စစ်အင်အားသယ်လာသည့် သင်္ဘောတစ်စီး ရွှေကူ ဒုတိယမြစ်ကျဉ်းတွင် ထပ်မံ ပစ်ခတ်ခံရ။

အာဏာသိမ်းစစ်တပ်၏ စစ်အင်အား ၅၀ ခန့် သယ်ဆောင်လာသော သင်္ဘောတစ်စီးကို မေလ ၁၆ရက် ယနေ့နံနက် ၆နာရီဝန်းကျင်ခန့် ရွှေကူမြို့ ဒုတိယမြစ်ကျဉ်းတွင် ထပ်မံပစ်ခတ်ခံရကြောင်း အမည်မဖော်လိုတစ်ဦးထံမှ သိရသည်။

“ရွှေကူကနေ ထွက်သွားတာတော့ နှစ်စီးဟုတ်တယ်။ တစ်စီးက RPG နဲ့ပစ်ခံရတယ်လို့ ကြားတယ်။”ဆိုပြီး အမည်မဖော်လို တစ်ဦးကပြောသည်။

ယနေ့နံနက် ရွှေကူ ပေါက်တန်းနှင့် ပင်လုံ အမည်ရှိ သင်္ဘောနှစ်စီး ထွက်ခွာခဲ့ပြီး စစ်သား ၅၀ဦး လက်နက် ခဲယမ်းပါဝင်သည့် ပင်လုံအမည်ရှိသင်္ဘောအပစ်ခံရပြီး ကျန်တစ်စီးအခြေအနေ မသိရသေးကြောင်း ၎င်းကဆက်ပြောသည်။

“အသေအပျောက်တော့ မသိရသေးဘူး အဲ RPG ပစ်ခံရတော့ သင်္ဘောကနေလည်း ဒီဘက်ကိုပြန်လှမ်းပစ်တယ်ကြားတယ်။” ဟု အမည်မဖော်လိုတစ်ဦးကပြောသည်။

ယခုရက်ပိုင်း ရွှေကူမြစ်ကြောင်းဘက်တွင် စစ်ကောင်စီ သင်္ဘောများ မကြာခဏပစ်ခတ်ခံနေရပြီး သင်္ဘောမှ ရိက္ခာသယ်ယူသည့် ကားများလည်း အပစ်ခံခဲ့ရသည်။

Show More
Back to top button