-
Mar- 2024 -15 Marchသတင်း
တာမခံစစ်ရှောင်တွေကို နေရပ်ပြန်ဝင်ခွင့်ပြုတော့မယ်လိုဆို
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က တာမခံစစ်ဘေးရှောင်ပြည်သူတွေ မတ်လ…
Read More » -
15 Marchသတင်း
KSCU ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို လိုင်ဇာမြို့မှာအောင်မြင်စွာကျင်းပနိုင်ခဲ့
ကချင်ပြည်နယ် လိုင်ဇာမြို့မှာ စစ်ရေးအခြေအနေတင်းမာနေတဲ့ကြားက ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၏ (KSCU) ဒုတိယအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့တယ်လို့ တက္ကသိုလ်ရဲ့ ဒုအဓိပတိဖြစ်သူ ဆရာ ဒေါက်တာ ဦးအောင်နိုင်သူကပြောပါတယ်။ ဘွဲနှင်းသဘင် အခမ်းအနားကို မတ်လ ၈ရက်နေ့က ကျင်းပဖို့ စီစဉ်ထားပေမယ့်လည်း လိုင်ဇာအနီးတစ်ဝိုက် စစ်ရေးတင်းမာလာတဲ့အတွက် တစ်ပတ်အကြာ နောက်ဆုတ်ပြီးမှ ပြန်လည်ကျင်းပခဲ့တာဘဲဖြစ်ပြီး အခုလိုအခက်အခဲကြားက ဘွဲနှင်းသဘင် ကျင်းပနိုင်ခဲ့တာနဲ့ ပက်သက်ပြီး ဒေါက်တာ အောင်နိုင်သူက ခုလို ဆိုပါတယ်။…
Read More » -
15 Marchသတင်း
စစ်မှုထမ်းဥပဒေထွက်လာပြီးနောက် အွန်လိုင်းကနေ လေယာဉ်လက်မှတ်လိမ်လည်ရောင်းချသူများလာ
စစ်မှုထမ်းဥပဒေထုတ်ပြန်ကြေငြာလိုက်တဲ့နောက် လေယာဉ်လက်မှတ်တွေကို အွန်လိုင်းကတစ်ဆင့်လိမ်လည်ရောင်းချသူတွေ သိသိသာသာများလာနေတယ်လို့ မြစ်ကြီးနားမြို့တွင်းမှာရှိတဲ့ လေယာဉ်လက်မှတ်အရောင်းဌာနတွေဆီက သိရပါတယ်။ “အခုဒီ နောက်ပိုင်းဆို မြစ်ကြီးနားမှာတွေရောဘဲ အလိမ်ခံရတဲ့သူတွေအရမ်းရှိနေပြီ၊ လေယာဉ်လက်မှတ် လိမ်ရောင်းတာတွေပေါ့။ အခုလို လေယာဉ်လက်မှတ်ဝယ်ရခက်နေတဲ့ချိန်၊ လိမ်ရောင်းတဲ့သူတွေ အရမ်းကိုများလာတယ်၊ အွန်လိုင်းကနေ ဝယ်တဲ့သူတွေများတော့လေ”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ရက်နေ့ကစပြီး အာဏာသိမ်းစစ်ကောင်စီတပ်ဟာ အသက် ၁၈ ပြည့်သူတိုင်း စစ်မှုမထမ်းမနေရ အမိန့်ကို ထုတ်ပြန်ကြေညာလိုက်ချိန်ကစပြီး စစ်ကောင်စီတပ်တွေဟာ ကားလမ်းပိုင်းနဲ့ခရီးသွားသူတွေကိုစစ်ဆေးတင်းကြပ်လာတာကြောင့် လေကြောင်းကို အဓိကပြုလာကြတာဖြစ်ပါတယ်။ ခုလို ပြည်သူတွေအနေနဲ့ ပြည်တွင်းပြည်ပ ခရီးသွားဖို့လေကြောင်းလိုင်းကိုသာ အသုံးပြုတာများလာနေချိန် တစ်ဖက်မှာလည်း လက်မှတ်အရောင်း လိမ်လည်သူတွေလည်း ပိုပြီး သိသိသာသာလာနေကြတာဖြစ်တယ်လို့ ဆိုပါတယ်။…
Read More » -
15 Marchသတင်း
ဆွမ်ပရာဘွမ့်မြို့တွင်း တိုက်ပွဲပြင်းထန်နေ
ဆွမ်ပရာဘွမ့်မြို့တွင်းတပ် ခလရ ၄၆ တပ်ရင်းကို လက်မလွတ်ရေးအတွက် စစ်တပ်ဘက်ကနေ မတ်လ ၁၅ ရက် ဒီကနေ့ မနက်ပိုင်းမှာတင် ဂျက်လေယာဉ်နဲ့ ၇ ကြိမ်အထက် အသွားအပြန် လာရောက်ပစ်ခတ်နေတယ်လို့ ဆွမ်ပရာဘွမ့်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကို ပြောပါတယ်။
Read More » -
15 Marchသတင်း
နန်းကွေ့ရွာမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၃ ဦးကို စစ်တပ်က သေနတ်နဲ့ပစ်လို့ တစ်ဦးကျည်ထိမှန်
“သူတို့က အဲဒီနန်းကွေ့ချောင်းသာနားမှာ စစ်သားတွေ စစ်ဆေးနေတာတွေ့တော့ ကြောက်လို့ ပြန်ကွေ့တော့ စစ်သားတွေက ရပ်လို့အော်တာ မရပ်တော့ သေနတ်နဲ့ အသားကုန်ပစ်တာ ဆိုင်ကယ်အလယ်မှာစီးတဲ့ တစ်ယောက်က သေနတ်မှန်သွားတယ်”လို့ ဆိုပါတယ်။
Read More » -
14 Marchသတင်း
မိုးမောက်မှာလက်နက်ကြီး မကြာခဏကျရောက်ပေါက်ကွဲလို့ ဒေသခံများလုံခြုံရေးစိုးရိမ်နေရ
ဗန်းမော်ခရိုင် မိုးမောက်မြို့မှာ လက်နက်ကြီးမကြာခဏကျရောက်ပေါက်ကွဲနေတာကြောင့် ဒေသခံတွေလုံခြုံရေးစိုးရိမ်နေကြရတယ်လို့ သိရပါတယ်။ လက်ရှိ မိုးမောက်မြို့ထဲ ဒါဆိုင်းကျေးရွာအနီးမှာရှိတဲ့ ခလရ (၂၃၇) တပ်စခန်းကို KIA ဘက်က မနေ့ညမှာ သိမ်းပိုက်ထားပြီဖြစ်ပေမယ့် စစ်တပ်ဘက်ကလေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်နေတာကြောင့် လုံခြုံရေးစိုးရိမ်နေရတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒါဆိုင်းစခန်းမသိမ်းမီ မတ်လ ၁၂ ရက်နေ့ စစ်တပ်ဘက်ကလက်နက်ကြီးပစ်ခတ်ခဲ့လို့ မိုးမိတ်စစ်ရှောင်စခန်းက လူငယ်တစ်ဦးနဲ့ အမှုဆောင်ဆရာတစ်ပါး ထိခိုက်ဒဏ်ရာရ ရှိခဲ့တဲ့အပြင် နေအိမ်တစ်လုံးပေါ် လည်းကျရောက်ပေါက်ကွဲတာတွေလည်း ရှိတယ်လို့ မိုးမောက်မြို့ဒေသခံအမျိုးသား တစ်ယောက်က KNG ကိုပြောပါတယ်။…
Read More » -
14 Marchသတင်း
ဖားကန့်မှာ ၂ လအတွင်း စစ်တပ်စခန်း ၅ ခုအထက် KIA သိမ်းပိုက်
ဖားကန့်ဒေသမှာ သက်တမ်းကြာမြင့်ပြီး အခိုင်မာတပ်စွဲထားတဲ့ စစ်တပ်ရဲ့…
Read More » -
14 March
-
14 Marchသတင်းဆောင်းပါး
ဗန်းမော်လက်မလွတ်ရေး စစ်တပ်က အစွမ်းကုန်ပြင်ဆင်နေ
ပစ်သတ်ခံရသူတွေကို ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ သိရှိခွင့်မပေးဘဲ မှောက်လျှက်အနေထားနဲ့ထားရှိပြီး အလောင်းသယ်ယူတဲ့ နာရေးကူညီမှုအသင်းတွေကိုလည်း မှတ်တမ်းဓါတ်ပုံရိုက်ယူခွင့်မပြု မှောက်လျှက်အနေထားနဲ့သာသယ်ဆောင်ဖို့ ခန်ဝံကတိရေးထိုးခိုင်းစေတယ်လို့ ဆိုပါတယ်။
Read More » -
14 Marchသတင်း
ဆိုင်းတောင်ရဲစခန်းတပ်ဆုတ်ခွာ ကျန်နေတဲ့စစ်တပ်စခန်းတစ်ခုလုံး KIA ပိတ်ဆို့ပြီး လက်နက်ချဖို့သတိပေးနေ
မတ်လ ၁၃ ရက်နေ့ ညနေ ၈ နာရီကတည်းကနေ KIAနဲ့ KPDF ပူးပေါင်းတပ်တွေဟာ ရွာထဲဝင်ရောက်ပြီးထိုးစစ်ဆင်လာချိန် ရဲစခန်းမှာနေထိုင်စစ်ကောင်စီတပ်သားများ တပ်ဆုတ်သွားပြီးလို့သိရပြီး တပ်စခန်းကိုတော့စစ်ကောင်စီတပ်တွေကို လက်နက်ချအညံ့ခံဖို့ ဆော်ဩသတိပေးနေတယ်လို့ KPDF တာဝန်ရှိသူတစ်ဦးကခုလိုပြောပါတယ်။
Read More »









