ဖားကန့်မှာ ၃ ရက်ကြာလာတဲ့အထိ ရေဘေးဆက်ကြုံနေရ

နန်တိန့်ကားလမ်းပိုင်းမှာ ကုန်တင်ကားတစ်ချို့ပိတ်ဆို့နေ

ဖားကန့်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြို့ပေါ် ရပ်ကွက် ()ခုစလုံးမှာ ရေကြီးရေလျှံဖြစ်နေတာ ၃ ရက်ခန့်ကြာမြင့်လာပေမယ့် ရေမကျသေးတာကြောင့် ပြည်သူတွေရေဘေးဒဏ်ကို ဆက်ပြီးကြုံတွေ့နေရဆဲဖြစ်တယ်လို့ သိရပါတယ်။

ဥရုချောင်းရေကြီးမှုကြောင့် အေးမြသာယာ၊ ငှက်ပျောတော၊ မြို့မကျောက်ဝိုင်း၊ မှော်ဝမ်းနဲ့ မရှီကထောင် စတဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ ဇွန်လ ၂၁ ရက်နေ့ကစပြီး ရေဝင်ရောက်ခဲ့ရာ ပြည်သူတွေဟာ ဒီကနေ့အထိ ရေဘေးကြုံတွေ့နေရဆဲဖြစ်တယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ရေတွေကမကျသေးဘူး မနေ့ညနေအထိတော့ မိုးကျဲသွားတယ်။ ဒါပေမယ့် ညပိုင်းကနေ မိုးကထပ်ရွာပြန်တော့ ဒီကနေ့အထိ ရွာနေတုန်းပါပဲ။ ရေကအများကြီးမကျနိုင်ဘူးဖြစ်နေတယ်။ အခုလို မိုးဆက်တာများတော့ ပြည်သူတွေက စားဝတန်နေရေးအခက်အခဲက တော်တော်လည်းဖြစ်နေပြီ။ စျေးသွားဖိုပတောင်မလွယ်ဘူး။ ပြီးရင် ကြာလာရင်တော့ ကျန်းမာရေးကစ္စတွေပါဖြစ်လာမှာ စိုးရိမ်နေရတယ်လို့ပြောပါတယ်။

မြို့ပေါ် ရပ်ကွက်အတွင်းနေထိုင်တဲ့ ပြည်သူတွေ ရေဘေးဒဏ်ကို ကြုံတွေ့နေရတာကြောင့် သွားလာရေးအခက်အခဲ၊ စားဝတ်နေရေးအခက်အခဲ အဓိကကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ရေဘေးကြုံနေရတဲ့ ပြည်သူတစ်ချို့လည်း ဘုန်းကြီးကျောင်းနဲ့ ဘာသာရေးကျောင်းတွေမှာ ဆက်ပြီးရှိနေကြပြီးတော့ လူမှုကူညီရေးအသင်းအဖွဲ့တွေက ထမင်းထုပ်တွေကို သွားရောက်ပို့ဆောင်ပေးနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိရေဘေးကြုံတွေ့နေရတဲ့ပြည်သူတွေကို လူမှုကူညီရေးအဖွဲ့တွေကသာ ဦးဆောင်ကူညီပေးနေပြီး စစ်အစိုးရအဖွဲ့က တစ်စုံတစ်ရာတုန့်ပြန်မှုမရှိသေးဘူးလို့လည်းသိရပါတယ်။

PSA

ဖားကန့်မှာ ရေကြီးပြီး ပြည်သူတွေ ကျေးရွာတစ်ခုမှ တစ်ခုကို ဆင့်ကူသွားလာဖို့ ခက်ခဲနေသေးတဲ့အခြေအနေနဲ့ ပတ်သက်ပြီး နောက်ထပ် ဖားကန့် ပြည်သူအမျိုးသားတစ်ဦးကရေကြီးနေတဲ့ အခြေအနေမှာ ဖားကန့် ကနေ အေးမြသာယာကို သွားဖို့တောင်ခက်ခဲနေပါတယ်။ စျေးသွားစျေးပြန်၊ ကျောင်းသားတွေ ကျောင်းသွား ကျောင်းပြန် ခက်ခဲနေကြပါတယ်။ မြို့တွင်းဆိုပေမယ့် တစ်ချို့နေရာမှာလည်း ရေမနစ်ဘူး။ အဆိုးဆုံးဖြစ်နေတာက မော်ဝမ်းရပ်ကွက်မှာက တော်တော်လေးဆိုးရွားပြီဖြစ်နေတာပေါ့လို့ပြောပါတယ်။

ဒီကနေ့ ဇွန်လ ၂၄ ရက်နေ့မှာ မြို့တွင်းရေကြီးရေလျှံဖြစ်တဲ့ ရပ်ကွက် ()ခုထဲမှာ မရှီကထောင်၊ အေးမြသာယာ စတဲ့ကျေးရွာတွေက ရေအနည်းလျော့ကျသွားပြီလို့သိရပါတယ်။

နောက်ပြီး ဖားကန့်ကားမိုင်းလမ်းပိုင်းမှာလည်း နန့်ယားနဲ့ နန့်တိန့် ကျေးရွာတစ်ဝိုက်မှာ ကားလမ်းပိုင်းဆိုးရွာစွာပျက်စီးနေတာကြောင့် ကုန်တင်ကားတွေ အစီး ၁၀၀ ကျော်ခန့် ပိတ်ဆို့နေတယ်လို့ ဆက်ပြီး သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်ကျော်ကတည်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန့်တိန့်ကျေးရွာမှာ ချောင်းရေကြီးတဲ့အပြင် ကားလမ်းပိုင်းနေရာမှာ ဂျိုင့်ခွက်ဖြစ်ပြီး ကုန်ကားကြီးတွေသွားလာဖို့ အခက်အခဲကြုံတွေ့နေရတာဖြစ်ပါတယ်။

လက်ရှိလမ်းပိုင်းပျက်စီးတဲ့ အဆိုးဆုံးနေရာက နန့်တိန့်နဲ့ တံတားညီနောင် ကျေးရွာတစ်လျှောက်မှာဖြစ်ပြီး နန့်တိန့်ကျေးရွာမှာက ကုန်ကားတွေကို ဆင်နဲ့ ဆွဲပြီး သွားလာဖြတ်ကူးနေရတာဖြစ်တယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။

နန့်တိန့်ကျေးရွာထဲ လမ်းပိုင်းပျက်စီးနေတဲ့ အခြေအနေမှာ KIA သိမ်းပိုက်ထားချိန် လမ်းပိုင်းပြုပြင်ဖို့ လမ်းနေရာတစ်ချို့ကို ထိုးကလော်ထားရာကနေ လမ်းပိုင်းပိုပြီး ပျက်စီးနေတာဖြစ်တယ်လို့ သိရပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button