လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

နန်းကွေ့ရွာမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၃ ဦးကို စစ်တပ်က သေနတ်နဲ့ပစ်လို့ တစ်ဦးကျည်ထိမှန်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နန်းကွေ့ကျေးရွာမှာ ဆိုင်ကယ်စီးလာတဲ့အမျိုးသား ၃ဦးကို စစ်ကောင်စီတပ်တွေက လိုက်လံပစ်ခတ်ခဲ့တာကြောင့်  အမျိုးသားတစ်ဦး သေနတ်ကျည်ထိမှန်ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖြစ်စဉ်ကတော့ မတ်လ ၁၄ ရက်နေ့ မနေ့ ညနေပိုင်း  နာရီဝန်းကျင်  နန်းကွေ့ကျေးရွာထဲမှာရှိတဲ့ (ဒေသအခေါ် )နန်းကွေ့ချောင်းသာသွားတဲ့ လမ်းဆုံတစ်နေရာမှာ စစ်ကောင်စီတပ်တွေက လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးနေချိန် ဆိုင်ကယ်စကူဘီကြက်သွေးရောင်ဘီးတစ်စီး အတူပေါင်းစီးလာကြတဲ့ အမျိုးသား  ဦးလူသုံးဦးဟာ  စစ်ဆေးမခံဘဲ ဆိုင်ကယ်လှည့်ပြန်သွားတာကြောင့် စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့လိုက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဆိုင်ကယ်အလယ်က အမျိုးသားတစ်ဦးကို သေနတ်ထိမှန်ခဲ့တယ်လို့ ဒေသခံတစ်ဦးက  ခုလိုပြောပါတယ်။

သူတို့က အဲဒီနန်းကွေ့ချောင်းသာနားမှာ စစ်သားတွေ စစ်ဆေးနေတာတွေ့တော့ ကြောက်လို့ ပြန်ကွေ့တော့ စစ်သားတွေက ရပ်လို့အော်တာ မရပ်တော့ သေနတ်နဲ့ အသားကုန်ပစ်တာ ဆိုင်ကယ်အလယ်မှာစီးတဲ့ တစ်ယောက်က သေနတ်မှန်သွားတယ်လို့ ဆိုပါတယ်။

သေနတ်မှန်တဲ့ အမျိုးသားကတော့ အသက် ၃၀ ဝန်ကျင်အရွယ် နန်းကွေ့ကျေးရွာ နယ်မြေ  မှာနေထိုင်သူဖြစ်ပြီး  ဗိုက်မှာသေနတ်ဒဏ်ရာရခဲ့တယ်လို့ သိရပြီး နေအိမ်ပြန်ပို့ချိန် သတိမေ့သွားခဲ့တာကြောင့် မိသားစုဝင်တွေဟာ လူမူကူညီရေးအသင်းတွေကို ဆက်သွယ်ပြီး မြစ်ကြီးနား ပြည်သူ့ဆေးရုံပို့ဆောင်ပေးလိုက်ကြတယ်လို့ သိရပါတယ်။

သူရဲ့ ဗိုက်က သွေးတွေထွက်ပြီး မေ့နေတာက နာရီဝက်လောက်တော့ ရှိနေပြီး အသက်တော့ရှိသေးတယ်။ မိသားစုဝင်တွေက လူမှုကယ်ဆယ်ရေးအသင်းတွေနဲ့ ဆက်သွယ်ပြီး ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်” လို့ နန်းကွေ့ရွာခံတစ်ဦး ကပြောပါတယ်။

မြစ်ကြီးနားမြို့မှာ စစ်မှုမထမ်းမနေရ ဉပဒေထွက်ပေါ်လာပြီးနောက် စစ်ကောင်စီဘက်က ဖမ်းဆီး စစ်ဆေးမှုတွေပိုမိုတိုးမြင့်တာဘဲ ဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၂ရက်နေ့တုန်းကလည်း စစ်ကောင်စီဘက်က ရမ်ဘူရပ်ကွက် ဖက်တီးမ စားသောက်ဆိုင်ဘေးက လောင်းကစားရုံမှာ ရှောင်တခင်ဝင်ရောက်လာပြီး လူငယ် ၁၀ယောက်ကျော်ကို ဖမ်းဆီးသွားခဲ့တာဘဲဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button