ကွတ်ခိုင်မြို့ရှိ စာသင်ကျောင်းတွေမှာ သင်ကြားမှုအချိန်ဇယားနှင့် ဘာသာရပ်ပြောင်းလဲမှုများကြောင့် စိန်ခေါ်မှုများရှိနေ

ရှမ်းမြောက် ကွတ်ခိုင်မှာ ပညာသင်ကြားတဲ့စနစ် မကြာခဏပြောင်းလဲနေမှုကြောင့် ကျောင်းသား၊သူများအတွက် စာသင်ယူရာမှာ စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရကြောင်း သိရပါတယ်။

လက်ရှိ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကိုယ်ပိုင်ကျောင်းများနဲ့ အစိုးရကျောင်းတွေမှာ မနက်ပိုင်းကို တရုတ်ဘာသာကို အဓိကသင်ပြီး၊ ညနေပိုင်းမှာ တစ်ခြားဘာသာရပ်တွေကို သင်ကြားတဲ့ စနစ်နဲ့ ကျောင်းတွေပြန်လည်ဖွင့်လှစ်နေပြီလို့ ကျောင်းသားမိဘတွေပြောပါတယ်။

ခုလို ကျောင်းတက်ချိန်၊ သင်ကြားတဲ့ဘာသာရပ်နဲ့ သင်ကြားမှုပုံစံတွေ ပြောင်းလဲနေတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေအတွက် သင်ယူမှုဆိုင်ရာ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

ကွတ်ခိုင်ရပ်မိရပ်ဖတစ်ဦးကတော့ အရင် TNLA အောက်က ပညာရေးကျောင်းတွေ အားလုံး ရုပ်သိမ်းခဲ့ပြီး အခုတော့ ကိုးကန့်ပညာရေးအောက်မှာ ကျောင်းတွေ ပြန်ဖွင့်နေပါတယ်။ လက်ရှိမှာတော့ မနက်ပိုင်းတစ်ဝက်လုံးကို တရုတ်ဘာသာအတွက် သင်ကြားပြီးမှ နေ့လည်  နာရီကစပြီး သင်ရိုးဘာသာရပ်တွေကို သင်ကြားတဲ့ စနစ်ဖြစ်ပါတယ်။ ကိုယ်ပိုင်ကျောင်းတွေလည်း ဒီညွှန်ကြားချက်အတိုင်းပဲ ဖွင့်ရပါတယ်။ ကျောင်းတက်အချိန်ဇယားတွေ ပြောင်းလဲသွားတာကြောင့် ကလေးတွေမှာ စိတ်အကူးအပြောင်းတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ ကွတ်ခိုင်မြို့တွင်း ပညာရေးကျောင်းတွေကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သင်ကြားနေပြီး အစိုးရကျောင်းတွေနဲ့ ကိုယ်ပိုင်ကျောင်းတွေဟာ ကိုးကန့် MNDAA စီမံတဲ့ ပညာရေးစနစ်အောက်မှာ လည်ပတ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ယခင်နှစ်တွေမှာတော့ တရုတ်ဘာသာကို မနက်  နာရီဝန်းကျင်ကစပြီး သင်ကြားခဲ့ကြပေမယ့် လက်ရှိမှာတော့ မနက်  နာရီကနေ ၁၂ နာရီအထိ တရုတ်ဘာသာကို အဓိကသင်ကြားတဲ့ အချိန်ဇယားသစ်ကို သတ်မှတ်ထားတယ်လို့ သိရပါတယ်။

PSA

နောက်ထပ် ပုံမှန်ကျောင်းတက်ချိန်ဟာ မနက်  နာရီကနေ ညနေ  နာရီအထိ ဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ မနက်ပိုင်း တရုတ်ဘာသာသင်ကြားပြီးနောက် ကျန်တဲ့ဘာသာရပ်တွေကို နေ့လည်  နာရီကနေ ညနေ  နာရီအထိ ပြောင်းလဲသင်ကြားနေတယ်လို့ ဆိုပါတယ်။

ဒီလိုအပြောင်းအလဲကြောင့် တစ်ချို့ကျောင်းသားတွေမှာ ကျောင်းပြောင်းရွှေ့တက်ရောက်ရတဲ့ အခြေအနေတွေလည်း ရှိလာတယ်လို့ မိဘတွေက ပြောပါတယ်။

ထို့အပြင် အုပ်ချုပ်မှုစနစ်အပြောင်းအလဲတွေနဲ့အတူ ဆရာ၊ ဆရာမတွေ မကြာခဏ ပြောင်းလဲနေတဲ့အတွက်လည်း ပညာရေးဆိုင်ရာ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ကလေးတွေက လက်ရှိနိုင်ငံရေးအခြေအနေကြားမှာ တော်တော်ခက်ခဲနေပါတယ်။ စနစ်တွေကလည်း တစ်နှစ်ပြီးတစ်နှစ် ပြောင်းလဲနေတော့ အချိန်ဇယားတွေ၊ ဆရာဆရာမတွေပါ ပြောင်းလဲနေပြီး စိန်ခေါ်မှုတွေ ရှိနေပါတယ်။ အသင်းတော်အခြေပြုကျောင်းတွေမှာတော့ ပုံမှန်အတိုင်း သင်ကြားနေသော်လည်း အစိုးရကျောင်းတွေမှာတော့ အပြောင်းအလဲတွေကြား ပိုပြီးခက်ခဲနေတယ်လို့ မြင်ပါတယ် လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ကွတ်ခိုင်မြို့အတွင်း အစိုးရကျောင်းတွေနဲ့ ကိုယ်ပိုင်ကျောင်းတွေဟာ ကိုးကန့် MNDAA စီမံမှုအောက်မှာ လည်ပတ်နေပြီး အသင်းတော်အခြေပြုကျောင်းတွေကတော့ ပုံမှန်အတိုင်း ဖွင့်လှစ်သင်ကြားနေတယ်လို့ သိရပါတယ်။

ကွတ်ခိုင်မြို့မှာတော့ ကိုယ်ပိုင်ကျောင်း၊ အစိုးရကျောင်းနဲ့ အသင်းတော်အခြေပြုကျောင်းတွေအပါအဝင် ကျောင်းပေါင်း ၁၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။

ကွတ်ခိုင်မြို့ကို ၂၀၂၅ ခုနှစ်အထိ PSLF/TNLA ထိန်းချုပ်မှုအောက်မှာ လည်ပတ်ခဲ့ပေမယ့် ၂၀၂၆ ခုနှစ် မတ်လမှာ TNLA နဲ့ ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ကိုးကန့် MNDAA တပ်ဖွဲ့က ထိန်းချုပ်လိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ ကွတ်ခိုင်မြို့နယ်အတွင်း ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေကို ကိုးကန့် MNDAA က အဓိက ကိုင်တွယ်နေပြီး အုပ်ချုပ်ရေးကဏ္ဍတချို့မှာတော့ ယခင်အစိုးရဝန်ထမ်းတချို့လည်း ပူးပေါင်းလုပ်ဆောင်နေတာကို တွေ့ရတယ်လို့ သိရပါတယ်။

ထို့အပြင် ကွတ်ခိုင်မြို့ကို MNDAA က ထိန်းချုပ်ပြီးနောက်ပိုင်းမှာ ဒေသခံပြည်သူတွေ၊ ရပ်မိရပ်ဖတွေနဲ့ အဖွဲ့အစည်းတွေကို ခေါ်ယူပြီး အုပ်ချုပ်ရေးဆိုင်ရာ အစီအစဉ်တွေကို ရှင်းလင်းမိတ်ဆက်တဲ့ စည်းဝေးမှုတွေ မရှိသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

By – ဂျာဘောက်ရာ

Show More

Leave a Reply

Back to top button