-
May- 2024 -22 Mayစစ်ပြေးဒုက္ခသည်များ
မြစ်ကြီးနားမြို့ခံများ အိမ်ငှားရမ်းခစျေးလျော့ပေးကြဖို့ စစ်ရှောင်အရေးကူညီပေးနေသူများတောင်းဆို
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ဘက်မှာ တိုက်ပွဲတွေပြင်းထန်လာတာကြောင့် ဝိုင်းမော်မြို့နယ်အတွင်း နေထိုင်ကြတဲ့ပြည်သူတွေဟာ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ မြစ်ကြီးနားမြို့ဘက်ကိုအဓိကထွက် ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။ စစ်ဘေးရှောင်တစ်နေ့ထက်တစ်နေ့မြင့်တက်နေတဲ့ မြစ်ကြီးနားမြို့မှာ ငွေကြေးတတ်နိုင်သူတွေအနေနဲ့ ငှားရမ်းထားတဲ့စျေးအတိုင်း ငှားနိုင်ပေမယ့် တစ်ချို့စစ်ရှောင်တွေဟာ ငွေကြေးမတတ်နိုင်တာကြောင့် မြို့ခံတွေအနေနဲ့ စစ်ရှောင်တွေကို လူသားချင်းစာနာသောအားဖြင့် သက်သက်သာသာနဲ့ငှားရမ်းပေးကြဖို့လို မြစ်ကြီးနားမြို့မှာနေထိုင်တစ်ချို့ကလည်း သုံးသပ်ပြောဆိုနေကြပါတယ်။ လက်ရှိ မြစ်ကြီးနားမြို့တွင်း နေစရာငှားရမ်းခတွေက ဈေးနှုန်းမြှင့်တက်သွားတာမျိုးတော့မရှိပေမဲ့ လက်ရှိဈေးနှုန်းကို စစ်ဘေးရှောင်တွေကတတ်နိုင်မှာမဟုတ်တဲ့အတွက် ဈေးလျော့ပေးတာဖြစ်ဖြစ် တတ်နိုင်ရင် အခကြေးမယူပဲနဲ့ကူညီသင့်ကြောင်း စစ်ရှောင်တွေကို ကူညီပေးနေတဲ့ မြစ်ကြီးနားမြို့ခံတစ်ဦးကပြောပါတယ်။ “ဈေးနှုန်းတွေကတော့မြှင့်တက်သွားတာတော့မဟုတ်ဘူး ပုံမှန်ဈေးနှုန်းနဲ့ငှားရမ်းနေတာတော့ဟုတ်တယ်။ စစ်ရှောင်တွေနဲ့ ငွေကြေးမတတ်နိုင်တဲ့သူတွေအတွက်တော့မလွယ်ဘူးလေ တစ်ယောက်နဲ့တစ်ယောက် လူသားချင်းစနာပြီးတော့ ဒုက္ခရောက်တဲ့အချိန်တွေမှာတော့ အိမ်ငှားခလက်ရှိဈေးနှုန်းကိုတစ်ဝက်လောက် ချပြီး ငှားစေချင်တာပေါ့”လို့ပြောပါတယ်။…
Read More » -
21 Mayစစ်ရေး
ဝိုင်းမော်မြို့မကျန် ကျေးရွာ ၂၀ ကျော်က ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ဝိုင်းမော်မြို့ပါမကျန်…
Read More » -
21 Mayသတင်း
မြစ်ကြီးနားမြို့ပေါ် စစ်ကောင်စီတပ်စစ်ဆေးရေးတွေတင်းကြပ်ပြီး ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်လာတာနဲ့အတူ မြစ်ကြီးနားမြို့ပေါ်မှာ ဒီရက်ပိုင်းအတွင်းစစ်ကောင်စီတပ်ဘက်က လုံခြုံရေးတွေတိုးမြှင့်ပြီး ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က ဝိုင်းမော်မြို့နယ် ပြည်သူ့စစ်တပ်စခန်းတစ်ချို့နဲ့ ကာကင်းစခန်းအပါအဝင် ရွှေညောင်ပင်ရွာက ခမရ ၃၂၁ တပ်ရင်းတို့ကို ကေအိုင်အေနဲ့ပူးပေါင်းအဖွဲ့တွေက တစ်ပြိုင်တည်းတိုက်ခိုက်နေတာဖြစ်ပါတယ်။ အဲ့ဒီနေ့ကစ မြစ်ကြီးနားမြို့ပေါ်မှာ စစ်ဆေးရေးတွေတင်းကြပ်လာတာဖြစ်ပြီး စိမ်းမြဧရာပန်းခြံတစ်ဝှိုက်နဲ့ မြို့ထဲကိုလာတဲ့ လမ်းမကြီးတွေရဲ့ လမ်းထောင့်တိုင်းမှာလိုလို ယူနီဖောင်းအပြည့်နဲ့ စောင့်ပြီးစစ်ဆေးဖမ်းဆီးနေတယ်လို့ မြစ်ကြီးနားမြို့ခံတစ်ယောက်ကပြောပါတယ်။ “ရဲတွေကတော့ ကားကြီးတွေပေါ့ လူကြီးကားကားအမြင့်တွေ လန်ခရူဇာတို့ဘာတို့တွေကိုပေါ့ စိမ်းမြဧရာ ကစားကွင်းနားတွေ မြို့ပတ်ပတ်လည်လို့ပြောလို့ရမှာပေါ့ကွာ မြို့ထဲကိုလာတဲ့နေရာ သံလမ်းကူးနားလောက် မှာ ယူနီဖောင်းကအပြည့်နဲ့ မျက်မြင်တောင်မှ ၁၀ ယောက် ၁၅ ယောက် ထောင့်တိုင်းထောင့်တိုင်းမှာ ရှိတယ်”လို့ ပြောပါတယ်။…
Read More » -
21 Mayသတင်းဆောင်းပါး
စံချိန်တင် ကုန်စျေးနှုန်းမြင့်တက်နေတဲ့ ပူတာအိုမြို့
ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုဒေသတစ်ခုလုံးအတွက် တစ်ခုတည်းသော ကုန်စည်စီးဆင်းရာ ပူတာအို-မြစ်ကြီးနား ကားလမ်းပိုင်းကို စစ်ရေးအခြေအနေကြောင့် ပိတ်ထားတာ နှစ်လကျော် ကြာမြင့်လာတာနဲ့အမျှ ပူတာအို ဒေသမှာ စံချိန်တင် ကုန်စျေးနှုန်းမြင့်တင်ပြီး ဒေသခံတွေ အဆိုးရွားဆုံး ခက်ခဲမှုနဲ့ ရင်ဆိုင်နေရပါတယ်။ မတ်လ ၈ ရက်နေ့ကတည်းက ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား ပူတာအိုမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် ကားလမ်းပိတ်ခဲ့တာ ဒီကနေ့အထိ ဖြစ်ပါတယ်။ နှစ်လကျော်ကြာ ကားလမ်းပိတ်ခံရတဲ့…
Read More » -
21 Mayလူ့အခွင့်အရေးချိုးဖောက်မှု
မဂွမ်ရိမ်ဒူနော်အမှု တရားမျှတမှုရအောင်ဖြေရှင်းပေးမယ့် သက်ဆိုင်သူအားလုံးကိုစောင့်ကြည့်နေတယ်လို့ ပူတာအိုလူငယ်တွေပြော
ပူတာအိုမြို့မှာ သက်ငယ်မုဒိန်းမှုကျူးလွန်သူတွေကိုထိရောက်စွာ အရေးယူပေးဖို့ သက်ဆိုင်သူတွေကိုစောင့်ကြည့်နေမယ်လို့ ပူတာအိုလူငယ်တွေက ပြောပါတယ်။ မဂွမ်ရိမ်ဒူနော်ကို ရက်ရက်စက်စက်မုဒိန်းပြုကျင့်သတ်ဖြတ်ခဲ့သူ တရားခံတစ်ဦးဝန်ခံထားပြီဖြစ်ပြီး လက်ရှိမှာသက်ငယ်မဒိန်းမှုနဲ့ လူသတ်မှုပုဒ်မနှစ်ခုနဲ့ ခရိုင်အဆင့်စစ်ဆေးဖို့ ပြင်ဆင်နေပြီဖြစ်သလို ဒီပြစ်မှုနဲ့ပတ်သက်ဆက်နွယ်သူတွေကိုလည်း စုံစမ်းဖော်ထုတ်နေဆဲဖြစ်တယ်လို့ ဒေသခံလူငယ်တွေဆီကနေ သိရပါတယ်။ “မဒူနော်အမှုနဲ့ပတ်သက်ပြီး တရားခံကို လူသတ်မှုနဲ့ သက်ငယ်မဒိန်းမှု ဒီပုဒ်မ ၂ ခုနဲ့ ခရိုင်အဆင့် အမှုတည်ဆောက်ထားပြီသိရတယ်။ ဒါနဲ့ပတ်သက်ပြီး ခရိုင်က အကြီးဆုံး တရားသူကြီးလည်း ရောက်နေပြီလို့ ပြောတယ်။ အခုက မျက်မြင်သက်သေတွေကိုလည်း စုံစမ်းစစ်ဆေး ဖော်ထုတ်နေဆဲဖြစ်တယ်။” လို့ ပူတာအို ဒေသခံတစ်ဦးကပြောပါတယ်။ မုဒိန်းမှုကျူးလွန်သူကို တရားစီရင်ပေးဖို့၊ သေမိန့်ချပေးဖို့ဆိုပြီး ပြည်သူ့စစ်နဲ့ရဲတွေကို ပြောဆိုထားတာတွေရှိပေမဲ့ မေလ ၂၀ ရက်နေ့အထိတော့ ဒီအမှုဟာတရားရုံးထဲမရောက်ရှိသေးပဲ အမှုထဲပါဝင်ဆက်နွယ်သူတွေ၊ မျက်မြင်သက်သေတွေကို စုံစမ်းဖော်ထုတ်နေဆဲ အခြေအနေမှာရှိနေတယ်လို့ သိရပါတယ်။ …
Read More » -
21 Mayလူ့အခွင့်အရေးချိုးဖောက်မှု
လမြန်ကျေးရွာမှာ အမျိုးသမီးတစ်ဦးလက်နက်ကြီးထိမှန် သေဆုံး
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ သေဆုံးသူမိသားစုဝင်တွေနဲ့ နီးစပ်သူဆီကနေ သိရပါတယ်။ မေလ ၁၉ ရက်နေ့ ည ၁၀ နာရီခွဲဝန်းကျင် ဝိုင်းမော် ၅ ၈ တပ်ရင်းကနေ ပစ်လိုက်တဲ့လက်နက်ကြီး လမြန်ကျေးရွာထဲ ကျရောက်ပေါက်ကွဲတာကြောင့် ဦးချမ်လွေ့လွမ်ဟောင်းရဲ့ဇနီး အသက် ၅၃နှစ်အရွယ် ဒေါ်ညီးချီရော်ကိုထိမှန်ပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “သူက လက်နက်ကြီးအသံတွေ အရမ်းကြားနေရလို့ဆိုပြီး ရှောင်ဖို့အတွက် အပြင်ကိုထွက်လာတာ အိမ်ကိုတော့ မမှန်ဘဲ သူဆီမှာထိပြီးဆုံးသွားတာလို့ ကြားတယ်”လို့ဆိုပါတယ်။ သေဆုံးသွားတဲ့ အမျိုးသမီးကိုတော့ မေလ ၂၀ ရက်နေ့ မနေ့က မနက်ပိုင်း မြုပ်နှံသဂြိုလ်လိုက်ပြီလို့ လမြန်ကျေးရွာပြည်သူတွေဆီကနေ သိရပါတယ်။…
Read More » -
21 Mayသတင်း
ဗန်းမော်မြို့မှာ လျှပ်စစ်မီးကြိုးနဲ့သံထည်ပစ္စည်းခိုးယူခံရမှု ခပ်စိပ်စိပ်ဖြစ်လာ
ကချင်ပြည်နယ် ဗန်းမော်မြို့ မှာ လျှပ်စစ်မီး…
Read More » -
20 Mayသတင်း
ခတ်ချိုမှာ လက်နက်ကြီးကျလို့ ကလေး ၂ ယောက်အပါအဝင် ၆ ယောက်သေဆုံး၊
ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာ ကွက်သစ်ရပ်ကွက်မှာ ဒီနေ့…
Read More » -
20 Mayစစ်ရေး
မြစ်ကြီးနားမြို့မှာ ဘာတွေဖြစ်နေလဲ
“အိမ်တောင်လှုပ်ပါတယ်ဆို အမိုးတွေကအစ တော်တော်ကိုကျယ်တယ်ကြီးတယ်၊ ဘာလက်နက်လည်း…
Read More » -
20 Mayတိုက်ပွဲ
တာလောကြီးကျေးရွာကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲ
မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့…
Read More »