KNG

Kachin News Group (KNG) သည် လွတ်လပ်သော တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်ပြီ ကချင်ဒေသရှိ လူထု၏အသံကို ထင်ဟပ်တင်ဆက်နေသည်။
  • Mar- 2024 -
    16 March
    သတင်းNmawk

    ခလရ ၂၃၇ တပ်ကနေထွက်ပြေးလာတဲ့စစ်သားတစ်ဦးကို ဆိုင်ကယ်နဲ့လိုက်ပို့တဲ့ ရွာသားတစ်ဦးပစ်သတ်ခံရ

    မိုးမောက်မြို့နယ် ခလရ ၂၃၇ ဒါဆိုင်းတပ်ကနေ ဗန်းမော်မြို့နယ် ခူးလီ၊ နန့်လှိုင်ကျေးရွာဘက်ကို ထွက်ပြေးလာတဲ့ စစ်သားတစ်ဦးကိုဆိုင်ကယ်နဲ့လိုက်ပို့ပေးတဲ့ ခူးလီရွာသားတစ်ဦးပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၁၄ ရက်နေ့ မိုးမောက်မြို့နယ် ဒါဆိုင်းစစ်တပ်စခန်းဖြစ်တဲ့ ခလရ ၂၃၇ စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေက စခန်းဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ စခန်းစွန့်ခွာထွက်ပြေးတဲ့စစ်သားတစ်ချို့ ဒါဆိုင်းတပ်စခန်းနဲ့ ၁၀ မိုင်ဝန်းကျင်ဝေးတဲ့ ဗန်းမော်မြို့နယ် နန့်လှိုင်နဲ့ခူးလီရွာဘက်ကို ထွက်ပြေးလာကြတာဖြစ်တယ်လို့ ဆိုပါတယ်။ ထွက်ပြေးလာတဲ့ စစ်သားတွေဟာ အရပ်ဝတ်ဆင်ထားတဲ့ စစ်သားတွေပါသလို စစ်ယူနီဖောင်းဝတ်ထားတဲ့စစ်သားတွေအများပြားထွက်ပြေးလာတယ်လို့သိရပြီး အဲဒီစစ်ကောင်စီတပ်တွေဟာ ခူလီ၊နန့်လှိုင်ရွာထဲက ပြည်သူတစ်ချို့ကို ဗန်းမော်မြို့အဝင် နန့်ဖားဂိတ်ကို ပို့ဆောင်ခိုင်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီစစ်သားတွေထဲက အသက် ၇၀ ဝန်းကျင်ရှိပြီဖြစ်တဲ့ စစ်သားတစ်ဦးအမောဆို့နေတာကြောင့် ခူးလိီရွာသားက ဆိုင်ကယ်နဲ့လိုက်ပို့ပေးချိန်  နန့်လိုင်ရွာစျေးမှာတင် ပစ်ခံလိုက်တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “စစ်သားတွေက အရပ်ဝတ်တွေရော ပြီးတော့ ဖားတစ်ပိုင်း ငါးတစ်ပိုင်း စစ်အင်္ကျီယူနီဖောင်း ဘောင်းဘီတိုဝတ်တာတွေရော ထွက်ပြေးလာကြတာ အဲမှာ လမ်းသွားလာတဲ့သူတွေကို တားပြီးတော့ စစ်သားတွေက ဗန်းမော် နန့်ဖားဂိတ်ကို ပို့ခိုင်းတာလည်းရှိတယ်။ ရွာဘက်ကို စစ်သားတွေကို ကစဉ့်ကလျားပြေးလာကြတော့ ရွာသားတွေကလည်း ချောင်းကြည့်တာနေမှာပေါ့ အာ့မှာအသက်အရမ်းကြီးတဲ့ စစ်သားအိုတစ်ယောက်ကိုတွေ့တော့ အဲခူးလီရွာသားက  ဆိုင်ကယ်နဲ့မောင်းပြီးလိုက်ပို့ပေးတာလို့ သိရတယ်။ နန့်လှိုင်စျေးနားမှာဘဲ  ပြောက်ကျားပစ်သတ်ခံလိုက်ရတာ။ကျနောတ်ို့အထင်တော့ နှစ်ယောက်စလုံးစစ်သားလို့ထင်လို့ဖြစ်မယ်။ နောက်မှာလည်း စစ်သားကထင်ထားတော့လေ”လို့ ပြောပါတယ်။…

    Read More »
  • 16 March
    ELTV

    အပတ်စဉ် ကချင်တိုင်းရင်းသားဘာသာရုပ်သံအစီအစဉ် ( March 16 ,2024 )

    Read More »
  • 15 March
    တိုက်ပွဲ

    လိုင်ဇာမြို့ကို ခြိမ်းခြောက်တဲ့ ဘွမ့်ရေဘွမ့်တပ်ခန်ကို  KIA ထပ်မံ သိမ်းပိုက်

    KIO လိုင်ဇာ ဗဟိုဌာနချုပ်အနီးရှိ စစ်ကောင်စီတပ်ရဲ့ ဘွမ့်ရေဘွမ့် (Bumre Bum) တပ်စခန်းအကြီးကို…

    Read More »
  • 15 March
    သတင်း

    မိုင်းနားမှာ တုံဖုံးကားအချင်းချင်းတိုက်မိပြီး ကလေးတစ်ဦးအပါအဝင် ၇ ဦးထိခိုက်ဒဏ်ရာရ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့ မိုင်းနားကျေးရွာမှာ တုံဖုံးကား…

    Read More »
  • 15 March
    သတင်း

    တာမခံစစ်ရှောင်တွေကို နေရပ်ပြန်ဝင်ခွင့်ပြုတော့မယ်လိုဆို

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်က တာမခံစစ်ဘေးရှောင်ပြည်သူတွေ မတ်လ…

    Read More »
  • 15 March
    သတင်း

    KSCU  ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို လိုင်ဇာမြို့မှာအောင်မြင်စွာကျင်းပနိုင်ခဲ့

    ကချင်ပြည်နယ် လိုင်ဇာမြို့မှာ စစ်ရေးအခြေအနေတင်းမာနေတဲ့ကြားက ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၏ (KSCU) ဒုတိယအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့တယ်လို့ တက္ကသိုလ်ရဲ့ ဒုအဓိပတိဖြစ်သူ ဆရာ ဒေါက်တာ ဦးအောင်နိုင်သူကပြောပါတယ်။ ဘွဲနှင်းသဘင် အခမ်းအနားကို မတ်လ ၈ရက်နေ့က ကျင်းပဖို့ စီစဉ်ထားပေမယ့်လည်း လိုင်ဇာအနီးတစ်ဝိုက် စစ်ရေးတင်းမာလာတဲ့အတွက် တစ်ပတ်အကြာ နောက်ဆုတ်ပြီးမှ ပြန်လည်ကျင်းပခဲ့တာဘဲဖြစ်ပြီး အခုလိုအခက်အခဲကြားက ဘွဲနှင်းသဘင် ကျင်းပနိုင်ခဲ့တာနဲ့ ပက်သက်ပြီး ဒေါက်တာ အောင်နိုင်သူက ခုလို ဆိုပါတယ်။…

    Read More »
  • 15 March
    သတင်း

    စစ်မှုထမ်းဥပဒေထွက်လာပြီးနောက် အွန်လိုင်းကနေ လေယာဉ်လက်မှတ်လိမ်လည်ရောင်းချသူများလာ

    စစ်မှုထမ်းဥပဒေထုတ်ပြန်ကြေငြာလိုက်တဲ့နောက် လေယာဉ်လက်မှတ်တွေကို အွန်လိုင်းကတစ်ဆင့်လိမ်လည်ရောင်းချသူတွေ သိသိသာသာများလာနေတယ်လို့ မြစ်ကြီးနားမြို့တွင်းမှာရှိတဲ့ လေယာဉ်လက်မှတ်အရောင်းဌာနတွေဆီက သိရပါတယ်။ “အခုဒီ နောက်ပိုင်းဆို မြစ်ကြီးနားမှာတွေရောဘဲ အလိမ်ခံရတဲ့သူတွေအရမ်းရှိနေပြီ၊ လေယာဉ်လက်မှတ် လိမ်ရောင်းတာတွေပေါ့။  အခုလို လေယာဉ်လက်မှတ်ဝယ်ရခက်နေတဲ့ချိန်၊ လိမ်ရောင်းတဲ့သူတွေ အရမ်းကိုများလာတယ်၊ အွန်လိုင်းကနေ ဝယ်တဲ့သူတွေများတော့လေ”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ရက်နေ့ကစပြီး အာဏာသိမ်းစစ်ကောင်စီတပ်ဟာ အသက် ၁၈ ပြည့်သူတိုင်း စစ်မှုမထမ်းမနေရ အမိန့်ကို ထုတ်ပြန်ကြေညာလိုက်ချိန်ကစပြီး စစ်ကောင်စီတပ်တွေဟာ ကားလမ်းပိုင်းနဲ့ခရီးသွားသူတွေကိုစစ်ဆေးတင်းကြပ်လာတာကြောင့် လေကြောင်းကို အဓိကပြုလာကြတာဖြစ်ပါတယ်။ ခုလို ပြည်သူတွေအနေနဲ့ ပြည်တွင်းပြည်ပ ခရီးသွားဖို့လေကြောင်းလိုင်းကိုသာ အသုံးပြုတာများလာနေချိန် တစ်ဖက်မှာလည်း လက်မှတ်အရောင်း လိမ်လည်သူတွေလည်း  ပိုပြီး သိသိသာသာလာနေကြတာဖြစ်တယ်လို့ ဆိုပါတယ်။…

    Read More »
  • 15 March
    တိုက်ပွဲ

    ဆွမ်ပရာဘွမ့်မြို့တွင်း တိုက်ပွဲပြင်းထန်နေ

    ဆွမ်ပရာဘွမ့်မြို့တွင်းတပ် ခလရ ၄၆ တပ်ရင်းကို လက်မလွတ်ရေးအတွက် စစ်တပ်ဘက်ကနေ မတ်လ ၁၅ ရက် ဒီကနေ့ မနက်ပိုင်းမှာတင် ဂျက်လေယာဉ်နဲ့ ၇ ကြိမ်အထက် အသွားအပြန် လာရောက်ပစ်ခတ်နေတယ်လို့ ဆွမ်ပရာဘွမ့်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကို ပြောပါတယ်။

    Read More »
  • 15 March
    လူ့အခွင့်အရေးချိုးဖောက်မှု

    နန်းကွေ့ရွာမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၃ ဦးကို စစ်တပ်က သေနတ်နဲ့ပစ်လို့ တစ်ဦးကျည်ထိမှန်

    “သူတို့က အဲဒီနန်းကွေ့ချောင်းသာနားမှာ စစ်သားတွေ စစ်ဆေးနေတာတွေ့တော့ ကြောက်လို့ ပြန်ကွေ့တော့ စစ်သားတွေက ရပ်လို့အော်တာ မရပ်တော့ သေနတ်နဲ့ အသားကုန်ပစ်တာ ဆိုင်ကယ်အလယ်မှာစီးတဲ့ တစ်ယောက်က သေနတ်မှန်သွားတယ်”လို့ ဆိုပါတယ်။

    Read More »
  • 14 March
    လူ့အခွင့်အရေးချိုးဖောက်မှု

    မိုးမောက်မှာလက်နက်ကြီး မကြာခဏကျရောက်ပေါက်ကွဲလို့ ဒေသခံများလုံခြုံရေးစိုးရိမ်နေရ

    ဗန်းမော်ခရိုင် မိုးမောက်မြို့မှာ လက်နက်ကြီးမကြာခဏကျရောက်ပေါက်ကွဲနေတာကြောင့် ဒေသခံတွေလုံခြုံရေးစိုးရိမ်နေကြရတယ်လို့ သိရပါတယ်။ လက်ရှိ မိုးမောက်မြို့ထဲ ဒါဆိုင်းကျေးရွာအနီးမှာရှိတဲ့ ခလရ (၂၃၇) တပ်စခန်းကို KIA ဘက်က မနေ့ညမှာ သိမ်းပိုက်ထားပြီဖြစ်ပေမယ့် စစ်တပ်ဘက်ကလေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်နေတာကြောင့် လုံခြုံရေးစိုးရိမ်နေရတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒါဆိုင်းစခန်းမသိမ်းမီ  မတ်လ ၁၂ ရက်နေ့ စစ်တပ်ဘက်ကလက်နက်ကြီးပစ်ခတ်ခဲ့လို့ မိုးမိတ်စစ်ရှောင်စခန်းက လူငယ်တစ်ဦးနဲ့ အမှုဆောင်ဆရာတစ်ပါး ထိခိုက်ဒဏ်ရာရ ရှိခဲ့တဲ့အပြင် နေအိမ်တစ်လုံးပေါ် လည်းကျရောက်ပေါက်ကွဲတာတွေလည်း ရှိတယ်လို့ မိုးမောက်မြို့ဒေသခံအမျိုးသား တစ်ယောက်က KNG ကိုပြောပါတယ်။…

    Read More »
Back to top button