သတင်း

ကချင်ပြည်နယ်ဝင်ပေါက်မြို့တွေ ဗုံးကြဲတိုက်ခိုက်ခံရလို့ ဆယ်ရက်အတွင်း အရပ်သား ၂၄ ဦးသေဆုံး

ကချင်ပြည်နယ်ရဲ့ဝင်ပေါက်မြို့နယ်တွေဖြစ်တဲ့ စစ်ကိုင်းတိုင်းထဲက ပင်လည်ဘူး၊ ကောလင်း၊ ထီးချိုင့်နဲ့ မော်လူးမြို့နယ်တို့ကို စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်းမှာပဲ လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် ကိုရင်  ပါး၊ ဦးဇင်း  ပါးအပါအဝင် စုစုပေါင်းလူဦးရေ ၂၄ ဦး အထိသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မတ်လ  ရက်နေ့ ပင်လည်ဘူးမြို့နယ် လိပ္ပုတ်ကျေးရွာတိုက်ခိုက်ခံရချိန်တွင် အရပ်သား ၁၀ ဦး၊ မတ်လ  ရက်နေ့ ကောလင်း မြို့နယ် ကချင်ကုန်းရွာတိုက်ခိုက်ခံရချိန်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့်နောက်ထပ်အမျိုးသမီးတစ်ဦး၊ မတ်လ ၈၊ ၉၊ ၁၀ ရက်နေ့များတွင် ထီးချိုင်မြို့နယ်အနှံ့ရှိကျေးရွာများလေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ကိုရင်နှင့်ဦးဇင်းများအပါအဝင် ၁၂ ဦးအထိ သေဆုံးခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ  ရက်နေ့ကစလို့ မတ်လ ၁၀ ရက်နေ့အထိ စစ်ကော်မရှင်တပ်က အထက်ပါမြို့တွေကို ဆက်တိုက်လေကြောင်း အသုံးပြုဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထူးခြားချက်ကတော့ လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာတွေမှာနှစ်ဖက်လက်နက်ကိုင်တပ် တွေအကြားတစ်စုံတစ်ရာတိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ဒေသခံတွေကပြောကြပါတယ်။

ထီးချိုင့်မြို့ကတော့ မန္တလေးတိုင်းနဲ့ဆက်စပ်နေတယ်ပေါ့နော်။ မန္တလေးတိုင်းတကောင်းမှာဆိုရင် သူတို့စစ်ကြောင်းက ရောက်နေပြီ။ တကောင်းမြို့ကိုပြန်သိမ်းသွားတဲ့အခြေနေလည်းရှိတယ်။ တကောင်းပြီးရင် ထီးချိုင့်လာလိမ့် မယ်လို့ သူတို့ စစ်တပ်လော်ဘီတွေကနေကြွေးကြော်ထားတာတွေလည်းရှိတယ်။ သူတို့က ထီးချိုင့်ကိုလည်းလေကြောင်းတိုက်ခိုက်တာက လာပြီးခြိမ်းခြောက်နေတယ်လို့တော့ထင်တယ်။ မကြာခင်ထီးချိုင့်လာတော့မယ် ဆိုတဲ့ပုံစံမျိုးပေါ့။ လေကြောင်းတိုက်ခိုက် တာက ကချင်ပြည်နယ်အဝမှမဟုတ်ပါဘူး။ နေရာတိုင်းနီးပါးမှာက လေကြောင်းတိုက်ခိုက်မှုတွေသူတို့ပြုလုပ်နေကြတယ်။ ဒါကတော့ သူတို့အားသာတာက လေကြောင်းတစ်ခုပဲရှိတာ ဒါကြောင့်မို့လို့ထင်ပါတယ်။လို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့နီးစပ်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့နေရာတွေကိုလေ့လာကြည့်ရင် အရပ်သားတွေနေထိုင်ရာပတ်ဝန်းကျင်တွေဖြစ်တဲ့ ဘုန်းကြီးကျောင်း၊ ဆေးရုံနဲ့ စစ်ရှောင်တွေခိုလှုံရာအဆောက်အဦးတွေအပါအဝင် အရပ်သားပစ်မှတ်တွေကိုပဲ စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောကြပါတယ်။

တစ်ဖက်မှာ ဒီဆယ်ရက်အတွင်း စစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေအကြား ထိခိုက်ဒဏ်ရာရရှိသူကတော့ လူဦးရေ ၃၀ ဦးထက် မနည်းရှိခဲ့သလို ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ သိမ်၊ ဆေးရုံအဆောက်အဦး နဲ့ စပါးတိုက်၊ ကားတွေအပါအဝင် အရပ်သား နေအိမ်များစွာ ပျက်ဆီးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် မတ်လ ၁၀ ရက်နေ့မှာပဲ ဗန်းမော်မြို့နယ် စင်းခန်းရွာ ဧရာဝတီမြစ်ကြောင်းပေါ်က ရွှေဖောင်တွေကို စစ်ကော်မရှင်က လေကြောင်းကနေဂျက်ဖိုက်တာ  စင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့သေးပြီး သေဆုံးတဲ့လူဦးရေ ၃၀ ခန့်ရှိတယ်လို့သိရပေမဲ့ ရုပ်အလောင်း တွေကတော့ပျောက်ဆုံးနေဆဲလို့သိရပါတယ်။

စစ်ကိုင်းနဲ့ကချင်အစပ်ဒေသက ဒေသခံတွေကတော့  ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းလေကြောင်းတိုက်ခိုက်မှုတွေဟာ ထီးချိုင့်မြို့ ကိုဦးတည်နေတဲ့ အခြေနေဖြစ်နိုင်တယ်လို့ ခန့်မှန်းသုံးသပ်နေကြပါတယ်။

ကျနော့အထင် တကောင်းရောက်နေတဲ့ကောင်တွေက ထီးချိုင့်အထိလာမယ်ကြားတယ်။ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ နေရာတွေကလည်း ဆေးရုံနဲ့အရပ်သားနေရာတွေကြီးပဲ။ သတင်းမှားရလို့ပဲလား သေချာလုပ်တာလားတော့မသိဘူး။ အကယ်၍ ထီးချိုင့်ရောက်ရင်တော့ စိုးမိုးနယ်မြေတွေဘက်ကို စစ်ကြောင်းထိုးနိုင်တယ်ဗျ။ အဲ့ကျရင်တော့အခုထပ်ပိုပြီး အရပ်သားပစ်မှတ် တွေပိုများလာမယ်ထင်တယ်။လို့နောက်ထပ် စစ်ကိုင်းနဲ့ကချင်အစပ်ဒေသက စစ်ရေးအခြေနေသိရှိတဲ့ ဒေသခံအမျိုးသားတစ်ဦးကဆက်ပြောပါတယ်။

တစ်ဖက်မှာ စစ်ကိုင်းနဲ့ကချင်အစပ်ဒေသက တော်လှန်ရေးအင်အားစုတွေဘက်ကတော့ လက်တလောစစ်ကော်မရှင်က အရပ်သား ပစ်မှတ်တွေကိုဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှုတွေရှိနေတဲ့အတွက် လေကြောင်းအန္တရာယ်ကိုအထူးဂရုစိုက်ကြဖို့ထုတ်ပြန်ချက်တွေ ထုတ်ပြီးသတိပေးထားပါတယ်။

စစ်ကော်မရှင်တပ်ဟာ အာဏာသိမ်းပြီး  နှစ်ကျော်အကြာအထိ နိုင်ငံတစ်ဝှမ်းလေကြောင်းတိုက်ခိုက်မှုတွေကျူးလွန်တာ လျော့နည်းသွားခြင်းမရှိဘဲ ၂၀၂၅ ခုနှစ်အတွင်းပြုစုထားတဲ့စာရင်းတွေအရ နိုင်ငံတစ်ဝှမ်းလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရပ်သား ၂၃၀၀ ကျော်ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG က သတင်းထုတ်ပြန်ထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button