သတင်း

ပူတာအိုမှာ ၁၂ တန်းကျောင်းသူနှစ်ဦး ကားတိုက်ခံရ

ကချင်ပြည်နယ် ပူတာအိုမြို့မှာ စာမေးပွဲဖြေပြီးပြန်လာတဲ့ကျောင်းသူနှစ်ဦး ကာတိုက်ခံရပြီး အခြေနေစိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရပါတယ်။

မတ်လ ၁၇ ရက်နေ့ မနေ့ညနေပိုင်း  နာရီခွဲဝန်းကျင် ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်ရှိ အထက်တန်းကျောင်းမှာ ၁၂ တန်းစာမေးပွဲဖြေပြီး အိမ်ပြန်လာတဲ့ကျောင်းသူနှစ်ဦးကို အိမ်စီးကားတစ်စီးက ဝင်တိုက်ခဲ့ကြောင်း ပူတာအိုမြို့ခံအမျိူးသားတစ်ဦးကKNG ကိုပြောပါတယ်။

ကားက ညာလမ်းကနေလာတာ ကျောင်းသူမ နှစ်ယောက်က ဘယ်လမ်းဘက်မှာ ဆိုင်ကယ်စီးပြီးလာနေတဲ့အချိန် ကားအရှိန်ပြင်းပြင်းနဲ့ မူမှန်ပဲမောင်းနေတော့ကြောက်ပြီး လမ်းဘေးမှာဆိုင်ကယ်ကိုရပ်ထားလိုက်တာဆက်မသွားဘူး။ အဲ့ရပ်ထားတာကိုမှကားသမားကမူးတော့ဝင်တိုက်မိတာ”လို့ မျက်မြင်တွေ့ခဲ့တဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ လုံးစွပ်ရပ်ကွက် နဲ့ ကောင်ကထောင်ရပ်ကွက်ကြားက ဇေယျာမင်းဆီပန့်ဆိုင်ရှေ့ ရှိလုံးစွတ်ချောင်းအနီးမှာဖြစ်သွားတာလို့သိရပြီး ကျောင်းသူနှစ်ဦးကို အရေးပေါ်ဆေးရုံတင်ထားကြောင်းသူကဆက်ပြောပါတယ်။

ကလေးမနှစ်ယောက်ကရပ်ထားတယ်ဆိုပေမယ့် ကားက အရှိန်ပြင်းတော့ လွင့်ထွက်သွားတာ နှစ်ယောက်စလုံး ဆိုင်ကယ်လည်းအကုန်ကျိုးပဲ့သွားတာလူကတော့စိုးရိမ်ရတယ်။ အခြေနေကဆိုးတော့ ချက်ချင်းတော့ဆေးရုံတင်ပေးကြတယ် ကားကတော့ တံတားအောက် ချိုင့်ခွက်ထဲကျသွားတာ ကားလည်းရှေ့ခြမ်းရစရာမရှိအောင်ဖြစ်သွားတယ်”လို့ သူကဆက်ပြောပါတယ်။

ကျောင်းသူမနှစ်ဦး 125 ဆိုင်ကယ်စီးလာတာဖြစ်ပြီး ကား(Honda Fit)တစ်စီးကအရှိန်ပြင်းပြီးမူမမှန်ပဲ မောင်းနေတာကိုတွေ့ရတာကြောင့်ကြောက်လန့်ပြီးရပ်ထားစဥ်ဝင်တိုက်ခံရတာလို့သိရပါတယ်။

ကားမောင်းသူကတော့ အသက် ၂၀ အရွယ် ယောကျာ်းလေးတစ်ဦးဖြစ်ပြီး ဆိုင်ကယ်ဝပ်လျော့တစ်ခုမှာအလုပ်လုပ်ကိုင်နေသူဖြစ်တယ်လို့ သိရပါတယ်။ ဒဏ်ရာသိပ်မပြင်းထန်တဲ့အတွက် ရဲစခန်းကိုတန်းခေါ်သွားကြတယ်လို့ ဒေသခံတွေပြောပါတယ်။ 

ကားတိုက်ခံရတဲ့ကျောင်းသူမ နှစ်ဦးရဲ့ အမည်နဲ့နေရပ်လိပ်စာကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။

ပူတာအိုမြိုဟာ ခရိုင်အဆင့်မြို့ဆိုပေမယ့် မြို့တွင်းလမ်းမကြီး ကျဥ်းမြောင်းတာ၊ ဒေသခံတွေ ယာဥ်အသိပညာနည်းပါးတာ၊ အရက်မူးလွန်ပြီး ကား/ဆိုင်ကယ် မောင်းနင်မှုတွေကြောင့် ယာဥ်တိုက်မှုတွေမကြာခနဖြစ်ပွားလျက်ရှိပြီး ယခုနှစ် ဇန်နဝါရီ လကနေ မတ်လ အထိ ယာဥ်တိုက်မှုကြောင့် သေဆုံးသူ နှစ်ဦးအထိရှိပြီလို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button