KIO ဌာနချုပ် နယ်မြေသို့ အာဏာသိမ်းစစ်တပ်က လက်နက်ကြီး ပစ်ခတ်

အာဏာသိမ်းစစ်တပ်က ကချင်လွတ်လပ်ရေးတပ်မတော် KIO ဗဟိုဌာနချုပ်နယ်မြေသို့ ဧပြီလ ၈ ရက်ညက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“၈နာရီလောက်မှာ ဒေါ့ဖုန်းယန် Hkang Kai Bum က စစ်တပ်ကလည်းပစ်တယ်။ နောက်ပြီး Hpun Pyen Bum ကသူတွေလည်း ပစ်တယ်။ နေရာအလိုက်ဆိုင်ရင် ၁၀နေရာလောက်မှာ လက်နက်ကြီးတွေ ပစ်တယ်လို့ ပြောလို့ရတယ်”ဟု KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး ဦးနော်ဘူက ပြောဆိုသည်။

ယမန်နေ့ည ပစ်ခတ်မှုမှာ လိုင်ဇာမြို့အထိ ကြားနေရကြောင်း ဒေသခံများပြောသည်။

ထို့အပြင် KIO ဌာနချုပ်နယ်မြေသို့ အာဏာသိမ်းစစ်တပ်က အင်အားတိုးချဲ့လာနေကြောင်း သိရသည်။

Show More
Back to top button