စစ်ပြေးဒုက္ခသည်များသတင်း

ဝိုင်းမော် ခါနန်စစ်ရှောင်စခန်းက စစ်ဘေးရှောင်များစာနပ်ရိက္ခာပြတ်လပ်လုနီးပါးဖြစ်ပြီး နေရာထိုင်ခင်းအခက်အခဲဖြစ်နေ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မုတ်ကျိတ်(Muk Chyik) ရွာနဲ့ နောင်းခယူး(Nawng Hkyu)ရွာဘက်ကို တိမ်းရှောင်နေကြတဲ့ ဝူယန်ကျေးရွာအုပ်စုက စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာပြတ်လပ်လာပြီး နေရာထိုင်ခင်းအခက်ခဲကြုံနေရတယ်လို့ စစ်ရှောင်ပြည်သူတွေဆီက နေ သိရပါတယ်။

ဧပြီလ  ရက်နေ့က စပြီးတိမ်းရှောင်လာကြတဲ့ ဝူယန်ကျေးရွာအုပ်စုပြည်သူတွေဟာ ဝိုင်းမော်မြို့နဲ့ ၇မိုင်အကွာမှာရှိတဲ့ မုတ်ကျိတ်ကျေးရွာနဲ့ နောင်းခယူးကျေးရွာမှာ ခါနန်စစ်ရှောင်စခန်းအမည်နဲ့ နှစ်ဖွဲ့ခွဲပြီး ခိုလုံနေကြတယ်လို့ သိရပါတယ်။

စစ်ရှောင်တဲ့ကာလ နှစ်လနီးပါး ကြာမြင့်လာချိန် သယ်လာတဲ့ဆန်စပါးနဲ့ အခြားစားနပ်ရိက္ခာတွေ ပြတ်လပ်လာနေပြီး မိုးရာသီရောက်လာပြီဖြစ်တဲ့အတွက် နေရာထိုင်ခင်းအဆင်မပြေတာတွေကြုံတွေ့နေတယ်လို့ စစ်ရှာင်တာဝန်ခံ တစ်ဦးကခုလိုပြောပါတယ်။

ကျွန်တော်တို့ ရပ်ကွက်ထဲက လူတွေကတော့ နှစ်လစာရှောင်ဖို့အတွက်ဘဲ ပြင်ဆင်ထားတော့ နှစ်လပြည့်ပြီးနောက်တော့ အစားအသောက်အခက်အခက်တွေရှိလာမယ့်လို့ထင်တယ်။ ပြီးတော့ တဲတွေက မိုးကာအဟောင်းတွေနဲ့ဘဲ လုပ်ထားတော့ မိုသည်းရွာတဲ့ အချိန်တွေဆို ခက်ခဲလာတယ်လို့ ဆိုပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ တစ်နေရာထဲမှာဘဲအတူတကွစုပြီးနေထိုင်ကြရတာဖြစ်တဲ့အတွက် သောက်ရေ၊သုံးရေတွေအခက်အခဲလည်းဖြစ်နေပြီး  အိမ်သာမလုံလောက်တဲ့ ပြဿနာတွေပါ ကြုံတွေ့နေရတယ်လို့  သူကဆက်ပြောပါတယ်။

တစ်ဖက်မှာလည်း နိုင်ငံရေးအခြေအနေကြောင့် ဈေးဆိုင်တွေမဖွင့်တော့တဲ့အတွက် စားနပ်ရိက္ခာတွေဝယ်ယူလို့မရတော့တဲ့ အခြေနေနမှာရှိနေတယ်လို့ ဝူယန်ရွာကနေထွက်ပြေးတမ်းရှောင်နေတဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။

ဆန်တွေအပြင် တခြားစားနပ်ရိက္ခာတွေဝယ်ဖို့ အတွက်လည်းခက်နေတယ် ရွာနားမှာလည်း ဈေးတွေမရောင်းကြတော့ဘူး ဆေးတွေဆိုလည်း ဝယ်ဖို့အတွက် အရမ်းကိုဈေးကြီးနေတယ်လို့ ပြောပါတယ်။

လက်ရှိ ဝူယန်ကျေးရွာအုပ်စုကပြည်သူတွေဟာ မုတ်ကျိတ်ကျေးရွာကတော့ ခါနန်စစ်ရှောင်စခန်း (အဖြစ်သတ်မှတ်ပြီး နောင်ခယူးကျေးရွာကတော့ ခါနန်စစ်ရှောင်စခန်း ( ဖြစ်တယ်လို့ သိရပါတယ်။ အိမ်ထောင်စုအားဖြင့် စစ်ရှောင်စခန်း နှစ်ခုပေါင်း (၁၄၀)ကျော် ရှိပြီး လူဦးရေကတော့ ၉၀၀ကျော်ထဲမှာ ကျောင်းတက်တဲ့ကလေးအရွယ်အယောက် ၂၀၀ ဝန်းကျင်ပါဝင်တယ်လို့ စစ်ရှောင်တာဝန်ခံက ပြောပါတယ်။

ခါနန်စစ်ရှောင်စခန်းက စစ်ဘေးရှောင်တွေကို ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတော့ မေတ္တာဖောင်းဒေးရှင်းကနေပြီးတော့ ရေချိုးဆပ်ပြာ၊ သွားတိုက်တံနဲ့သွားတိုက်ဆေးတွေကို ကူညီပေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း နေအိမ်တဲ၊ ရေတွင်းနဲ့ အိမ်သာတွေကိုတော့ မုတ်ကျိတ်ကျေးရွားက  ဝါးနဲ့ မိုးကာတွေဝယ်ပြီး ကိုယ်ထူကိုယ်ထဆောက်လုပ်နေကြတယ်လို့ သိရပါတယ်။

စစ်ရှောင်လူဦးရေ ၉၀၀ကျော်ဟာ ဝူယန်ကျေးရွာအုပ်စု နယ်မြေ ၂၊ နယ်မြေ  နဲ့ နယ်မြေ   လမြန်ကျေးရွာ၊ စန်လွင်ကျေးရွာအစရှိတဲ့ထဲက ပြည်သူတွေ ပါဝင်တယ်လို့လည်း သိရပါတယ်။

ဝူယန်ကျေးရွာမှာ ဧပြီလ ပထမပတ်ကနေ KIA/KPDF တွေနဲ့ ဝူယန်ပြည်သူ့စစ်တွေ စတင်တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဝူယန်ကျေးရွာအုပ်စုပြည်သူတွေကလည်း ဧပြီလ ၇ရက်နေ့ကတည်းကနေ နီးစပ်ရာ ကျေးရွာတွေဆီ ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်ပါတယ်။

လက်ရှိ KIA/KPDFတွေနဲ့ ဝူယန်ပြည်သူ့စစ်တွေ စစ်ရေး တင်းမာနေတာဖြစ်ပြီး ခလရ(၅၈)တပ်ရင်းဘက်ကလည်း လက်နက်ကြီးတွေနဲ့ ရမ်းတန်း ပစ်ခတ်မှုတွေကြောင့် ဝူယန်ဒေသခံပြည်သူတစ်ချို့ ထိခိုက်သေဆုံးမှုတွေ ရှိနေတာဘဲ ဖြစ်ပါတယ်။

 ဝိုင်းမော်မြို့နယ် အထိုင်တပ်ဖြစ်တဲ့ ခလရ ၅၈ တပ်ရှိတဲ့ ခကွမ်ရွာ၊ဝူယန်၊လဘန်၊လမြန်၊နမ့်ဝါ၊မုတ်ကျိတ်၊ဝါးရှောင် စတဲ့ကျေးရွာတွေဟာ ဝိုင်းမော်– ချီဖွေ– ဆဒုံးသွားတဲ့ ကားလမ်းမကြီးရဲ့ဘေးဝဲယာမှာ တစ်ဆက်တည်းရှိတဲ့ကျေးရွာတွေဖြစ်ပြီး ရွာအားလုံးဟာ ရွာချင်းဆက်ထားတာဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button