သတင်း

ပူတာအိုမှာ တောင်သူတွေအတွက် ဒီဇယ်ဆီခွဲတမ်းစနစ်နဲ့ စတင်ရောင်းချပေး

ကချင်ပြည််နယ် ပူတာအိုမြို့နယ်အတွင်း လယ်ယာမြေထွန်ယက်မယ့်တောင်သူတွေအတွက် ဒီဇယ်ဆီခွဲတမ်းစနစ်နဲ့စတင်ရောင်းချပေးနေပြီလို့ ပူတာအိုမြို့ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီကနေ့ မေလ ၁၆ရက်နေ့ မနက်ပိုင်းကနေစပြီး လယ်ယာမြေထွန်းယက်မယ့် ပူတာအိုမြို့ပေါ်ပြည်သူတွေနဲ့ မြို့နယ်အတွင်းကကျေးရွာနေပြည်သူတွေကို စစ်ကောင်စီတပ်က လယ်တစ်ဧက ဒီဇယ်တစ်ဂါလံနှုန်းနဲ့ စတင်ရောင်းချပေးနေတာလို့ ပူတာအိုခံအမျိူးသားတစ်ဦးက KNG ကိုပြောပါတယ်။

စစ်ကောင်စီက ဒီဇယ်ရောင်းပေးနေတာဟုတ်တယ် လယ်တစ်ဧကကိုတစ်ဂါလံနှုန်းပဲရောင်းပေးတယ် အဲ့ဒါတောင်လယ်ပြေစာပြမှရတာ ပြေစာမရှိရင်တော့မရဘူးဗျ လယ်တစ်ဧက ကိုတစ်ဂါလံဆိုရင်တော့ဘယ်လောက်မလဲ မလောက်တော့မလောက်ဘူးလေလို့ သူကပြောပါတယ်။

ပူတာအိုမှာ ပုံမှန်အားဖြင့် ဒီဇယ်တစ်ဂါလံကို ၁၈၀၀၀ ကျပ်ရှိပြီီး လက်ရှိ စစ်ကောင်စီက တစ်ဂါလံကို ကျပ် ၁၆၀၀၀ နှုန်းနဲ့ရောင်းချပေးနေပေမယ့် ကန့်အသတ်နဲ့သာရောင်းပေးတာကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်တဲ့ တောင်သူတွေက စက်သုံးဆီ လုံလောက်မှုမရှိဘူးလို့ဒေသခံတွေ ဆိုပါတယ်။

စျေးကတော့နည်းနည်းသက်သာသွားတာပေါ့ ဒါပေမယ့် တစ်ဂါလံက လယ်တစ်ဧကထွန်ဖို့မလောက်ဘူး အနည်းဆုံးတစ်ဧကကို ၂ဂါလံ တော့ကုန်တယ် နှစ်ဂါလံမကုန်ရင်တော့ နှစ်ဂါလံနီးနီးတော့ကုန်တယ်ဗျ တစ်ဂါလံနဲ့ကတော့ဘယ်လိုမှမလောက်ဘူးလို့ ဒေသခံတစ်ဦးကပြောပါတယ်။

ခွဲတမ်းစနစ်နဲ့ဝယ်ယူနေရတဲ့ ဒီဇယ်စက်သုံးဆီတွေကို ပူတာအိုမြို့တွင်းက ဆီပန့်အရောင်းဆိုင်ကြီးတွေကနေတဆင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးတာဝန်ရှိသူတွေက ကြီးကြပ်ပြီးရောင်းချပေးနေတယ်လို့သိရပါတယ်။

ပူတာအို– မြစ်ကြီးနားကားလမ်းပိုင်းကို ပြီးခဲ့တဲ့ မတ်လ   ရက်နေ့ကစ စစ်ရေးအခြေနေကြောင့် နှစ်ဖက်လက်နက်ကိုင်တွေ ပိတ်ထားရာကနေ ဧပြီလ လကုန်ပိုင်းမှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ဒေသခံတောင်သူတွေလိုအပ်နေတဲ့ စက်သုံးဆီတွေကို ကားလမ်းကနေ သယ်ယူခွင့်ပြုကြဖို့ ငြိမ်းချမ်းရေးအကျိုးဆောင် ( PCG ) ကနေတစ်ဆင့် စစ်တပ်ကို ညှိနှိင်းခဲ့ပေမယ့် စစ်တပ်ကခွင့်ပြုခြင်းမရှိခဲ့ပါဘူး။

အဲဒီနောက် မေလ  ရက်နေ့ကစ ဒေသတွင်းတောင်သူတွေအတွက်လယ်ထွန်ဖို့ လိုအပ်နေတဲ့ ဒီဇယ်ဆီတွေကို စစ်ကောင်စီတပ်က Y8 လေယာဥ်နဲ့တင်ဆောင်ပြီး အခုလိုရောင်းချပေးနေတာပဲ ဖြစ်ပါတယ်။

မြစ်ကြီးနား ပူတာအို ကားလမ်းပိုင်းပိတ်ထားချိန် ၂လ ကျော်ကြာမြင့်လာချိန် ပူတာအိုမြို့မှာ ဓာတ်ဆီတွေပြတ်တောက်နေပေမယ့် ဆီပန့်ဆိုင်ကြီးတွေအချို့ကဆီလက်ကျန်တွေကိုမှောင်ခိုးရောင်းချတာတွေရှိနေပြီး တစ်ပေပါကျပ်သိန်း ၁၀၀ ကျော် တစ်ပုလင်းကျပ် ၇၀၀၀၀ ကနေ ကျပ် ၁၀၀၀၀၀ အထိပေါက်စျေးရှိတယ်လို့ဒေသခံတွေကဆိုပါတယ်။

ပူတာအို မြစ်ကြီးနားကားလမ်းပိုင်း မှာရှိတဲ့ ဆွမ်ပရာဘွမ်မြို့နယ်ထဲမှာမတ်လ  ရက်နေ့ကနေစလို့တိုက်ပွဲတွေစဖြစ်ပွားလာရာကနေ ကားလမ်းပိတ်ထားတာဖြစ်ပါတယ်။

လက်ရှိချိန် ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့ကို KIA သိမ်းပိုက်ထိန်းချုပ်ထားပြီး လက်နက်ကိုင်  ဖွဲ့အကြား စစ်ရေးတင်းမာနေဆဲဖြစ်သလို ပူတာအိုမြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲတော့မယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေတာကြောင့် ဒေသခံတစ်ချို့ မြို့စွန့်ခွာထွက်ပြေးတိမ်းရှောင်သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button