ဝိုင်းမော် သပိတ်တွင် ဖမ်းဆီးခံရသော ဆရာမ အပါ ၂ ဦးကို တွေ့ခွင့်မပြု
,
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော မြစ်ကြီးနား လူထုဆန္ဒဖော်ထုတ်မှုများသည် ၁၀ ရက်မြောက်နေ့ထိ ငြိမ်းချမ်းစွာပြီးစီးခဲ့သော်လည်း ၁၁ ရက်နေ့မြောက်နေ့မှစတင်ကာ တင်းကြပ်ခံရပြီးနောက် ၁၂ ရက်မြောက်နေ့ဖြစ်သော ယနေ့ဖေဖောဝါရီလ ၁၉ ရက်နေ့တွင် ဆန္ဒဖော်ထုတ်သူများ လူမစုနိုင်သည့်အခြေအနေထိပင် ရောက်ခဲ့သည်။ ပညာရေးဝန်ထမ်းဆရာမ ၂ ဦးကို ရဲတပ်ဖွဲ့က ရိုက်နက်ကာ ဖမ်းဆီးခေါ်ဆောင်သွား နံနက် ၉ နာရီ ပထမဆုံး စတင်ကြားရသည့်သတင်းမှာ မြစ်ကြီးနား ပညာရေးကောလိပ်ရှေ့တွင် CDM လုပ်နေသော ဝန်ထမ်း ဆရာမ…
မြစ်ကြီးနား ပညာရေးကောလိပ်ရှေ့တွင် CDM လုပ်နေသော ဝန်ထမ်း ဆရာမ ၂ ဦးကို ရဲတပ်ဖွဲ့က ရိုက်နက်ကာ ဖမ်းဆီးသွားကြောင်း သိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင်မလိုလားကြောင်း ဆန္ဒဖော်ထုတ်သည့် သပိတ်စစ်ကြောင်းများ ယနေ့ ဖေဖော်ဝါရီလ ၁၈ရက်နေ့ မနက်ပိုင်း ၁၁နာရီခန့်အချိန်တွင် ရဲနှင့် စစ်တပ်က အင်အားသုံးကာ လမ်းကြောင်းပိတ်ဆို့ပြီး ဖြိုခွဲခဲ့သည်။ ကချင်လူမှုအဖွဲ့အစည်းများ ဦးဆောင်သော သပိတ်လမ်းကြောင်းကို စီတာပူရပ်ကွက်က စတင်ချီတက်လာခဲ့ပြီးနောက် မြို့လယ် မြန်မာ့စီးပွားရေးဘဏ်ရှေ့ရောက်လာခဲ့စဉ် စစ်ကား ၁၀ စီးနှင့် ရဲအင်အား၅၀ ခန့်နှင့်အတူ ရေပစ်ကားများဖြင့် လမ်းပိတ်ဆို့တားဆီးခဲ့သည်။ မြစ်ကြီးနားရှိ လူထု၏ ၁၁ ရက်မြောက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင်…
မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်ရှိ လော်ဝေါ်နှစ်ခြင်းကျမ်းစာသင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်တို့ တွေ့ဆုံမည်အစီစဉ်ကို လော်ဝေါ်လူငယ်များက သွားရောက်ကန့်ကွက်သောကြောင့် အစီစဉ် ပျက်ပြယ်သွားခဲ့သည်ဟု သိရသည်။
စစ်အာဏာရှင်ဆန့်ကျင်သော လူထုဆန္ဒဖော်ထုတ်မှုကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ဖြိုခွင်းသောဖြစ်စဉ်များတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေဖြင့် ပါဝင်ပတ်သက်မှု မရှိစေရေးအတွက် တပ်မတော်ဘက်က KIO ကို သတိပေးထားကြောင်း သိရသည်။
ကချင်ပြည်နယ်၊ ပူတာမြို့တွင် စစ်အာဏာရှင်စနစ်မလိုလားကြောင်း ဆန္ဒပြဖော်ထုတ်သော ဝန်ထမ်များကို ဖမ်းဆီးမှုများလုပ်လာသောကြောင့် စိုးရိမ်မှုများရှိနေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။
မြစ်ကြီးနား မန်ခရိန်ရပ်ကွက် (စက်မှုဇုံ) ပင်မလျှပ်စစ်ဌာနရုံးရှေ့ ဆန္ဒဖော်သော လူထုကို ရဲတပ်ဖွဲ့နှင့် စစ်သားများက ပစ်ခတ်ကာ ဖြိုခွင်းခဲ့သည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သောဆန္ဒပြပွဲတွင်ပါဝင်ဆန္ဒပြခဲ့သည့် ပူတာအို အ.ထ.က(၁) ကျောင်းမှ ကျောင်းဆရာ(၂)ဦးအား ရဲများက ရှာဖွေနေကြောင်း ပူတာအိုဒေသခံများထံမှ သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ရန် ပါတီအနေဖြင့် ကမ်းလှမ်းခံခဲ့ရသော်လည်း ငြင်းဆိုခဲ့ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ပါတီမှ ဒုဦးကွမ်ကရောင်အောင်ခမ်းကပြောသည်။ “ပထမ အာဏာသိမ်းပြီးချင်းကတော့ ဥက္ကဋ္ဌကိုကမ်းလှမ်းတာ ဒါကတော့နိုင်ငံတော်ကောင်စီအဆင့်အနေနဲ့ကမ်းလှမ်းလာတယ်။ ဒုတိယအဆင့်အနေနဲ့တော့ ပါတီတိုင်းကိုကမ်းလှမ်းလာခြင်းဖြစ်ပါတယ်။ နှစ်ခုစလုံးကို ကျနော်တို့အနေနဲ့လက်ခံခြင်းမရှိဘူး။ လက်မခံရတဲ့အကြောင်းရင်းကလဲ ခုလက်ရှိမှာအာဏာသိမ်းတဲ့အခြေနေမျိုးဖြစ်နေပါတယ်။ ကျနော်တို့အနေနဲ့ အာဏာသိမ်းတာဘဲဖြစ်ဖြစ် ထိန်းတာဘဲဖြစ်ဖြစ် လုံးဝလက်မခံနိုင်ပါဘူး။” ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဒု ဥက္ကဋ္ဌ-၂ ဦးကွမ်ကရောင်အောင်ခမ်းကပြောသည်။ ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်တပ်မှ အာဏာသိမ်းပြီးနောက် တိုင်းရင်းသားပါတီများအား နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ရန်ကမ်းလှမ်းမူများရှိခဲ့သည်။…
လက်ရှိ စစ်အာဏာသိမ်းကောင်စီကို နည်းအမျိုးမျိုးဖြင့် ဆန့်ကျင်ရာတွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အသင်းသားများအနေဖြင့် ပါဝင်ကြဖို့ ထုတ်ပြန်ထားသည့်အတိုင်း ယနေ့ ပါဝင်လာသည်ကို တွေ့ရသည်။