တိုက်ပွဲသတင်း

ဝိုင်းမော်တိုက်ပွဲမှာ ခမရ ၃၂၁ တပ်ရင်းသာကျန်ရှိပြီး တိုက်ပွဲကဝိုင်းမော်မြို့ပေါ်ဘက်ကို ဦးတည်နေ

ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဝိုင်းမော်မြို့နယ်ထဲက စစ်တပ်စခန်းတွေထဲမှာ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းစခန်းတစ်ခုသာကျန်ရှိနေပြီး  ရက်မြောက်တဲ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို တိုက်ပွဲက ဝိုင်းမော်မြို့ပေါ်ဘက်ကို ဦးတည်လာနေပါတယ်။

ဝိုင်းမော်မြို့နယ် ဒဘတ်ချောင်းအနီးတဝိုက်မှာရှိတဲ့ စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်းတွေတဲ့ ဘင့်ပူကောင့်(Bin Pu Kawng) ဝထောင်ဘွမ့်(wuhtau Bum) လိုင်ဖောင်(Lai Hpawng) ဒိန်ဂါ(Ding Ga) ရင်ကွဲတောင်(Lung Zep Kadawng) ကဇူး(Katsu) အောင်မြေ() အောင်မြေ() ခါးရှီ(Hka Shi) စတဲ့ နေရာတွေမှာရှိတဲ့ တပ်စခန်းတွေကို KIA က နှစ်ရက်ထဲ အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဒီတပ်စခန်းတွေကို KIA က မေလ ၁၈ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး သုံးရက်မြောက်တဲ့ ၂၀ ရက်နေ့မှာ နောက်ဆုံးကျန်ရှိနေတဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်စခန်းကို အပြီးသတ်သိမ်းပိုက်ဖို့ တိုက်ပွဲဆက်ဖြစ်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက KNG ကိုပြောပါတယ်။

ဝိုင်းမော်ဒေသ တောင်ကုန်းဘက်မှာရှိနေတဲ့ စစ်တပ်စခန်းတွေက မကျန်တော့ဘူး။ ဝထောင်ဘွမ့်၊ ဘင့်ပူကောင့်၊ ဒိန်ဂါ၊ လိုင်ဖောင်တွေလည်း မကျန်တော့ဘူး။ ကဇူးတပ်စခန်းလည်းသိမ်းထားပြီ။ ရွှေညောင်ပင်ရွာမှာလည်း ကျေးရွာတွေက KIA ထိန်းချုပ်ထားနိုင်ပြီ။ တပ်စခန်းအနည်းငယ်ကျန်သေးတယ်။ ဝိုင်းမောက်မြို့ အနီး ခါးရှီအထိ သိမ်းထားနိုင်ပြီလို့ပြောလို့ရပြီလို့ပြောပါတယ်။

ရွှေညောင်ပင်ကျေးရွာမှာ ဒီကနေ့ မနက်ပိုင်း  နာရီလောက်ကနေ နှစ်ဖက်စစ်တပ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး လက်ရှိမှာ KIA က ကျေးရွာကို အသာစီးထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် တပ်စခန်းကို အပြီးသတ်သိမ်းဆည်းနိုင်ဖို့ ကျန်ရှိနေသေးတာဖြစ်တယ်လို့ ဆိုပါတယ်။

မေလ ၁၈ ရက်နေ့မှာ သိမ်းဆည်းဖို့ ကျန်ရှိနေသေးတဲ့ ကဇူးတပ်စခန်းအကြီးကိုလည်း ၁၉ ရက်နေ့   နာရီလောက်မှာ KIA တပ်တွေက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ကဇူးတပ်စခန်းကထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေက ဂါးရာယာန်(Ga Ra Yang) ကျေးရွာမှာ အနည်းငယ်ကျန်ရှိနေတာဖြစ်တဲ့အတွက် ရှင်းလင်းရေးဆောင်ရွက်နေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေကပြောပါတယ်။

ကဇူးနဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းတွေဟာ စစ်အင်အား ၂၀၀ ဝန်းကျင်လောက်ရှိပြီး ဒီစစ်ကောင်စီတပ်သားတွေအများပိုင်း ရွာအတွင်း နေရာယူပုန်းခိုပြီးခုခံတိုက်ခိုက်နေတာကြောင့် KIA ဘက်က အမြန်ုသိမ်းယူဖို့ ခက်ခဲနေတာဖြစ်တယ်လို့လည်းသိရပါတယ်။

လက်ရှိ ဝိုင်းမော်မြို့နဲ့ အနီးဆုံးဖြစ်တဲ့ ကဇူးကျေးရွာကနေ ဝိုင်းမော်မြို့ မရောက်မှီ ခါးရှီ(Hka Shi)အထိ KIA တပ်တွေရဲ့ ထိန်းချုပ်နယ်မြေဖြစ်သွားပြီး အဲဒီတစ်ကြောမှာ ရွှေညောင်ပင် တပ်စခန်းတစ်ခုသာကျန်ရှိနေပြီဖြစ်ပါတယ်။

ဒါကြောင့် ဝိုင်းမော်မြို့နယ်မှာ ဖြစ်ပွားတဲ့တိုက်ပွဲက ဝိုင်းမော်မြို့ပေါ်ဘက်ကို ဦးတည်လာနိုင်ပြီးတော့ မေလ ၁၉ ရက်နေ့ လောက်ကနေ ဝိုင်းမော်မြို့နဲ့ အနီးဆုံးဖြစ်တဲ့ ခပ်ချိုလမ်းခွဲအထိမေ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီလို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

ဒီရက်ပိုင်းအတွင်းမှာတောင် ဝိုင်းမော်မြို့ဘက်ကို ရောက်လာနိုင်တယ်။ KIA ဘက်ကလည်း စီမံကိန်းရှိနေတယ်လို့ မြင်ပါတယ်။ ပြည်သူတွေကိုလည်း သတိပေးထားတာတွေလည်းရှိတယ်။ မနေ့ညမှာလည်း စန်ကား၊ နောင်းချိန်း၊ ခပ်ချိုတွေလည်း မနေ့က တော်တော်ထွက်သွားကြပြီ။ အဲဒါကြောင့် ဝိုင်းမော်မြို့ထဲမှာရှိတဲ့ သူတွေကိုလည်း ဖြစ်နိုင်ရင် ယာယီရှောင်ထားကြဖို့ ပြောထားပြီလို့သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်အတွင်းမှာတောင် ဝိုင်းမော်မြို့ပေါ်ကို ရောက်လာနိုင်တယ်လို့ သုံးသပ်နေကြတယ်လို့ပြောပါတယ်။

ဝိုင်းမော်မြို့နဲ့ အနီးဆုံးဖြစ်တဲ့ ခပ်ချိုကျေးရွာ လမ်းဆုံနေရာမှာ KIA တပ်တွေ ဝင်ရောက်မလာနိုင်အောင် စစ်တပ်ဘက်ကနေ စစ်အင်အားအလုံးရင်းနဲ့ သွားလာခွင့်အားလုံးကို ပိတ်ဆို့ထားတယ်လို့လည်း သိရပါတယ်။

မေလ ၁ ရက် မနေ့ည ခပ်ချိုအနီးတဝိုက် နှစ်ဖက်တပ်ပစ်ခတ်မှုတွေရှိလာတာကြောင့် ဝိုင်းမော်မြို့ပေါ် မှာရှိတဲ့ ပြည်သူတစ်ချို့နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း နောင်ဟီး  စန်ကား ကျေးရွာတွေမှာ တိမ်းရှောင်နေကြတဲ့ အောင်မြေ() အောင်မြေ(စစ်ရှောင်ပြည်သူတွေက ထပ်မံတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

တဖက်မှာ စစ်ကောင်စီဘက်လည်း ဝိုင်းမော်မြို့နယ်ထဲ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ဆက်အပြတ် ပစ်ခတ်တိုက်ခိုက်နေတာကြောင့် မနေ့ည နဲ့ ဒီကနေ့ မနက်ပိုင်းမှာတင် မိုင်းနားစစ်ရှောင်ပြည်သူတွေရှိတဲ့ အနီးတဝိုက်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေရှိခဲ့ပါတယ်။

စစ်တပ်က ဝိုင်းမော်မြို့ကို လက်မလွတ်ရေးအတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြစ်ကြီးနား ကြက်ပေါင်ခြံ နဲ့ လယ်ကုန်း ပေါ်ဦးကျောင်း၊  လေတပ်နဲ့ စန်းကားကြားက ရေလယ်ကျွန်း၊ ဝိုင်းမော် ၅၈ တပ်ရင်း စတဲ့ နေရာတွေမှာ လက်နက်ကြီးတွေ အထိုင်ချထားပြီး အဆက်မပြတ်ပစ်ခတ်နေတယ်လို့ မြစ်ကြီးနားနဲ့ ဝိုင်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားတဲ့ နေရာဘက်ကို စစ်တပ်က နေ့တိုင်းဆိုသလို ဂျက်လေယာဉ်နဲ့ Y -12 လေယာဉ်အမျိုးအစားနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေပါတယ်။

ဝိုင်းမော်မြို့နယ်ထဲမှာ နှစ်ရှည်တပ်ချထားတဲ့ စစ်ကောင်စီတပ်စခန်းနေရာတွေကို  KIA က မေလ ၁၈ ရက်နေ့မှာ တစ်ရက်ထဲ တပ်စခန်း ၁၀ ခုထက်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် တပ်စခန်းအားလုံးနီးပါးလောက်ကို သိမ်းပိုက်ထားနိုင်ခဲ့သလို လက်ရှိမှာ ဝိုင်းမော် ၅၈ တပ်ရင်းနဲ့ ဝူယာန်ပြည်သူ့စစ်တပ်စခန်း ၂ခုသာ တိုက်ခိုက်မှုမရှိဘဲ ကျန်ရှိနေသေးတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button