စစ်သင်္ဘောအုပ်စုထဲက ၇ စီး ဗန်းမော်ကမ်းကပ်ရောက်ရှိ

မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ရွှေကူမြို့ကိုဖြတ်ပြီး ဗန်းမော်ဘက် ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုထဲက တိုက်ခိုက်ရေးသင်္ဘော  စီးနဲ့ ကုန်တင်သင်္ဘော  စီး၊ စုစုပေါင်း  စီးဟာ ဗန်းမော်မြို့ကို ကမ်းကပ်ရောက်ရှိနေပြီလို့ ဗန်းမော်ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဲဒီသင်္ဘောတွေထဲက ဒေသအခေါ် “သံခွန်” လို့ခေါ်တဲ့ ကုန်တင်သင်္ဘောတွေမှာ ကုန်ပစ္စည်းတွေအပြင် သင်္ဘောပတ်လည်ကို သဲအိတ်တွေနဲ့ အကာအကွယ်ပြုလုပ်ပြီး လူအင်အားတွေ တင်ဆောင်လာတာများတယ်လို့ အဲဒီကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆိုပါတယ်။ 

ဗန်းမော်ကို ကပ်ပြီနော်  စီး။ တိုက်သင်္ဘော  စီးနဲ့ သံခွန်က  စီး၊  စီးရောက်သွားတာ။ သံခွန်ကတော့ ကုန်တွေတင်တာထက်စာရင် ပတ်ပတ်လည် သဲအိတ်ကာပြီးတော့ လူအင်အားတင်တာများတယ်။ ပြီးရင် ကုန်ပစ္စည်းတင်တယ်။ လောင်စာဆီတွေ တင်တယ်လို့ သူက ပြောပါတယ်။

လက်ရှိရောက်ရှိလာတဲ့ သင်္ဘော  စီးရဲ့ အင်အားဟာ ပြီးခဲ့တဲ့နှစ်က ဗန်းမော်ဘက်ကို ဆန်တက်လာခဲ့တဲ့ စစ်သင်္ဘောအုပ်စုထက် နည်းပါးပေမယ့် အင်အားလုံးဝနည်းသွားတယ်လို့ ပြောလို့မရဘဲ ဗန်းမော်စစ်မျက်နှာပြင်အခြေအနေမှာ အပြောင်းအလဲတချို့ ဖြစ်လာနိုင်တယ်လို့ အဆိုပါကာကွယ်ရေးတပ်ဖွဲ့ဝင်က သုံးသပ်ပါတယ်။

အခုတော့ ဒီလိုဖြစ်လာနိုင်တယ်။ ဒီသင်္ဘောတွေက ဗန်းမော်ဘက်ကို ရောက်ပြီဆိုတော့  စီးရဲ့အင်အားကလည်း မနှစ်ကထက်စာရင် နည်းတယ်ဆိုပေမဲ့  စီးရဲ့အင်အားက လုံးဝကြီးနည်းသွားတယ်လို့လည်း ပြောလို့မရဘူး။ ဒီအကြောင်းအရင်းနဲ့ပတ်သက်ပြီးတော့ ဗန်းမော်စစ်မျက်နှာပြင်က နည်းနည်းတော့ အခြေအနေပြောင်းလဲနိုင်တယ်လို့တော့ ပြောလို့ရတယ်ဗျလို့ သူက စစ်သင်္ဘောရောက်ပြီးတဲ့နောက် ဗန်းမော်စစ်ရေးမှာ ဖြစ်လာနိုင်တဲ့အခြေအနေကို သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဗန်းမော်ဘက်ကို ဆန်တက်လာခဲ့တဲ့ စစ်သင်္ဘောအုပ်စုမှာတော့ ဖလက်သံခွန်တွေအပါအဝင် သင်္ဘောအစီးရေ ၁၃ စီးခန့် ရှိခဲ့တယ်လို့ အဆိုပါကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

မနှစ်ကတော့ သင်္ဘောတက်ပြီဆိုတာနဲ့ ဖလက်သံခွန်တွေကတော့ များတာပေါ့။ မနှစ်ကရောက်တဲ့ အစီးရေက ၁၃ စီးလောက် ရှိလိမ့်မယ်လို့ အထက်ဖော်ပြပါ သတင်းရင်းမြစ်က ပြောပါတယ်။

အခု စစ်သင်္ဘောအုပ်စုဟာ ဗန်းမော်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအတွက် လက်နက်နဲ့ ရိက္ခာတွေကို သယ်ဆောင်လာတာဖြစ်နိုင်ပြီး လေယာဉ်နဲ့ သယ်ယူဖို့မလွယ်ကူတဲ့ ပစ္စည်းတွေ ပါဝင်နိုင်တယ်လို့ စစ်ရေးအတွင်း သိရှိသူတစ်ဦးက ပြောပါတယ်။

ဗန်းမော်က စစ်သားတွေအတွက် လက်နက်ရိက္ခာတွေ သယ်တာ တစ်နှစ်စာပေါ့။ လေယာဉ်နဲ့ တင်မရတဲ့ ပစ္စည်းတွေအများဆုံး ပါမယ်။ သင်္ဘောက တစ်နှစ်တစ်ခေါက်ပဲ တက်တာဆိုတော့လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

အခုလို စစ်သင်္ဘော  စီး ဗန်းမော်မြို့အထိ ရောက်ရှိလာပေမယ့် သင်္ဘောတွေပေါ်မှာ ပါဝင်လာသူတွေနဲ့ သယ်ဆောင်လာတဲ့ ပစ္စည်းအမျိုးအစား၊ ပမာဏတွေကိုတော့ KNG အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒါ့အပြင် အခုသင်္ဘောအုပ်စုမှာ ဗန်းမော်ရှိ ဝန်ထမ်းတွေကို လူစားလဲဖို့ ဝန်ထမ်းမိသားစုတွေနဲ့ ခရိုင်မှူး၊ မြို့နယ်မှူးတွေ ပါဝင်လာတယ်လို့လည်း အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။

အဆိုပါ စစ်သင်္ဘောအုပ်စုဟာ ဩဂုတ်လ ၂၁ ရက်က မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ စတင်ထွက်ခွာလာပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်နယ်ဘက်ကို ဆန်တက်လာခဲ့တာ ဖြစ်ပါတယ်။

ရွှေကူမြို့အထိ ရောက်ရှိလာချိန်မှာ စစ်သင်္ဘောအုပ်စုထဲက ရေယာဉ်တချို့ကို တော်လှန်ရေးအင်အားစုတွေဘက်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး သင်္ဘောတချို့ မီးလောင်ပျက်စီးတာ၊ နစ်မြုပ်တာတွေ ရှိခဲ့တယ်လို့ အရင်က KNG ကို ပြောထားတဲ့ ဒေသခံနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

ပျက်စီးခဲ့တဲ့ သင်္ဘောအများစုဟာ ဒေသအခေါ် “သံခွန်” လို့ခေါ်တဲ့ ကုန်တင်သင်္ဘောတွေဖြစ်ပြီး ရွှေကူမှာလည်း သံခွန်တစ်စီးနဲ့ ဘေးတွန်းသင်္ဘော  စီး ကျန်ရစ်ခဲ့တယ်လို့ ဗန်းမော်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

တိုက်ခိုက်ခံရလို့ ပျက်စီးသွားတဲ့ သင်္ဘောအများစုကတော့ သံခွန်တွေပါ။ ဒေသအခေါ်ကတော့ သံခွန်လို့ခေါ်တာပေါ့လေ။ ကုန်တင်တဲ့သင်္ဘောပေါ့လေ။ ရွှေကူမှာကျန်ခဲ့တာကလည်း သံခွန်ရယ်၊ ဘေးတွန်းသင်္ဘော  စီးရယ်ပဲ ကျန်တာလို့ သူက ပြောပါတယ်။

ဒါ့အပြင် စစ်သင်္ဘောအုပ်စု ဗန်းမော်ဘက် ဆက်လက်ဆန်တက်နေစဉ် တိုက်ခိုက်ခံရတဲ့ ရေယာဉ်တချို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင်ပြီး လက်နက်ချလာတဲ့ စစ်သုံ့ပန်း ရာနဲ့ချီရှိတယ်လို့ သိရပါတယ်။

အဲဒီစစ်သုံ့ပန်းတွေနဲ့အတူ တွေ့ရတဲ့ထဲမှာ စစ်သုံ့ပန်းတွေ၊ စစ်သင်္ဘောဝန်ထမ်းတွေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေပါ ပါဝင်လာတယ်လို့ သိရပါတယ်။

ရွှေကူမြို့မှာ စစ်သင်္ဘောအုပ်စုကို ဒရုန်းနဲ့ တိုက်ခိုက်မှုတွေ ရှိနေချိန် တစ်ဖက်မှာလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အခု စစ်သင်္ဘော  စီး ဗန်းမော်အထိ ရောက်ရှိလာတာကြောင့် စစ်သင်္ဘောအုပ်စုရဲ့ လက်နက်၊ ရိက္ခာနဲ့ လူအင်အား ဖြည့်တင်းမှုဟာ ဗန်းမော်စစ်မျက်နှာပြင်အပေါ် ဘယ်လောက်အထိ သက်ရောက်မှုရှိလာမလဲဆိုတာ စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်လာပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button