သတင်း

ထီးချိုင့် ဗုံးကြဲတိုက်ခိုက်ခံရမှု ကိုယ်ရင်နှင့်ဦးဇင်းအပါအဝင် ၁၂ ဦးသေဆုံး

စစ်ကိုင်း၊ကချင်အစပ် ထီးချိုင့်မြို့နယ်အနှံ့ကို မတ်လ  ရက်နေ့ကနေ မတ်လ ၁၀ ရက်နေ့အထိ သုံးရက်ဆက်တိုက် လေကြောင်း ကနေ တိုက်ခိုက်မှုတွေဆက်တိုက်ဖြစ်ပွားခဲ့ပြီး ကိုယ်ရင်နဲ့ ဦးဇင်း  ပါးအပါအဝင် အရပ်သား ၁၂ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။

မတ်လ ၁၀ ရက်နေ့ နေ့လည်  နာရီဝန်းကျင်မှာ ဇီးကုန်းကျေးရွာရဲ့ဘုန်းကြီးကျောင်းကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကိုယ်ရင်  ပါး၊ ဦးဇင်း  ပါးနဲ့ ပြည်သူ  ဦးသေဆုံးခဲ့ရတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကအတည်ပြုပါတယ်။

ဇီးကုန်းရွာကတော့ ထီးချိုင့်မြို့နဲ့သိပ်မဝေးဘူးပေါ့နော်။ NUG အစိုးရရဲ့ထိန်းချုပ်နယ်မြေအောက်မှာပဲရှိတယ်။ ပြီးတော့ အရင်တုန်းကလည်းလေကြောင်းတိုက်ခိုက်မှုတစ်ခါမှမလုပ်ဖူးဘူး။ ပြီးတော့ပြည်သူတွေဆိုရင်လည်း တောင်သူတွေပဲလုပ်ကြ တာများတယ်။ ပြီးတော့ ဒီရွာမှာစစ်ရှောင်တွေလည်းရှိတယ်။ ထီးချိုင့်မြို့ပေါ်ကစစ်ရှောင်တွေပေါ့။လို့ ထီးချိုင့်မြို့ကဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

မတ်လ  ရက်နေ့ နေ့လယ်  နာရီဝန်းကျင်လောက်မှာတော့ အောင်သာကုန်းရွာအနီးကို လေယာဉ်တစ်စီးနဲ့ ဗုံးနှစ်ကြိမ် ကြဲချခဲ့ပြီး ညနေ  နာရီကျော်လောက်မှာတော့ လေယာဉ်နှစ်စီးနဲ့ စပ်စားရွာ၊ နီတာရွာ အနီးတဝှိုက်ကို ဗုံးလေးကြိမ်ခန့် ကြဲချခဲ့ပြန် တယ်လို့ သိရပါတယ်။

ဒါ့အပြင် မတ်လ  ရက်နေ့ မွန်းတည့် ၁၂ နာရီ ၂၅ မိနစ်ခန့်မှာလည်း အလယ်တောကျေးရွာ တိုက်နယ်ဆေးရုံအနီးကို လေယာဉ်ဖြင့် ဗုံးနှစ်ကြိမ် ကြဲချခဲ့ပြီး အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့တည်နေရာတွေဟာ တစ်နေရာနဲ့တစ်နေရာအလှမ်းဝေးတာကြောင့် ထီးချိုင့်မြို့နယ်အနှံ့ကို ဦးတည်ပြီး စစ်ကော်မရှင်ကဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။

နေရာတွေကတော့မနီးဘူးပေါ့နော်။ ဝေးတယ်ပေါ့နော်နေရာတွေက တစ်နေရာနဲ့တစ်နေရာတော်တော်ဝေးတော့ ထီးချိုင့် မြို့နယ် အနှံ့လိုမျိုးဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာပါ။ ဒီလေကြောင်းတိုက်ခိုက်တာကလည်း ဒီဘက်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ပြည်သူတွေ ကိုပဲ ဦးတည်ပြီးတိုက်ခိုက်နေတယ်။ ဆေးရုံတွေဘုန်းကြီးကျောင်းတွေကိုပဲတိုက်ခိုက်နေတယ်။ ဒါကတော့ သူတို့ရဲ့အမြဲတမ်းလုပ် နေကျလုပ်ရပ်ပေါ့နော် အဲ့လိုပဲမြင်ပါတယ်။လို့အထက်ပါ ထီးချိုင်မြို့ခံအမျိုးသမီးကပဲဆက်ပြောပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးတစ်ပါးနဲ့ကိုယ်ရင်  ပါးအပါအဝင် စုစုပေါင်း ၁၉ ဦးအထိထိခိုက်ဒဏ်ရာရရှိ ခဲ့ပြီး ဘုန်းကြီးကျောင်း၊ သိမ်၊ ဓမ္မာရုံ၊ စပါးတိုက်တွေအပါအဝင် တိုက်နယ်ဆေးရုံကဓာတ်မှန်ခန်းနဲ့ အရပ်သားနေအိမ် ၁၀လုံး ထက်မနည်းမီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏဖြစ်ပွားနေတဲ့အတွက် ဒေသခံအချို့ဟာ နီးစပ်ရာကျေးရွာများနဲ့ တောတောင်များဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကော်မရှင်တပ်ဟာ ဒီရက်ပိုင်းအတွင်း မြန်မာပြည်တစ်ဝှမ်းကဒေသတွေအပါအဝင် စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေကိုလည်း ဆက်တိုက်လေကြောင်းအသုံးပြုတိုက်ခိုက်တာတွေဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။

ကချင်ပြည်နယ်ဝင်ပေါက်မြို့နယ်တွေဖြစ်တဲ့ ထီးချိုင့်၊ပင်လည်ဘူး၊ ကောလင်း၊ မော်လူးနဲ့ ဖောင်းပြင်မြို့နယ်တို့အပါအဝင် ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်း‌ကျေးရွာကရွှေဖောင်တွေကို ပြီးခဲ့တဲ့မတ်လရက်ပိုင်းတွေမှာပဲဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ဒီလေကြောင်းတိုက်ခိုက်မှုအားလုံးမှာ အရပ်သား ၅၀ နီးပါးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button