စစ်ပြေးဒုက္ခသည်များသတင်း

ရွှေကူနယ်ဘက်က စစ်ကြောင်းဝင်ရောက်လာတဲ့အတွက် ကျေးရွာ ၂ ခုက ဒေသခံတွေပိတ်မိနေ

ကချင်ပြည်နယ် ရွှေကူမြို့နယ် အောက်ဘက်ခြမ်းမှာရှိတဲ့ မြောက်ရွာနဲ့ တုန်းပုန်ကျေးရွာတွမှာ စစ်ကောင်စီ စစ်ကြောင်းတွေဝင်ရောက်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်ခွင့်မရဘဲ ဒေသခံပြည်သူတစ်ချို့ ကျေးရွာထဲပိတ်မိနေတယ်လို့သိရပါတယ်။

ရွှေကူ အခြေစိုက် ခလရ ၅၆ တပ် နဲ့ ခမရ ၆၀၂ တပ်ထဲရနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ လက်ရှိမြောက်ရွာနဲ့ တုန်းပုန်ကျေးရွာထဲဝင်ရောက်နေတာဖြစ်ပြီး ကျေးရွာတွင်းစစ်ကြောင်းဝင်ရောက်လာချိန် ထွက်ပြေးတိမ်းရှောင်ခွင့်မရလိုက်တဲ့ ဒေသခံအများအပြားလက်ရှိ ကျေးရွာထဲမှာပိတ်မိနေတယ်လို့ တုန်းပုန်ကျေးရွာအနီးမှာနေထိုင်တဲ့အမျိုးသားတစ်ဦးကပြောပါတယ်။

တုန်းပုန်ရွာထဲမှာ ဒီမနက်  နာရီကတည်းကနေ စစ်ကြောင်းတွေဝင်နေတာ ရုတ်တရက်ကြီးရောက်ချလာတာ အင်အားက ၄၀ ကျော်ရှိတယ် ရွာသားတွေကတော့အများကြီးပိတ်မိနေတယ်လောလောဆယ် စစ်သားတွေကမထွက်ခိုင်းဘူး ရွာသားတွေကိုလို့ အသက် ၃၀ ကျော်အရွယ်ရှိအထက်ပါအမျိုးသားကပြောပါတယ်။

အလားတူ မနေ့က မတ္လ ၄ရက်နေ့မွန်းလွဲ ပိုင်းမှာလည်း အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်း တုန်းပုန်ကျေးရွာအနီးက မြောက်ရွာထဲကိုဝင်ရောက်လာပြီး ကျေးရွာသား ၅၀ ကျော်ကိုဖမ်း ဆီးခဲ့ရာလက်ရှိအချိန်ထိပိတ်မိနေဆဲလို့ မြောက်ရွာဒေသခံတွေနဲ့နီးစပ်တဲ့ ရွှေကူဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

ဖမ်းထားတာက ၅၀ ကျော်တယ်ပြောတယ် တချို့ကိုတော့မနေ့ကလွတ်ပေးလိုက်တယ် ကျန်တဲ့တချို့ကိုတော့ဒီမနက်မှလွတ်ပေးလိုက်တာဒါပေမယ့် ရွာထဲကနေမထွက်ခိုင်းဘူး ပိတ်မိနေတယ် စစ်ကြောင်းရောက်လာတဲ့အခါမပြေးလိုက်ရတဲ့သူတွေပိတ်မိသွားတာလို့ အသက် ၅၀ ကျော်အရွယ် ရှိတဲ့ အထက်ပါအမျိုးသားကပြောပါတယ်။

မြောက်ရွာမှာရှိနေတဲ့စစ်ကြောင်းဟာ ဒီကနေ့ မနက်အထိ ကျေးရွာဘုန်းကြီးကျောင်းမှာတပ်စွဲနေတာဖြစ်ပြီး ဒေသခံတွေကိုလူသားဒိုင်းပြုလုပ်ပြီးတပ်စွဲနေတာလို့သိရပါတယ်။

ကျေးရွာတွေထဲဝင်ရောက်နေတဲ့အဲ့ဒီစစ်ကြောင်းတွေဟာ ဒေသခံတွေကိုစစ်ဆေး မေးမြန်းတာမျိုးတွေရှိနေသလို လက်ကိုင်ဖုန်းတွေကိုလည်းသိမ်းဆည်းထားတယ်လို့ သိရပါတယ်။

ဖုန်းတွေလည်းသိမ်းထားတယ် ပြီးတော့ လောလောဆယ် ဒီဘက်ကိုMPT ဖုန်းလိုင်း တွေလည်းအကုန်ဖြတ်ထားတယ် စစ်သားတွေက ရွာတွေထဲဝင်လိုက်ထွက်လိုက်လုပ်နေတာလို့ တုန်းပုန်းကျေးရွာဒေသခံတွေနဲ့နီးစပ်တဲ့အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။

ရွှေကူမြို့နဲ့အနီးတဲ့ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က ယခုရက်ပိုင်းစစ်ရေးလှုပ်ရှား တာတွေခပ်စိတ်စိတ်ပြုလုပ်လာနေပြီး အရပ်သားဖမ်းခံရတာတွေရှိသလို နေအိမ်တွေကိုလည်းမီးရှို့ဖျက်ဆီးနေပြီး မနေ့ကလည်း တောပုန်းကျေးရွာ ထဲက လူနေအိမ်  လုံးတိတိ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ရွှေကူမြို့တွင်းတပ်ထဲမှာ လက်ရှိ လွန်ခဲ့တဲ့လတွေက ရှမ်းပြည်နယ် မဘိန်းမြို့တပ်က နေ ထွက်ပြေးလာတဲ့စစ်သားတွေနဲ့ ကသာနယ် မြို့လှ မြို့ထဲကနေထွက်ပြေးလာတဲ့ စစ်သား အင်အား ၃၀၀ ဝန်းကျင်လောက်ထပ်တိုးလာတာဖြစ်ပြီးလက်ရှိ ရွှေကူအထက်ဘက်ကျေးရွာတွေနဲ့အောက်ဘက်ကကျေးရွာတွေထဲ ဝင်ရောက်လှုပ်ရှားနေတဲ့စစ်ကြောင်းတွေဟာ အဲ့ဒီတပ်တွေဖြစ်တယ်လို့သိရပါတယ်။

လက်ရှိစစ်ကောင်စီစစ်ကြောင်းတွေဝင်ရောက်နေတဲ့ တုန်းပုန်ရွာနဲ့မြောက်ရွာဟာ ရွှေကူမြို့နဲ့  မိုင်လောက်သာဝေးတာဖြစ်ပြီး အိမ်ခြေ ၂၀၀ ကျော်စီရှိတဲ့ကျေးရွာကြီးတွေဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button