KNG

Kachin News Group (KNG) သည် လွတ်လပ်သော တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်ပြီ ကချင်ဒေသရှိ လူထု၏အသံကို ထင်ဟပ်တင်ဆက်နေသည်။
  • Apr- 2024 -
    1 April
    သတင်း

    ဟိုပင်တိုက်ပွဲမှာ စစ်တပ်ဘက် ဗိုလ်ကြီးတစ်ဦးအပါအဝင်ထိခိုက်သေဆုံးသူများ 

    မိုးညှင်းခရိုင် ဟိုပင်မြို့နယ် နန့်ရင်းကျေးရွာအနီးတစ်ဝှိုက်မှာ စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ကာကွယ်ရေးတပ်တွေအကြား မနေ့ကမနက်ပိုင်း ၁၀ နာရီဝန်းကျင် စစ်တပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး  စစ်တပ်ဘက် ဗိုလ်ကြီးတစ်ဦးအပါအဝင်ထိခိုက်သေဆုံးသူများခဲ့တယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ မတ်လ ၃၁ ရက် နေ့ မနက်ပိုင်း ၉ နာရီလောက်မှာ မိုးညှင်းအခြေစိုက်သံချပ်ကာတပ်ရင်း ၇၀၀၅ နှင့် ၇၀၀၆ တပ်က သံချပ်ကာ ၃ စီးနဲ့ အင်အား ၂၀၀ ဝန်းကျင်အသုံးပြုပြီး ဖားကန့်ဘက်ကို စစ်ကူဖြည့်ဖို့ မိုးညှင်းကနေထွက်လာတဲ့ စစ်ကြောင်းကို KIA၊  KPDFပူးပေါင်းတပ်က ဟိုပင်မြို့အနီး နန့်ရင်းကျေးရွာအရောက်မှာ ကြားဖြတ်တိုက်ရာမှာ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တာပါ။ တိုက်ပွဲမှာ စစ်တပ်ဘက်ကအထိနာလို့ Mi35 ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ကူခဲ့ပေမယ့် စစ်တပ်ကပစ်တဲ့လက်နက်ကြီးဟာ SNA စစ်ကြောင်းနေရာမှာကျရောက်ပေါက်ကွဲခဲ့တာကြောင့် ၅ ဦး မပခ စစ်ဆေးရုံးကို အရေးပေါ် ပို့ဆောင်လိုက်ပြီး နောက်ထပ် ၉ ဦးထက်မနည်း‌ သေဆုံးတယ်လို့ KPDF ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။…

    Read More »
  • 1 April
    သတင်းphoto- မြစ်ကြီးနားမြို့တွင်းတစ်နေရာက စစ်ကောင်စီတပ်ဖွဲ့ဝင်များ

    ဆားမှော်တိုက်နယ်မှာ ဘာသာရေးဆရာ ၃ ဦးနဲ့အရပ်သားတစ်ချို့ကိုစစ်တပ်ဖမ်းဆီးထား

    မိုးကောင်းမြို့နယ် ဆားမှော်တိုက်နယ်မှာ ဘာသာရေးဆရာ ၃ ဦးနဲ့အရပ်သားတစ်ချို့ကို စစ်တပ်ကဓားစာခံအဖြစ်ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၃၁ ရက်နေ့ မနေ့ညနေ ၃ နာရီဝန်းကျင် ဆားမှော်တိုက်နယ်အုပ်ချုပ်ရေးမှူး ဦးသန်းအောင်ကြည် ဖမ်းဆီးခံသွားရပြီးနောက် စစ်ကောင်စီတပ်တွေဟာ ဆားမှော် ရပ်ကွက် ၅ မှာရှိတဲ့  ICM ဘုရားကျောင်းဝင်းမှာ သတို့သမီးအပ်နှင်းဆုတောင်းပွဲလုပ်နေချိန် ဘာသာရေးဆရာအပါအဝင် အမျိုးသမီးလူကြီးလူငယ်အားလုံးပေါင်း ၆၀ ဝန်းကျင်ဖမ်းဆီးသွားတဲ့အပြင် နောက်ထပ်ရပ်ကွက်တစ်ချို့က အရပ်သား ၈ ဦး စုစုပေါင်း ၇၀ ဝန်းကျင်ကိုဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဧပြီလ ၁ ရက်နေ့ မနက်မှာတော့ဖမ်းသွားတဲ့သူတွေထဲက အရပ်သားတွေကိုပြန်လွတ်ပေးခဲ့ပေမယ့် ကချင်ခရစ်ယာန်ဘာသာရေးဆရာ ၃ ဦးကိုဓားစာခံအဖြစ်ဖမ်းဆီးထားဆဲဖြစ်တယ်လို့  ဆားမှော်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “သူတို့ က KBCက သင်းအုပ်ဆရာတစ်ဦးနဲ့ ICM…

    Read More »
  • 1 April
    သတင်းphoto- ရှေ့တန်းတစ်နေရာက ဗန်းမောက် PDF တပ်ဖွဲ့ဝင်များ

    ကောလင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က အရပ်သားနေအိမ်တွေမီးရှို့ဖျက်ဆီး

    စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား မတ်လ…

    Read More »
  • 1 April
    သတင်း

    နှစ်ပေါင်း ၆၀ ကျော်ရှိတဲ့ စိန်လုံဘွမ့်(Sinlum Bum)ဗျူဟာတပ်စခန်းကြီးကို KIA သိမ်းပိုက်

    ဗန်းမော် – လွယ်ဂျယ်လမ်းမပေါ်မှာရှိတဲ့ စိန်လုံဘွမ့်(Sinlum Bum) စစ်တပ်ဗျူဟာကုန်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေက ဧပြီလ ၁ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၇ နာရီလောက်မှာ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၃၁ ရက်နေ့မှာ KIA ပူးပေါင်းတပ်တွေကထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့ ဒီကနေ့မှာ သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်နဲ့နီးစပ်တဲ့ လွယ်ဂျယ်ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။…

    Read More »
  • 1 April
    သတင်း

    ဆားမှော်ရွာ အုပ်ချုပ်ရေးမှူးဖမ်းဆီးခံရပြီးနောက် စစ်တပ်နဲ့ပျူအဖွဲ့များ အရပ်သားတွေကို လိုက်လံဖမ်းဆီးနေ

    မိုး‌ကောင်းမြို့နယ် ဆားမှော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဖမ်း‌ဆီးခံရပြီးနောက်…

    Read More »
  • Mar- 2024 -
    29 March
    သတင်း

    မူဆယ်က ကျားဖြန့်လုပ်ငန်းတွေ ဝင်ရောက်စီးနင်း ခံရပြီး တရုတ်နိုင်ငံသား အပါအဝင် လူဦးရေ ၇၀၀ နီးပါး ဖမ်းဆီးခံထားရ

    ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ထဲက အွန်လိုင်းကျားဖြန့်လုပ်ကိုင်တဲ့နေရာတွေကို စစ်ကောင်စီတပ်ကဝင်ရောက်စီးနင်းခဲ့ပြီး…

    Read More »
  • 28 March
    သတင်း

    ပူတာအိုမြို့ ကားလမ်းမကြီးပေါ်မှာ အရပ်သား ၂ ဦးကိုဖမ်းဆီးခံရ

    ကချင်ပြည်နယ် ပူတာအိုမြို့ထဲမှာ ဒီကနေ့ မနက်အစောပိုင်းက…

    Read More »
  • 28 March
    သတင်း

    နေရပ်ပြန်တာမခံပြည်သူများ ကောလဟာလသတင်းကြောင့် ထပ်ပြီးတိမ်းရှောင်သူတွေရှိနေ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက ကချင်လွတ်လပ်ရေး တပ်မတော်နဲ့ KIA၊ ကချင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ KPDF မဟာမိတ်ပူးပေါင်းတွေထိန်းချုပ်ထားတဲ့ တာမခံကျေးရွာထဲ နေရပ်ပြန်လာတဲ့စစ်ဘေးရှောင်ပြည်သူအချို့ ကောလဟာလသတင်းတွေကြောင့် ထပ်မံတိမ်းရှောင်သွားကြတာတွေရှိနေကြတယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာတိမ်းရှောင်သွားကြတဲ့ တာမခံပြည်သူတွေဟာ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာမှနေရပ်ပြန်ဝင်လာခဲ့ကြပေမယ့် ကောလဟာလသတင်းတွေကြောင့် လွန်ခဲ့တဲ့ ၂ ရက်က စလို့ ထပ်မံစစ်ရှောင်သွားကြသူတွေရှိနေတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ “တချို့တွေလည်းသွားကြလာကြတာပါ့ တိမ်းရှောင်နေကြတာပါ့တချို့တွေလည်း တချို့လည်းပြန်ဝင်သွားကြပြီးတချို့လည်း ဘာသံကြားလည်းမသိဘူး မနေ့တုန်းက ၂၆ ရက်နေ့တုန်းကဆိုရင်တော့ သွားလာနေကြတာ အထုပ်အပိုးတွေနဲ့ ဘယ်သွားဘယ်လာကြလဲမသိတတ်တော့ဘူး”လို့ပြောပါတယ်။ တပ်မတော်နေ့မှာ တာမခံဘက်ကိုလေယာဥ်နဲ့ဗုံးလာကျဲမယ်ဆိုတဲ့သတင်းတွေနဲ့ တပ်မတော်နေ့ပြီးရင် တာမခံကိုစစ်ကောင်စီတပ်က ထိုးစစ်ပြန်လာမယ်ဆိုတဲ့ နှုတ်သတင်းတွေ လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက ပြည်သူတွေကြားပျံ့နှံ့နေခဲ့တာပါ။…

    Read More »
  • 28 March
    သတင်း

    အကျဲစစ်တပ်စခန်းကို KIA လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အကျဲကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA  တပ်ရင်း (၁၁) က လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၂၈ ရက်နေ့ ဒီမနက် ၅နာရီဝန်းကျင်မှာ အကျဲကျေးရွာနဲ့ဖရောကျေးရွာကြားမှာ စစ်တပ်နဲ့ KIA တပ်တို့အကြား နှစ်ဖက်ပစ်ခတ်မှု ၁၀ မိနစ်ကြာဖြစ်ပွားခဲ့ပြီး  နေ့လည် ၁၂ နာရီဝန်းကျင်မှာတော့ KIA ဘက်အကျဲတပ်စခန်းကို လက်နက်ကြီးနဲပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ KIA ဘက်ကနေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးဟာ အကျဲတပ်စန်းထဲတစ်လုံးကျပေါက်ကွဲခဲ့တဲ့အပြင် ရွာတွင်းမှာရှိတဲ့နေအိမ်တစ်လုံးမှာလည်းထိမှန်ခဲ့တာကြောင့် ဒေသခံအမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့လည်း ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “သူတို့ အကျဲတပ်စခန်းကို ပစ်တာကျော်သွားတာထင်တယ် အိမ်တစ်အိမ်မှာသွားကျပြီး အဲအိမ်မီးလောင်သွားတယ် အဲမှာရှိနေတဲ့ အမျိုးသမီးနှစ်ယောက်ထဲက တစ်ယောက်ကခြေထောက်မှာဗုံးစ နည်းနည်းထိတယ် နောက်တစ်ယောက်တော့ချက်မှာ ထိသွားတယ်”လို့ ဆိုပါတယ်။…

    Read More »
  • 28 March
    သတင်း

    ဆွမ်ပရာဘွမ်တိုက်ပွဲ ရက်ပေါင်း ၂၀ ကျော်ကြာလာပေမယ့် စခန်းသိမ်းနိုင်ခြင်းမရှိသေး

    ကချင်ပြည်နယ် မြောက်ဖျားပိုင်းတစ်ခုလုံးမှာအကြီးဆုံးတပ်စခန်းဖြစ်တဲ့ ဆွမ်ပရာဘွမ်မြို့နယ်က ခလရ ၄၆ စစ်ကောင်စီတပ်စခန်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ဆက်လက်ကြိုးစားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ရိက္ခာပြတ်လပ်နေကြပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ တိုက်ပွဲစတင်လာတဲ့နေ့ကစပြီး မြစ်ကြီးနား–ပူတာအိုလမ်းပိုင်းကို KIA ပူးပေါင်းတပ်ပိတ်ပင်ထားတာ ခုဆိုရင် ရက်ပေါင်း ၂၀ ရက်ကျော်ရှိမြင့်လာချိန် စစ်တပ်အတွက် ရိက္ခာပြတ်လပ်လာတဲ့အခြေနေကြုံနေရ ပြီဖြစ်တယ်လို့ မတ်လ ၂၇ ရက်နေ့ထိ ဆွမ်ပရာဘွမ်တိုက်ပွဲအခြေနေနဲ့ပတ်သက်လို့ KIA ရှေ့တန်းသတင်းရင်းမြစ် တစ်ယောက်ကအခုလိုပြောပါတယ်။ “သူတို့က ကတုတ်ကျင်းကို လိုဏ်ဂူလိုအခိုင်အမာဆောက်ပြီးနေနေတာကြောင့် ခက်နေသေးတယ် လေယာဥ်နဲ့က ပြန်လာပစ် သူတို့က အထဲမှာပဲအခိုင်အမာနေရာယူထားတာဆိုတော့ခက်နေတယ် ဒီစခန်းကိုမရရအောင်သိမ်းဖို့ရည်ရွယ်ချက်နဲ့တိုက်နေတယ် သူတို့ ဒီစခန်းမှာ အင်အားတော့သိပ်မရှိ တော့ဘူး ရိက္ခာတွေလည်ပြတ်နေပြီလို့သိရတယ် လေယာဥ်ကပဲလာချတာပဲလုပ်နေတယ် လေယာဥ်နဲ့ပဲ အဓိကထားပြီးလာပစ်နေတယ် ဒီစခန်းထဲမှာရှိနေတဲ့ စစ်သားတွေကလည်း ငတ်ပြတ် နေကြပြီ သူတို့အထက်အမိန့်မရတာကြောင့်ပဲ လက်မလွှတ်တာတစ်ခုပဲရှိတော့တယ်။” လို့ပြောပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်တပ်တွေအကြား ကျဆုံးမှုတွေလည်းများနေတယ်လို့သိရသလို တပ်စခန်းအတွင်း စစ်ကောင်စီဘက်က အင်အား ၉၀ ဝန်းကျင်ရှိနေသေးတယ်လို့ဆိုပါတယ်။ ဒီစစ်တပ်စခန်းကို …

    Read More »
Back to top button