-
Mar- 2024 -5 Marchစစ်ပြေးဒုက္ခသည်များ
ရွှေကူနယ်ဘက်က စစ်ကြောင်းဝင်ရောက်လာတဲ့အတွက် ကျေးရွာ ၂ ခုက ဒေသခံတွေပိတ်မိနေ
ရွှေကူ အခြေစိုက် ခလရ ၅၆ တပ် နဲ့ ခမရ ၆၀၂ တပ်ထဲရနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ လက်ရှိမြောက်ရွာနဲ့ တုန်းပုန်ကျေးရွာထဲဝင်ရောက်နေတာဖြစ်ပြီး ကျေးရွာတွင်းစစ်ကြောင်းဝင်ရောက်လာချိန် ထွက်ပြေးတိမ်းရှောင်ခွင့်မရလိုက်တဲ့ ဒေသခံအများအပြားလက်ရှိ ကျေးရွာထဲမှာပိတ်မိနေတယ်လို့ တုန်းပုန်ကျေးရွာအနီးမှာနေထိုင်တဲ့အမျိုးသားတစ်ဦးကပြောပါတယ်
Read More » -
5 Marchစစ်ပြေးဒုက္ခသည်များ
တိုက်ပွဲဖြစ်လာမှာ စိုးရိမ်တဲ့အတွက် မိုးမောက် ပြည်သူများ ကြိုတင်တိမ်းရှောင်နေ
ကချင်ပြည်နယ် မိုးမောက်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားလာနိုင်ခြေရှိတယ်ဆိုတဲ့သတင်းတွေကြောင့် ကျေးရွာနေပြည်သူတွေများဘေးလွတ်ရာကို…
Read More » -
5 Marchတိုက်ပွဲ
တာမခံဘုန်းကြီးကျောင်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ပိတ်ဆို့တိုက်ခိုက်ခံရပြီး သေဆုံးမှုများပြား
ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခံရွာဘုန်းကျောင်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်နဲ့…
Read More » -
4 Marchစစ်ပြေးဒုက္ခသည်များ
နမ့်မှော်ကျေးရွာပြည်သူတချို့ ရွာထဲပိတ်မိနေ
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ကသိုဏ်းတောင်ခြေမှာရှိတဲ့ နမ့်မှော်ကျေးရွာနေပြည်သူတချို့…
Read More » -
4 Marchမြေယာနှင့် သဘာဝပတ်ဝန်းကျင်
ဗဲန်ဝိုင်ကျေးရွာမှာ မြေရှားသတ္တုတူးဖော်နေတာကို ရပ်တန့်ပေးဖို့ ဒေသခံပြည်သူတွေက တောင်းဆို
စိန်လုံတောင်အနီး ဗဲန်ဝိုင်ကျေးရွာမှာ ဒေသခံပြည်သူအိမ်ခြေ ၂၀ ကျော်ရဲ့ ရှောက်ကောစိုက်ခင်းရှိတဲ့ လဂတ်တောင်တစ်ကြောကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ဒေသခံခြံပိုင်ရှင်တွေကိုခြံထဲဝင်ခွင့်ပိတ်ထားပြီး မြေရှားသတ္တုတူးဖော်ခွင့်ပြုနေတယ်လို့ ပြောပါတယ်။
Read More » -
4 Marchတိုက်ပွဲ
ကောလင်းမှာ တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လူနေအိမ်များ မီးလောင်ပျက်စီး
စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ အကြား ၂ ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်လို့ အထက်တန်းကျောင်းက ကျောင်းဆောင်တချို့နဲ့ လူနေအိမ်တချို့ပျက်ဆီးသွားတယ် လို့ ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က ကျောက်တန်းရွာကိုမီးရှို့ပြီး ခံသာရွာဘက်ကို ထွက်လာတဲ့အချိန် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ မနေ့ကလည်း တိုက်ပွဲဆက်ဖြစ်ခဲ့တာပါ။ စစ်ကောင်စီတပ်ဘက်က တိုက်ပွဲဖြစ်တဲ့နှစ်ရက်လုံး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မတ်လ ၃ ရက်နေ့ မနေ့ကတိုက်ခိုက်မှုမှာ ခံသာရွာကနေအိမ်တချို့နဲ့ ကျောင်းဆောင်တွေကိုထိမှန်ခဲ့တာလို့ ကောလင်းခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “ကျောက်တန်းရွာတွေဘက်ကိုမီးတွေရှို့ကြတာပေါ့ အဲ့ဒီကနေ ခံသာရွာဘက်မှာတိုက်ပွဲဖြစ်တာ အဲ့တာ ခံသာဘက်ကိုလေကြောင်းလာပစ်လို့ ခံသာအထကကျောင်းတော့ပျက်သွားတယ်လို့ သိရပါတယ်။”…
Read More » -
4 Marchဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့သတင်း
တန့်ဆည်မှာ အပိုင်းပိုင်းခုတ်ဖြတ် အသတ်ခံထားရတဲ့ ရုပ်အလောင်း ၁၁ လောင်းတွေ့
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ ရပ်ကျေးပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်နဲ့ ရပ်ကျေး ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ဝင်တွေအပါအဝင် အရပ်သား ၁၁ ယောက် အပိုင်းပိုင်းခုတ်ဖြတ်သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း ၁၁ လောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ သတ်ဖြတ်ခံရသူတွေဟာ အမျိုးသား ၁၁ ယောက်ဖြစ်ပြီး KNG က ရရှိထားတဲ့ မှတ်တမ်းဓာတ်ပုံတွေအရ သတ်ဖြတ်ခံရသူတွေကို ခြေထောက်၊ လက်နဲ့ ခေါင်းတွေကို အပိုင်းပိုင်းဖြတ်ထားတာ တွေ့ရသလို ဗိုက်ကိုဖောက်အူကိုထုတ်၊ တချို့အလောင်းတွေဆိုရင် အသည်းပါထုတ်ထားတာ တွေ့ရပါတယ်။ အဲ့ဒီသတ်ဖြတ်မှုကိုတော့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကစ စစ်ကောင်စီလက်အောက်ခံ ခမရ ၇၀၈၊ ခလရ ၁၁ စစ်ကြောင်းနဲ့ ဘုန်းကြီးဝါသဝလက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ အင်အား၂၀၀ ကျော်က ရွာစဥ်စစ်ကြောင်းပတ်ထိုးပြီး ကျူးလွန်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ “၁၁ဦးထဲကမှ ခနောရွာသစ်ကျေးရွာက ရပ်ကျေးပကဖတာဝန် ခံနဲ့ ရပ်ကျေးပအဖတာဝန်ခံ ၂ဦး လုံးကို သတ်ဖြတ်သွားတယ် ကျန်တာတွေက လက်လုပ်လက်စားရိုးရိုးသားသား အရပ်သား ပြည်သူတွေပါဗျာ ရွာတွေထဲနဲ့ ရွာအနီးတဝှိုက်တောစပ်ထဲမှာပဲ သတ်ဖြတ်ခဲ့ကြတယ်”လို့ People’s…
Read More » -
4 Marchတိုက်ပွဲ
KIA တပ်ရင်း ၁၂ ဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ် တစ်ရက်ထဲ ၂ ကြိမ်တိုက်ခိုက်ခံရပြီး အထိနာ
အဲဒီစစ်ကြောင်းဟာ မတ်လ ၃ ရက် မနေ့က နေ့မနက်ပိုင်းမှာ ရွှေကူမြို့ဘက်ကနေ မြို့အထက် နန့်ဖာဘက်ကို အင်အား ၈၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာချိန် လမ်းကူးကျေးရွာနဲ့ မီတာ ၂၀၀ ကျော်အကွာ (ဒေသအခေါ် )ကျောက်ကွင်းစခန်းအနီးမှာ KIAနဲ့ KPDF ၊LPDF ပူးပေါင်းတပ်တွေတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရွှေကူနယ် LPDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။
Read More » -
4 Marchတိုက်ပွဲ
တာမခံတိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်ရွာမီးရှို့ဖျက်ဆီးနေ
ဖားကန့်မြို့နယ် တာမခံကျေးရွာမှာ စစ်ကောင်စီတပ်က ရွာထဲကနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတဲ့အပြင် နှစ်ဖက်တပ်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၃ ရက်နေ့ မနေ့က မနက်ပိုင်းကစပြီး စစ်ကောင်စီတပ် ခလရ ၄၂၊ ခလရ ၁၂၊ ခလရ ၇၆ ပူးပေါင်းတပ်တို့ဟာ ဖာကန့်ဘက်ကနေ တိုက်ပွဲဖြစ်ပွားနေတဲ့တာမခံဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာချိန် ဟောင်ပါးအုပ်စု မှော်လုံကျေးရွာအနီး KIA နဲ့ PDF ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာကနေ စစ်ကောင်စီတပ်တွေဟာ တာမခံကျေးရွာထဲကိုဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးဖျက်ဆီးနေတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရွာတွင်းဝင်ရောက်နေတဲ့ စစ်ကြောင်းနဲ့ KIA,PDF ပူးပေါင်းတပ်တွေကလည်း မေလ ၄ ရက် ဒီကနေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်ကနေ ရွာထဲမှာနှစ်ဖက်တပ်တိုက်ပွဲထပ်ပြီးဖြစ်ပွားနေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်က KNG ကိုပြောပါတယ်။ “ဒီကနေ့ အခြေအနေက ရွာထဲမှာ မီးရှို့နေတဲ့ စစ်ကောင်စီတပ်သားတွေ၊ ရှမ်းနီတပ်တွေနဲ့ ပျူစောထီး တပ်တွေက ရွာထဲမှာ မနေ့ကနေ မီးရှို့ပြီး ရှိနေတာကို KIA က ပိတ်ဆို့ပြီး ဝိုင်းရံ တိုက်ခိုက်နေတာဟုတ်တယ်။ တိုက်ပွဲဖြစ်တာက ဒီမနက် ၆ နာရီလောက်ကနေ ဖြစ်တာ။ စစ်တပ်ဘက်ကနေ ထိခိုက်ဒဏ်ရာရသွားတဲ့သူတွေကို ပွင့်ထုတ်နေကြတယ်။ သေဆုံးတာနဲ့ ပတ်သက်ပြီး အတိအကျပြောဖို့တော့ခက်သေးတယ်”လို့ပြောပါတယ်။…
Read More » -
2 Marchမြေယာနှင့် သဘာဝပတ်ဝန်းကျင်
မချမ်းဘောဆေးရုံ ရေဆိပ် နေရာတူးဖော်နေတဲ့ ရွှေလုပ်ကွက်အားလုံး ရပ်ဆိုင်း
ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုမြို့နယ် မချမ်းဘော့မြို့ ဆေးရုံရေဆိပ် နေရာမှာ တူးဖော်နေတဲ့ ရွှေလုပ်ကွက်ကို တစ်လတူးဖော်ခွင့်နဲ့ လုပ်ခွင့်ပေးခဲ့ပေမဲ့ တစ်လမပြည့်ခင်မှာဘဲ ရပ်ဆိုင်းလိုက်ရပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။…
Read More »