KNG

Kachin News Group (KNG) သည် လွတ်လပ်သော တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်ပြီ ကချင်ဒေသရှိ လူထု၏အသံကို ထင်ဟပ်တင်ဆက်နေသည်။
  • Jan- 2024 -
    16 January
    သတင်း

    ဗန်းမော် အောက်ချောင်းဒေသဘက် စားသောက်ကုန်တင်ပို့ခွင့် ပိတ်ပင်ထားခံရ

    ဗန်းမော်ခရိုင် မံစီမြို့ ကောင်လွင်ကျေးရွာအပါအဝင် အောက်ချောင်းဒေသဘက်ပြေးဆွဲနေတဲ့ လိုင်းကားတွေကို စစ်ကောင်စီဘက် ဆန်၊ဆားနဲ့ အခြားကုန်ခြောက်တွေကို သယ်ဆောင်ခွင့် ပိတ်ပင်ထားတယ်လို့ ကောင်လွင်ဒေသခံ တစ်ဦးက ပြောပါတယ်။ ဇန်နဝါရီလ ၁၄ ရက်နေ့ကစပြီး  ရွှေကူလမ်းနဲ့ ဟန်ထက်လမ်းခွဲနေရာတွေမှာ ဂိတ်ထိုင်ထားတဲ့ စစ်ကောင်စီတပ်တွေက လိုင်းကားတွေကို ဆန်၊ဆားနဲ့ အခြားကုန်ခြောက်တွေကို သယ်ဆောင်ခွင့်ပိတ်ထားတာဖြစ်တယ်လို့ ကောင်ရွန်ဒေသခံတစ်ဦးက ပြောပါတယ်။…

    Read More »
  • 16 January
    သတင်း

    စစ်တပ် ထောက်ခံ တယ်လီဂရမ် ချန်နယ်တွေရဲ့ လှုံဆောင်မှုကြောင့် ဖမ်းဆီးခံရသူ ၂၅၀ ဦးဝန်းကျင်ရှိ

    စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်ထောက်ခံသူ တယ်လီဂရမ်ချန်နယ်တွေရဲ့ အမုန်းစကားနဲ့…

    Read More »
  • 15 January
    သတင်း

    မြစ်ကြီးနား နယ်မြေရဲစခန်းနီးတစ်ဝိုက် မိုင်းပေါက်ကွဲ

    မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ကြားမှာရှိတဲ့  အမှတ် (၂)…

    Read More »
  • 15 January
    သတင်း

    နန့်မွန်းမှာ NLD ပါတီးဟောင်းတစ်ဦး ပစ်သတ်ခံရ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့…

    Read More »
  • 15 January
    သတင်း

    နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်ရင်းကို KIA တိုက်ခိုက် သိမ်းပိုက်

    ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ အထိုင်တပ်ဖြစ်တဲ့ ခလရ ၁၂၃ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ အဲဒီတပ်စခန်းကို KIA က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်ကတည်းက တိုက်ခိုက်နေတာဖြစ်ပြီး ဒီမနက် ဇန်နဝါရီ ၁၅ ရက်နေ့ မနက် ၉ နာရီခွဲလောက်မှာ နမ့်ဖတ်ကာ တပ်ရင်းစခန်းထဲကို KIA က ဝင်ရောက်နိုင်ခဲ့တာဖြစ်တယ်လို့…

    Read More »
  • 15 January
    သတင်း

    ဝိုင်းမော်မှာ ရွှေမင်းပြည်သူ့စစ်အဖွဲ့တွေက မိသားစုပါမကျန် ဖမ်းဆီးပြီး တပ်သားစုဆောင်း ဖမ်းဆီးနေ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ(၁)ကျေးရွာမှာ ဦးရွှေမင်းဦးဆောင်တဲ့ လီဆူပြည်သူ့စစ်အဖွဲ့တွေက လီဆူလူမျိုးတွေကို မိသားစုတွေပါမကျန် ဖမ်းဆီးပြီး တပ်သားစုဆောင်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အောင်မြေ(၁) ပြည်သူ့စစ်တပ်စခန်း အထိုင်ချထားတဲ့ အင်လုန်ခ(N-Lung Hka)တံတားမှာ လမ်းသွားလမ်းလာတဲ့ ပြည်သူတွေကို တစ်ယောက်ပြီးတစ်ယောက် စစ်ဆေးနေပြီး လီဆူလူမျိုးဖြစ်တဲ့သူတွေကို ဖမ်းဆီးထားတယ်လို့ အောင်မြေ(၁) ဒေသခံအမျိုးသမီးတစ်ယောက်က KNG ကိုပြောပါတယ်။ “ဟုတ်တယ် ဒီကစ္စနဲ့ ပတ်သက်ပြီး အရမ်းအံ့ဩနေကြတယ်။ စနေနေ့မှာလည်း အများကြီးဖမ်းထားတယ်။ အဲ့ဒီဂိတ်မှာရောက်တာနဲ့ဘာလူမျိုးလဲအရင်မေးတယ်။ လီဆူနဲ့လော်ဝေါ် ဆိုရင်အကုန်ရပ်ခိုင်းနေတယ်။ အများကြီးဖမ်းထားတယ်။ ကားပေါ်မှာပါလာရင်လည်း လီဆူဆိုရင်အကုန်ဆွဲချတယ်။ မိခင်တွေပါမကျန်ဖမ်းတယ်။ အဲ့ကြောင့်လေ သွားလာဖို့အရမ်းခက်နေတယ်။ ဒီကနေ့လည်းဖမ်းနေတယ်”…

    Read More »
  • 15 January
    သတင်း

    လုံးခင်းကျေးရွာ အဝင်စစ်ဆေးရေးဂိတ်မှာ ယမ်းကား သုံးဆီးဖမ်းဆီးခံရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအဝင်အဝင်မှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ ယမ်းကားသုံးဆီးဖမ်းဆီးခံရတယ်လို့  လုံးခင်းမှာနေထိုင်သူတွေဆီကနေ သိရပါတယ်။ လုံးခင်းကျေးရွာအဝင် စစ်ဆေးရေးဂိတ်တစ်ခုဖြစ်တဲ့ ယမ်းချက်စစ်ရေးဂိတ်မှာ ဇန္နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်မှာ လုံးခင်းကျေးရွာဘက်ကိုဝင်လာတဲ့ ယမ်းကားသုံးစီးစစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့လို့ လုံးခင်းကျေးရွာနေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “လုံးခင်းဘက်ကိုအဝင်ပေါ့ဘယ်ကလာတာလည်းတော့မသိရဘူး ၁၂ ဘီးကားကြီးပဲ သုံးစီးဟုတ်တယ်။ ကုမ္ပဏီက ယမ်းကားတွေဖြစ်ဖို့များတယ် တခြားကတော့မဟုတ်လောက်ဘူး”လို့ သူကပြောပါတယ်။…

    Read More »
  • 15 January
    သတင်း

    ဝါယာရှော့ကြောင့် ကုန်စုံဆိုင်ဖွင့်ထားတဲ့နေအိမ်တစ်လုံးမီးလောင်

    မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့နေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားတယ်လို့ စီတာပူဒေသခံတွေဆီကနေ သိရပါတယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့ ဒီကနေ့မနက် ၅ နာရီဝန်းကျင်မှာ စီတာပူရပ်ကွက် နယ်မြေ ၃ မှာရှိတဲ့နေအိမ်တစ်လုံးဟာ  အိမ်ရဲ့အောက်ထပ်မှာတွဲရပ်ဖွင့်ထားတဲ့ ကုန်စုံဆိုင်ကနေ ဝါယာရှော့ဖြစ်ရာကနေ မီးလောင်သွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “အောက်ထပ်မှာရှိတဲ့ ကုန်စုံဆိုင်ကနေ ဝါယာရှော့ဖြစ်ပြီးလောင်တာလို့ပြောတယ် ပြီးတော့ ကုန်စုံဆိုင်ဆိုတော့ ပစ္စည်းတွေလည်း အများကြီးဆိုတော့ အဲကနေလောင်တာပေါ့”လို့ ဆိုပါတယ်။…

    Read More »
  • 13 January
    သတင်း

    သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့တွေမှာ TNLA အုပ်ချုပ်ရေးစတင်မယ်လို့ PSLF/TNLA ဥက္ကဌဒုတိယ ဗိုလ်မှူးကြီး တားအိုက်ဘုန်းပြော

    ရှမ်းပြည်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းတပ်မတော်…

    Read More »
  • 12 January
    သတင်း

    မန်ဝိန်းဂိတ်မှာ  ဆန်သယ်ခွင့်ပိတ်ထားတာကြောင့် ချီဖွေစစ်ရှောင်များအခက်တွေ့

    ဝိုင်းမော်– ချီဖွေသွားလမ်းမှာ ရှိတဲ့ ဂိတ်တွေမှာ ဆန်အိတ်တွေ သယ်ဆောင်ခွင့် မပြုတဲ့အတွက် ချီဖွေ စစ်ရှောင်စခန်းက စစ်ရှောင်တွေ စားသောက်ရေး အခက်အခဲတွေ ရှိနေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။ အသေးစိတ်ကို ကချင်သတင်းဌာနက ဘူဘူ က သတင်းပေးပို့ထားပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA တွေ စောင့်တဲ့ မန်ဝိန်းဂိတ်မှာ စစ်ဆေးရေးတွေ တင်းကျပ်နေတဲ့အပြင် ဆန်သယ်ယူခွင့်လည်း မပြုတာကြောင့် စစ်ရှောင်စခန်းတွင်း အခက်အခဲတွေ ကြုံနေရတဲ့အတွက် ဆန်တွေ ပြန်လည်သယ်ယူခွင့်ပြုစေလိုတယ်လို့ ကချင်ပြည်နယ် ပန်ဝါဒေသမှာ ရှိတဲ့ ချီဖွေစစ်ရှောင်စခန်း ၂ က အမျိုးသမီးတစ်ယောက်က ပြောပါတယ်။ “ကျွန်မတို့ စစ်ရှောင်မှာက ခက်ခဲတဲ့အတွက် ဆန်သယ်ယူတာတွေကို လမ်းမှာ လျှောလျှောရှူရှူနဲ့ သယ်ယူခွင့်ပြုတာကို ကျွန်မတို့ အရမ်းလိုလာတယ်၊ ဒီကနေ ဝယ်စားမယ်ဆိုရင်လည်း ဈေးတွေ ကြီးတော့ ကျွန်မတို့ ကမတက်နိုင်ဘူးလေ”လို့ ပြောပါတယ်။ အခုလို ဆန်သယ်ယူခွင့် တင်းကျပ်တာတွေကြောင့် စခန်းတွင်း ဆန်မလုံလောက်တာတွေ၊ ဆန်ပြတ်လပ်ပြီး ချေးငှားပြီး ဖြေရှင်းရတဲ့ထိ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ သူကဆက်ပြောပါတယ်။…

    Read More »
Back to top button