ငှက်ပျောလုပ်သားတစ်ဦး ကြိုးဆွဲချသေဆုံး

ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ငှက်ပျောလုပ်သားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေထံကနေ သိရပါတယ်။

အခင်းဖြစ်ချိန်ဟာ ဇွန်လ ၂၀ ရက်နေ့   နာရီဝန်းကျင်လို့ခန့်မှန်းကြပေမယ့် ရုပ်အလောင်းကိုတော့ ဇွန်လ ၂၂ ရက်  ညနေပိုင်းမှာမှ လူမှုကယ်ဆယ်ရေးအသင်းတွေကနေပြီးတော့ သယ်ယူသွားကြတာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ခုလိုပြောပြပါတယ်။

သူက ထိုင်နေတာတော့ မဟုတ်ဘူး အပေါ်မှာ ပုဆိုးနဲ့လုပ်ထးတဲ့ကြိုးကွင်းရှိတယ်။ အဲဒီပုဆိုးကွင်းကနေ သူ့ကို ဖြုတ်ချလိုက်ကြတာဟုတ်တယ်လို့ ဆိုပါတယ်။

ငှက်ပျောခြံမှာ တစ်ခြားအလုပ်သမားတွေ ရှိနေပေမယ့် အိပ်တဲ့နေရာမှာတော့ သူတစ်ဦးတည်းသာ အိပ်တာဖြစ်တဲ့အတွက် အနီးနားက လူတွေသတိမထားမိကြတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

PSA

သေဆုံးရတဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီးတော့ ကိုယ်ရေးကိုယ်တာ အဆင်မပြေမှုတွေကြောင့် ကိုယ့်ကိုယ်ကို သတ်သေသွားတယ်လို့သာ ကောက်ချက်ချထားတယ်လို့ သိရပါတယ်။

သေဆုံးသူဟာ အသက် ၃၇ နှစ်အရွယ် ခတ်ချိုကျေးရွာ ဗောဓိကုန်းနေ ဦးဌေးအောင်ဆိုသူဖြစ်ပြီး အသက် ၁၀ နှစ်ဝန်းကျင်အရွယ် ကလေးငယ်တစ်ဦးလည်းရှိပြီး အမျိုးသမီးဖြစ်သူဟာ ထိုင်းမှာအလုပ်သွားလုပ်နေတာလို့ သိရပါတယ်။

ဝိုင်းမော်မြို့နယ်တွင်း ငှက်ပျောခြံတွေမှာ ဝိုင်းမော်ဒေသခံတွေသာမက နေရာဒေသအသီးသီးက လာရောက်အလုပ်လုပ်ကိုင်သူတွေလည်း အများအပြားရှိနေတာ ဖြစ်ပါတယ်။

အဲဒီထဲမှာမှ  မူးယစ်ဆေးသုံးစွဲပြီး လမ်းဘေးမှာ ပိုင်ရှင်မဲ့အနေနဲ့ သေဆုံးသွားသူတွေ ရှိသလို၊ စိတ်ကျရောဂါကြောင့် ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ဖြစ်စဉ်တွေ မကြာခနရှိနေတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် သောက်စားရင်း အချင်းချင်း စကားများရာကနေ ဓား၊ တုတ်တွေနဲ့ ရန်ဖြစ်ရင်း သေဆုံးသွားသူတွေလည်း ရှိပါတယ်။

By – Hope

Show More

Leave a Reply

Back to top button