျက်စီးခဲ့လို့ အင်းတော်နဲ့မော်လူးမြို့နယ်မှာ လျှပ်စစ်မီးလရှည်ပြတ်တောက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် NUG အစိုးကရလက်အောက်ခံ လျှပ်စစ်ဝန်ထမ်းတွေက ပျက်စီးသွားတဲ့ မီးကြိုး၊ဓာတ်တိုင်၊ ထရန်စဖောမာတွေကိုပြုပြင်ဖို့ ပြည်သူတွေဆီကနေ ငွေကောက်ယူခဲ့တာလို့ အင်းတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်တဲ့အမျိုးသားတစ်ဦးက ပြောပါတယ်။

အိမ်သုံးဆိုရင် တစ်အိမ်ထောင်ငါးသောင်းကောက်တယ် ပြီးတော့ လုပ်ငန်းသုံး ဆီစက်၊ဆန်ဆက်လိုမျိုးဆိုရင် လုပ်ငန်းတစ်ခုကို ငါးသိန်းကောက်ပါတယ်။ ဒါပေမယ့်မီးကပြင်တော့ပြင်တယ် အခုထိမီးကမရသေးတော့ပြည်သူတွေက အရမ်းဝေဖန်ကြတော့ပြန်အမ်းပေးကြတယ် အပြည့်တော့ပြန်မအမ်းဘူးတဲ့လို့ သူကပြောပါတယ်။

NUG အစိုးရလက်အောက်ခံလျှပ်စစ်ဝန်ထမ်းတွေက လျှပ်စစ်မီးပြုပြင်ဖို့ တစ်အိမ်ထောင်(အိမ်သုံးကျပ်ငါးသောင်းနဲ့ လုပ်ငန်းသုံး ကျပ်ငါးသိန်းအထိကောက်ယူခဲ့ပြီး မီးပြန်မရလို့ပြန်အမ်းရမှာတော့ တစ်အိမ်ထောင်(အိမ်သုံး)ကျပ်ငါးသောင်းအစား ကျပ်နှစ်သောင်းခွဲ၊လုပ်ငန်းသုံးကျပ်ငါးသိန်း ပြန်အမ်းငွေ ကျပ်နှစ်သိန်းခွဲသာ ပြန်အမ်းတယ်လို့သိရပါတယ်။

ပြန်အမ်းတာ အကုန်တော့ပြန်မရကြသေးဘူးအိမ်ထောင်စုအနည်းအကျဥ်းပဲ ပြန်ရတယ် အများစုက ပြန်မရသေးဘူးတဲ့ ပြီးတော့အပြည့်လည်းပြန်မအမ်းဘူး တစ်ဝက်ပဲ ကျန်တဲ့တစ်ဝက်က ပြန်အမ်းမလားမအမ်းဘူးလာမသိရသေးဘူးလို့ အထက်ဖော်ပြပါအမျိုးသားကဆက်ပြောပါတယ်။

Indaw Revilution -IR ရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်မှာထုတ်ပြန်ထားချက်အရ ယခုနှစ်မေလအထိ  မော်လူးတမြို့နယ်လုံး အတိုင်းအတာနဲ့ လျှပ်စစ်မီးဖိုး ကောက်ခံရရှိငွေ ၃၉၀,၈၅၀,၀၀၀(သိန်းပေါင်း သုံးထောင့် ကိုးရာ ရှစ်သိန်း ငါးသောင်းအထိရရှိခဲ့ပြီးအဲ့ဒီထဲက မေလကနေ ယခု နိုဝင်ဘာလအထိ  လအတွင်း မီးပြင်စရိတ် ၁၇၆,၄၉၀,၃၀၀(သိန်း တထောင့် ခုနှစ်ရာ ခြောက်ဆယ့်လေးသိန်းကိုးသောင်းသုံးရာ)ကျပ် သုံးစွဲခဲ့တယ်လို့သိရပါတယ်။

အထက်ဖော်ပြပါစာရင်းဟာ မော်လူးတစ်မြို့နယ်ထဲက ကောက်ခံရရှိတဲ့စာရင်းဖြစ်ပြီး အင်းတော်မြို့နယ်ထဲက ကောက်ခံရရှိခဲ့တဲ့စာရင်းကိုသိရဖို့ မေးမြန်းထားဆဲဖြစ်ပါတယ်။

မော်လူးမြို့နယ်ထက် အင်းတော်မြို့နယ်ဟာ ကျေးရွာအုပ်စုနဲ့ အိမ်ထောင်စုပိုများကြောင်းလည်းသိရပါတယ်။

အင်းတော်မြို့အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီကနေ စုံစမ်းသိရှိရသလောက် လျှပ်စစ်မီးပြုပြင်ဖို့ ငွေကြေးကောက်ခံတဲ့ကိစ္စဟာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက တိုက်ရိုက်ဆောင်ရွက်တာမဟုတ်ပဲ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ လျှပ်စစ်ဝန်ထမ်းတွေက ဆောက်ရွက်တာလို့သိရပါတယ်။

အခုလို လျှပ်စစ်မီးပြန်ရရှိရေးအတွက် ငွေကြေးကောက်ခံခဲ့ပေမယ့် လျှပ်စစ်မီးပြန်မရတာ၊ ငွေပြန်အမ်းရာမှာလေးအပြည့်ပြန်မအမ်းတဲ့ကိစ္စတွေကြောင့်အင်းတော်နဲ့မော်လူးပြည်သူတွေဟာ NUG အစိုးရကိုအပေါ် ဝေဖန်မှုတွေလည်းရှိနေတယ်လို့သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးမော်လူးနဲ့အင်းတော်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေကိုတိုက်ရိုက်ဆက်သွယ်ခဲ့ပေမယ့်ဆက်သွယ်လို့မရခဲ့ပါဘူး။

မော်လူးမြို့ကိုတော့ တော်လှန်ရေးအင်အားစုတွေက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာသိမ်းပိုက်ခဲ့ပြီး အင်းတော်မြို့ကိုတော့ ၂၀၂၄ ခုနှစ် သြဂုတ်လမှာသိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button