-
Oct- 2024 -12 Octoberတိုက်ပွဲ
ပန်ဝါမြို့အနီး ၁၀၀၂ တပ်ရင်းမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းနဲ့ထပ်မံပစ်ခတ်နေ
ပန်ဝါမြို့စောင့်တပ်ဖြစ်တဲ့ လောက်ပြေကျေးရွာ ၁၀၀၂ တပ်ရင်းမှာ…
Read More » -
11 Octoberသတင်း
မုံးပေါ်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် သုသာန်မြေနေရာကို ကိုးကန့်တပ်သိမ်းယူဖို့ကြိုးပမ်းနေ
ရှမ်းမြောက် မူဆယ်ခရိုင် မုံးပေါ်တိုက်နယ်ထဲက ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ပိုင်…
Read More » -
11 Octoberသတင်း
ပန်ဝါမြို့စောင့်တပ် ၁၀၀၂ တပ်ရင်း မကျရေး စစ်တပ်က လေကြောင်း အပြင်းထန်တိုက်ခိုက်နေ
ပန်ဝါမြို့နှင့်အနီးဆုံး လုပြည် (ဒေသအခေါ်) လောက်ပြေကျေးရွာရှိ ၁၀၀၂…
Read More » -
10 Octoberသတင်း
ရှဒူးဇွပ်မှာ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့ စစ်အင်အား ၃၀၀ ခန့် စစ်အင်အားပြ စစ်ရေးလှုပ်ရှားမှု ပုံမှန်လုပ်ဆောင်နေ
တနိုင်းလီဒိုလမ်းမပေါ် ဝါရာဇွပ်ကျေးရွာအုပ်စု ရှးဒူးဇွပ်ကျေးရွာမှာ မင်းဇေသန့်ဦးဆောင်တဲ့…
Read More » -
10 Octoberသတင်း
ပန်ဝါမြို့အနီး လောက်ပြေကျေးရွာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းအသုံးပြုတိုက်ခိုက်နေ
ပန်ဝါမြို့အနီး လုပြည်(ဒေသအခေါ်) လောက်ပြေကျေးရွာမှာ KIA နဲ့ စစ်တပ်လက်အောက်ခံပြည်သူ့စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းပစ်ခတ်တာတွေလုပ်နေတယ်လို့ ပန်ဝါမြို့ပြည်သူတွေပြောပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၉ နာရီဝန်းကျင်ကနေ တိုက်ပွဲစတင်လာတာဖြစ်ပြီး မနက် ၁၀ ဝန်းကျင်ကနေ စစ်တပ်က Y12 လေယာဉ်တစ်စီးနဲ့ဆက်တိုက်ပစ်ခတ်နေတယ်လို့ ပန်ဝါမြို့အနီးနေထိုင်တဲ့ အမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “လုပြည်မှာ လေယာဉ်နဲ့ဆက်တိုက်ပစ်နေတယ် ခုထိလည်းပစ်နေတုန်း။ မနက် ၁၀ နာရီလောက်ကတည်းကနေ ပစ်နေတာ ခုထိမနားသေးဘူး ခုခု”လို့ပြောပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့ ချီဖွေမြို့၊ စက်တင်ဘာလ ၃၀ ရက်ည ဆော့လော်မြို့ကို KIA ပူးပေါင်းတပ်သိမ်းပိုက်လိုက်တဲ့နောက် ချီဖွေ– ပန်ဝါလမ်းမတစ်လျှောက် စစ်တပ်လက်အောက်ခံပြည်သူ့စစ်တပ်တွေနဲ့KIA ပူးပေါင်းတပ်တို့ စစ်ရေးတင်းမာနေရာကနေ ဒီနေ့မနက် ပန်ဝါမြို့အနီးအထိ တိုက်ပွဲပြင်းထန်လာပြီဖြစ်ပါတယ်။…
Read More » -
9 Octoberအင်တာဗျူး
စိန်ခေါ်မှုအခက်ခဲတွေကြား ရုန်းကန်နေကြရတဲ့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ
မြန်မာနိုင်ငံကို စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း အိမ်နီးချင်းနိုင်ငံထိုင်းနိုင်ငံကို လူငယ်တွေနဲ့ လူလတ်ပိုင်းအရွယ် အတော်များများ အလုပ်လုပ်ကိုင်ဖို့ရောက်ရှိလာကြပါတယ်။ ထိုင်းနိုင်ငံထဲကို ရောက်လာသူတွေဟာ နှစ်နိုင်ငံသဘောတူ MOU ကဲ့သို့ တရားဝင်နည်းလမ်းနဲဲ့ဝင်လာတဲ့သူတွေရှိသလို တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်လာတဲ့သူတွေလည်းအများအပြားရှိနေ ပါတယ်။ ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ တရားဝင်အထောက်အထားနဲ့ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားအရေအတွက် ၂၀၂၃ ဒီဇင်ဘာလထိ ၂၃၃၀၁၉ ဦးထိရှိပြီး ၂၀၂၄ မတ်လမှာတော့ ၃၄၁၅၇၄၄ ဦးထိတိုးမြင့်လာတယ်လို့ ထုတ်ပြန်ထားပါတယ်။…
Read More » -
9 Octoberသတင်း
ပန်ဝါမြို့ပေါ်နဲ့ မြို့အနီး သတ္တုလုပ်ငန်းခွင်ထဲမှာ ပြည်သူ့စစ်တပ်သားသစ်စုဆောင်းပြီး ရှေ့တန်းပို့နေ
ကချင်အထူးဒေသ ၁ ဌာချုပ်တည်ရှိရာ ပန်ဝါမြို့ပေါ်နဲ့ မြို့အနီးဝန်းကျင် သတ္တုလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ လူငယ်၊ လူလတ်ပိုင်းတွေကို ပြည်သူ့စစ်တပ်က တပ်သားသစ်စုဆောင်းနေပြီး ရှေ့တန်းပို့နေတယ်လို့ ပန်ဝါဒေသခံတွေပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေရဲ့ စစ်မျက်နှာဟာ ကချင်အထူးဒေသ ၁ နယ်မြေဖြစ်တဲ့ ပန်ဝါဘက်ကို ဦးတည်လာနေချိန် ပြည်သူ့စစ်တပ်ဖွဲ့ဟာ ပန်ဝါမြို့ပေါ်တည်းခိုခန်း၊ စားသောက်ဆိုင်နဲ့ မြို့အနီးဝန်းကျင် သတ္တုလုပ်ငန်းခွင်တွေမှာ တပ်သားသစ် အတင်းအဓမ္မလိုက်လံဖမ်းဆီးနေတယ်လို့ ပန်ဝါဒေသခံတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “ပန်ဝါမြို့ထဲမှာ ဆိုင်ထိုင်လည်းမရ ဆိုင်ထိုင်လည်းလိုက်ဖမ်းတယ်။ တည်းခိုခန်းတွေမှာလည်း လိုက်ဖမ်းတယ်။ ပြီးတော့ သတ္တုဆိုက်တွေမှာလည်း လိုက်ဖမ်းတယ်။ ဘာသင်တန်းမှမပေးဘဲ ခုတိုက်ပွဲဖြစ်နေတဲ့ ၁၁ မိုင်ဘက်ကို ပို့နေတာ။ဘာသင်တန်းမှလည်း မပေးဘဲ အဲလိုလုပ်နေတယ်”လို့ ပြောပါတယ်။…
Read More » -
9 Octoberသတင်း
အင်းတော်မှာ နောက်ဆုံးကျန်နေတဲ့ စစ်တပ်ခစန်းနှစ်နေရာကို လေကြောင်းနဲ့အပြင်းအထန်ကာကွယ်နေ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ထဲက နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့တပ်စခန်းနှစ်နေရာကို စစ်ကောင်စီကလေကြောင်းနဲ့အပြင်းအထန်ကာကွယ်နေတယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။ အင်းတော်မြို့နယ်ရဲစခန်းတစ်ခုလုံးလက်လွတ်ဆုံးရှုံးလိုက်ရတဲ့ စစ်ကောင်စီဟာ အင်းတော်မြို့ထဲက နောက်ဆုံးကျန်နေတဲ့ ရိက္ခာကုန်းအထိုင်တပ်နဲ့ အင်းတော်မြို့ပြင်ရှိ နဘားလမ်းဆုံအနီးက ဂျပန်လိုင်ဂူထဲက တပ်စခန်းတို့ကို လေကြောင်းသုံးပြီးအပြင်းအထန်ကာကွယ်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး KNG ကိုပြောပါတယ်။ “အခုလောလောဆယ် မြို့ထဲကရိက္ခာကုန်းထဲမှာနည်းနည်းကျန်သေးတယ်။ ပြီးတော့ ဂျပန်လိုင်ဂူထဲမှာလည်း ကျန်နေသေးတယ် စစ်သားတွေကနည်းနည်းပဲကျန်နေတော့တာ။ ဒါပေမယ့်သူတို့လေယာဥ်နဲ့နေ့တိုင်းလာကြဲနေတော့ဒီဘက်ကဝင်မရဘူး တစ်ရက်ကို နှစ်ကြိမ်တစ်ခါတလေးတစ်ကြိမ်အမြဲလာကျဲတယ်”လို့ သူကပြောပါတယ်။ စစ်ကောင်စီတပ်က အင်းတော်မြို့ဧရီယာကိုဗုံးကြဲတာအပြင် ဒရုန်းနဲ့ပုံမှန်ကင်းထောက်နေတာတွေကြောင့် တော်လှန်ရေးတပ်တွေဘက်က မြို့သိမ်းနိုင်ဖို့ခက်ခဲနေပြီး စက်တင်ဘာလကုန်းပိုင်းကတည်းကတိုက်ပွဲတစ်ဖြတ်ရပ်နားထားရတယ်လို့ သိရပါတယ်။…
Read More » -
8 Octoberသတင်း
မြန်မာအရပ်ဘက်အဖွဲ့အစည်း ၂၀၀ ကျော် အချက် ၆ ချက်ပါ အိတ်ဖွင့်ပေးစာကို အာဆီယံအဖွဲ့ဝင်ခေါင်းဆောင်ထံ ပေးပို့
အာဆီယံအနေနဲ့ မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုကို ရပ်တန်ဖို့အပါအဝင်…
Read More » -
8 Octoberသတင်း
ပင်လည်ဘူးမြို့ လက်လွှတ်လိုက်ရတဲ့ စစ်တပ် လေကြောင်းနဲ့အပြင်းထန် ပစ်ခတ်တိုက်ခိုက်နေ
စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ လက်လွှတ်လိုက်ရတဲ့ စစ်တပ်က…
Read More »









