သတင်း

စစ်အင်အား ၂၀၀ ဝန်းကျင် စစ်ကြောင်းက ဆမားဇုံနယ်အသင်းတော်ထဲဝင်ရောက်နေရာယူထား

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကဇူး၊ ဒဘတ်ကျေးရွာအလွန် ဆမားလမ်းခွဲဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကဇူးရွာ ကချင်နှစ်ခြင်းအသင်းတော် KBC  ဆမားဇုံနယ်ရုံးမှာ ဝင်ရောက်နေရာယူတပ်စွဲနေကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

အဲဒီစစ်ကောင်စစ်ကြောင်းဟာ အင်အား ၂၀၀ ဝန်းကျင်ရှိပြီး ဖေဖော်ဝါရီ ၂၂ ရက် ဒီနေ့မနက် ၁၀ နာရီဝန်းကျင် ရိက္ခာအပြည့်တင်ထားတဲ့ကားအစီး  စီးနဲ့အတူ ဆမားဇုံနယ်အသင်းတော်ရုံးထဲကို ဝင်ရောက်နေရာယူထားတယ်လို့ ကဇူးဒေသခံတွေပြောပါတယ်။

ရိက္ခတင်ကားတွေဝင်ပြီး ရိက္ခာပစ္စည်းတွေချပြီး နေနေတယ် သေနတ်တွေအရင်ပစ်ဖောက်ပြီး ဝင်လာတယ်။ အဲ့နောက်တော့ အဲ့ဒီ ဆမားဇုံနယ်ရုံးထဲ ဝင်နေနေတာပဲ။ ရိက္ခာတင် ကားကြီး  စီး၊ ဘတ်ဖောတင်တဲ့ ကားကြီးနဲ့ ဘတ်ဖောတစ်စီးလည်းပါတယ်။သူတို့ ဟိုဘက် ဆမားလမ်းခွဲဘက် ဆက်လက်ချီတက်သွားဖို့ထင်တယ်။ လို့ ကဇူးဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က စစ်အင်အား၊ ရိက္ခာအပြည့်အစုံနဲ့ ဂါးရာယန်နဲ့ ကဇူးရွာထဲဝင်ရောက်လာချိန် သေနတ်ပစ်ဖောက်ပြီး အရင်ဝင်လာရောက်လာကာ ကဇူးကျေးရွာရှိ KBC အသင်းတော်ရုံးထဲကို ယာယီဝင်နေရာယူနေခြင်းဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။

ဒီစစ်ကြောင်းတွေဟာ ဒဘတ်ကျေးရွာအလွန် ဆမားလမ်းခွဲဘက်ကို ဦးတည်ချီတက်လာတဲ့ စစ်ကြောင်းတွေဖြစ်ပြီး မလိယန်၊ ကကမ်ဘွမ်စတဲ့ စစ်ကောင်စီတပ်စခန်းတွေဆီ ရိက္ခာပို့ဆောင်ပေးနိုင်ဖို့ ကြိုးစားနေတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။

သူတို့ရဲ့အခြေအနေကို ခန့်မှန်းကြည့်ရသလောက် ဟိုဘက်ကို ရိက္ခာပို့ဖို့လုပ်နေတယ်။ ဆမားလမ်းခွဲဘက် ချီတက်သွားဖို့ထင်တယ်။ အမြဲတမ်းစစ်တပ်တွေ အဲ့ဒီဆမားလမ်းခွဲရောက်တာနဲ့ သေနတ်သံမြည်မြည်လာတယ်။ သူတို့လည်း အဲ့ဘက်ကို ခြေလျင်နဲ့ဖြတ်ဖို့ တော်တော်ခက်နေပုံရတယ်။ ဆမားလမ်းခွဲကနေ ဟိုဘက်ကို သူတို့မဖြတ်နိုင်ပဲခက်နေတာ လချီရှိလာပြီလေ။ အခုဒီမနက်ကစပြီး ပြန်ပြီးလှုပ်ရှားစလာတာပေါ့။ လို့ နောက်ထပ် ကဇူးဒေသခံတစ်ဦးကလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကစပြီး စစ်ကောင်စီဘက်က နမ်ဆန်ယန်သွားလမ်းဘက်ရှိကျန်ရှိနေတဲ့ စစ်တပ်စခန်းတွေဆီ ရိက္ခာတွေပို့ဆောင်ပေးနိုင်ဖို့ မြေပြင်ကနေ စစ်ကြောင်းထိုးပြီး ကြိုးစားနေတာဖြစ်ပါတယ်။

ဒါပေမဲ့ ကဇူးကျေးရွာနဲ့ ဒဘတ်ကျော်တာနဲ့ ဆမားလမ်းခွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ပုံမှန်ကြားဖြတ်တိုက်ခိုက်လျက်ရှိတာကြောင့် စစ်တပ်ဘက်က ဖြတ်ကျော်နိုင်ဖို့ခက်ခဲနေတာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။

ဒဘတ်ကျေးရွာကနေ  မိုင်လောက်အကွာမှာရှိတဲ့ ဆမားလမ်းခွဲမှာ အရင်ကတော့ စစ်ကောင်စီတပ်ဖွဲ့တွေ နေရာယူတပ်ချခဲ့ပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ဇွန်၊ဇူလှိုင်မှာဖြစ်ပွားခဲ့တဲ့ နမ်ဆန်ယန်ဘက်တိုက်ပွဲပြင်းထန်ခဲ့ချိန်ကတည်းက စစ်တပ်တွေဆုတ်ခွာသွားတာဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ အဲ့ဒီဆမားလမ်းခွဲတစ်ဝိုက် ကချင်လွတ်လပ်ရေးတပ်မတော် KIAPDFတပ်ဖွဲ့တွေနေရာယူထားပြီး မလိယန်၊ ဂျာပူ နဲ့ ကကမ်ဘွမ်ဘက်ကို ရိက္ခာပို့ဖို့ နဲ့ စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒဘတ်ရွာ တံတားကျော်လာတာနဲ့ ပုံမှန်ကြားဖြတ်တိုက်ခိုက်တာကြောင့် အဲ့ဒီနေရာတစ်ဝိုက် တိုက်ပွဲပုံမှန်ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။

အခုအရမ်းစိုးရိမ်နေတယ်။ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်လာရင်က ရွာသားတွေအတွက် လုံခြုံရေးပိုမရှိလာနိုင်ဘူး။ တိုက်ပွဲကအချိန်မရွေးပြင်းထန်လာနိုင်တော့ ရွာသားတွေလည်း ဇဝီဇဝါ စိတ်ခံစားရခက်နေတယ်။ အခုသူတို့က အသင်းတော်ပိုင်ရုံးတွေထဲ နေရာယူတပ်ချတာတွေပြုလုပ်လာတော့ အမျိုးမျိုး၊အဖက်ဖက်ကတွေးပြီး စိုးရိမ်နေကြတယ်။ အခုသူတို့က ဟိုဘက်ကို ရိက္ခာပို့နိုင်အောင်ကြိုးစားပြီး တိုက်ပွဲပိုပြင်းထန်လာနိုင်တယ်။ လို့ ကဇူးဒေသခံတစ်ဦးကဆက်ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဘက်က ဆမားလမ်းခွဲကနေရအောင်ဖြတ်ကျော်ပြီး  ဘတ်ဖောနဲ့လမ်းတွေဖောက်ကာ စစ်တပ်စခန်းတွေဆီ ရိက္ခာပို့နိုင်အောင် ပြင်ဆင်လာခြင်းဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဇွန်၊ ဇူလှိုင် လကတည်းကစပြီး စစ်ကောင်စီဘက်က နမ်ဆန်ယန်ဘက်ကို စစ်အင်အား၊ ရိက္ခာတွေ ဖြည့်ဖို့ ထိုးစစ်ဆင်လှုပ်ရှားနေပေမဲ့ ကန်ဒေါင်ယန်နဲ့ လွယ်လုံအောင်ဂျာ တပ်စခန်းတွေကို KIA ဘက်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်တပ်ဘက်က မြေပြင်ကနေ နမ်ဆန်ယန်လမ်းတစ်လျှောက် စစ်ရေးလှုပ်ရှားနိုင်ဖို့ ခက်ခဲသွားတာလည်း ဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button