သတင်း

ကချင်မှာ ခရစ္စမတ်ပွဲစောစီးစွာကျင်းပကြဖို့ စစ်ကောင်စီအမိန့်ပေးထား

ကချင်ပြည်နယ်တွင်း ရွေးကောက်ပွဲ ကျင်းပမယ့် မြို့/ရွာတွေမှာ ခရစ္စမတ်ပွဲကိုစောစီးစွာကျင်းပကြဖို့ စစ်ကောင်စီအမိန့်‌ပေးထားကြောင်း အစိုးရဌာနဆိုင်ရာရုံးနဲ့နီးစပ်သူများထံမှ သိရပါတယ်။

ပုံမှန်နှစ်တွေမှာ ခရစ္စစမတ်ပွဲတော်ကို ဒီဇင်ဘာ ၂၅ ရက်နေ့ မှာသတ်မှတ်ပြီး ကျင်းပကြပေမယ့် ဒီနှစ်မှာ ရွေးကောက်ပွဲလုပ်မယ့် မြို့၊ရွာတွေအ‌‌နေနဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့မတ်ိုင်မှီကျင်းပကြဖို့‌ပြောဆိုထားတယ်လို့တယ်လို့သိရပါတယ်။

ဒီဇင်ဘာ နှစ်ဆယ်ရက် မတိုင်ခင်လုပ်ရမယ်တဲ့ အဲ့ကြောင့်အခုကတည်းကတော့အသင်းတော်တိုင်းလိုလိုတော့ကြေငြာထားပြီ။တစ်ချို့အသင်းတော်တွေက ၁၈၊၁၉ တစ်ချို့ကအဲ့ထက်တောင်စောတယ်ပြောတယ်။ အသင်းတော်တစ်ခုနဲ့အတစ်ခုတော့မတူဘူး။ ၂၀ ရက်မတိုင်ခင်တော့လုပ်ရမှာလို့ မြစ်ကြီးနားမြို့ခံ ခရစ်ယာန်ဘာသာဝင်တစ်ဦးကပြောပါတယ်။

KNG ကစုံစမ်းသိရှိရသလောက် ရွေးကောက်ပွဲကျင်းပမယ့် မြစ်ကြီးနား၊ပူတာအို၊တနိုင်း၊ နောင်မွန်စတဲ့မြို့နယ်တွေက ခရစ်ယာန်ဘုကျောင်းတွေတိုင်းမှာ ခရစ္စမတ်ပွဲတော်တွေကို ခါတိုင်းနှစ်ထက်စောစီးစွာပြုလုပ်ကြဖို့ညွန်ကြားထားကြောင်းလည်းပူတာအိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အမျိုးသားတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။

ရွေးကောက်ပွဲကြောင့်ပါ ပုံမှန်လိုဒီဇင်ဘာ ၂၅ရက်နေ့မှာ လုပ််မယ်ဆို ရွေးကောက်ပွဲနဲ့အရမ်းနီးသွားမှာမို့လို့ ၂၀ ရက်မကျော်ခင်လုပ်ကြဖို့ အသင်းတော်တွေမှာညွန်ကြားထားတာလို့ သူကပြောပါတယ်။

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း (က) ကို နယ်မြေတည်ငြိမ်တဲ့မြို့နယ်တွေမှာ ဒီလ ၂၈ ရက်နေ့မှာ ကျင်းပဖို့စီစဥ်နေတာဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာတော့ မြစ်ကြီးနား၊ ပူတာအို၊ နောင်မွန်၊ခေါင်လန်ဖူး၊ မိုးညှင်း၊တနိုင်းစတဲ့မြို့နယ်တွေမှာကျင်းပမှာဖြစ်ပြီး ရွေးကောက်ပွဲမကျင်းပတဲ့ကျန်မြို့နယ်တွေမှာတော့ ခရစ္စမတ် ပွဲတော်တွေက်ိုပုံမှန်အတိုင်းကျင်းပသွားမယ်လို့သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီလက်အောက် ကချင်ပြည်နယ်အစိုးရကို ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိသေးပါဘူး။

အခုလိုခရစ္စမတ်ပွဲတော်တွေကို ပုံမှန်နှစ်တွေနဲ့မတူပဲ ရက်ကြိုပြီးကျင်းပကြဖို့ ညွန်ကြားထားတဲ့အတွက် ဒါဟာဘာသာရေးအရဖိနမ့်ခံရသလိုခံစားနေရကြောင်းတနိုင်းမြို့ခံ ခရစ်ယာန်ဘာသာဝင်တစ်ဦးက KNG ကိုပြောပါတယ်။

ဒါက ဘာသာရေးဖိနှိမ့်တဲ့လုပ်ရပ်လို့ခံစားမိတယ်။ ခရစ်ယာန်ဖြစ်လာတဲ့သက်တမ်းတလျှောက်လည်းမကြုံဖူးဘူးပြီးတော့ပြီး သူတို့လုပ်ခိုင်းတဲ့ပုံစံက ကိုယ့်ရဲ့မွေးနေ့ကိုပွဲကိုမွေးရက်မဟုတ်ပဲ ရက်ကြိုလုပ်ခိုင်းတဲ့ပုံစံ ကိုယ့်မွေးနေ့ကိုအဲ့လိုလုပ်ခိုင်းရင်ဘယ်သူကပျော်မှာလဲ။ ပြီးတော့အခုပွဲက ကိုယ့်မွေးနေ့ထက်တောင်အဆပေါင်းမက အရေးကြီးတယ်ခရစ်ယာန်ဘာသာဝင်တိုင်းရဲ့ အမွန်မြတ်ဆုံးပွဲလေး”လို့ တနိုင်းမြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

စစ်ကောင်စီရဲ့ညွန်ကြားချက်ကြောင့် ကချင်ဒေသက ရွေးကောက်ပွဲကျင်းပမယ့် မြို့ရွာတွေမှာ ခရစ္စမတ်ပွဲတော်တွေကိုရက်ကြိုပြီးကျင်းပဖို့ လက်ရှိကြိုတင်ပြင်ဆင်တာတွေပြုပ်လုပ်နေပြီလို့သိရပြီး စစ်ကောင်စီသတ်မှတ်ထားတဲ့ရက်ထက်ကျော်လွန်ပြီးကျင်းပရင် အရေးယူတာမျိုးရှိလာနိုင်တယ်လို့ မြစ်ကြီးနားမြို့ခံ ယခင်ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးကအခုလိုသုံးသပ်ပြောဆိုထားပါတယ်။

လောလောဆယ် ဘယ်လိုအရေးယူမယ်ဆိုတာမျိုးတော့ထုတ်ပြန်တာမတွေ့ရသေးဘူး ပေါ့နော်။ ဒါပမယ့် သေချာတယ် သူတို့သတ်မှတ်တဲ့ရက်ကျော်ပြီးရွေးကောက်ပွဲနီးမှ ၂၄ရက် ၂၅ ရက်နေ့မှာသွားလုပ်ရင်တော့ သူတို့အစိုးရအမိန့်မနာခံမှု၊ပုန်ကန်မှုဆိုပြီး ဖမ်းတာ၊ဆီးတာလုပ်မှာပဲ ခရစ်ယာန်ဓမ္မဆရာတွေလည်းဒါကိုကြိုသိတော့အားလုံးလိုလိုကတော့လုပ်ကြမှာမဟုတ်ဘူးရက်ကြိုကျင်းပကြမှာပဲ”လို့ သူကပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲမှာပါဝင်ယှဥ်ပြိင်မယ့် ပါတီအသီးသီးက ကိုယ်စားလှယ်လောင်း တွေဟာ သက်ဆိုင်ရာမြို့၊ရွာတွေမှာ မဲဆွယ်စည်းရုံရေးတွေစလုပ်နေပြီလို့သိရပါတယ်။

ကချင်ပြည်နယ်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပါဝင်ယှဥ်ပြိုင်မယ့် ကြံ့ခိုင်ရေးပါတီ(USDP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) စတဲ့ပါတီတွေအပြင် ကချင်ပြည်နယ်ထဲက တိုင်းရင်းသားပါတီတွေနဲ့ရှမ်းတိုင်းရင်းသားပါတီတွေ က စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲမှာပါဝင်ယှင်ပြိုင်ဖို့ ကြိုတင်ပြင်ဆင်နေကြပြီဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button