-
Oct- 2021 -2 Octoberသတင်း
အာဏာသိမ်း စစ်ခေါင်းဆောင် မနက်ဖြန် ပူတာအိုလာတော့မည်ဟု ဒေသခံများပြော
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ကချင်ပြည်နယ် ပူတာအိုဒေသသို့ အောက်တိုဘာလ ၃ရက်နေ့ မနက်ဖြန် ရောက်ရှိလာမည်ဖြစ်သောကြောင့် စစ်တပ်ဘက်က ပြင်ဆင်မှုများပြုလုပ်နေသည်ကို တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ တိုင်းမှူးနှင့် စစ်ကောင်စီလက်အောက် နယ်လုံတို့ ၂ ဦးသည်…
Read More » -
2 Octoberသတင်း
စစ်ကိုင်းတိုင်းတွင် အင်တာနက်ဖြတ်ပြီး စစ်ကောင်စီတပ် အင်အား အဆမတန် တိုးချဲ့လာ
ကချင် စစ်ကိုင်းတိုင်း နယ်စပ်တွင် အင်တာနက် ဖုန်းလိုင်းများ ဖြတ်တောက်လိုက်ပြီးနောက် စစ်ကောင်စီဘက်မှ စစ်အင်အား ပိုဖြည့်တင်းလာကြောင်း ဒေသခံများပြောသည်။ “စစ်အင်အားတော့ ထောင်ချီရှိနိုင်တယ်။ ကောလင်း၊ ပင်လယ်ဘူး၊ ဝန်းသိုဘက်ကို အဓိကထားပြီး နယ်မြေရှင်းလင်းရေးလုပ်မယ့် အနေအထားပါရှိနေပါတယ်။ လက်ရှိပင်လယ်ဘူးကောလင်း အနောက်ခြမ်းကိုအင်အား…
Read More » -
1 Octoberသတင်း
နောင်းမီ ဝါရာဇွပ် ကျေးရွာကြား အာဏာသိမ်းတပ်ကို KIA မိုင်းခွဲ တိုက်ခိုက်
တနိုင်း လီဒိုလမ်းမပေါ် နောင်းမီနှင့် ဝါရာဇွပ်ကျေးရွာ၂ခုကြားတွင် စစ်အင်အား ၁၀၀ ကျော်ပါသော စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်းခွဲတိုက်ခိုက်လိုက်ပြီးနောက် တိုက်ပွဲပြင်းထန်ကြောင်း ဒေသခံများပြောသည်။ “တိုက်ပွဲက အခုချိန်အထိဖြစ်နေတာ နာရီဝက်လောက်ရှိပြီ။ အစက မိုင်းခွဲသံအရင်ကြားရတယ်။ နောက်မှ…
Read More » -
1 Octoberသတင်း
မြန်မာ ငွေစျေး ကျဆင်းတာကြောင့် တရုတ် နယ်စပ် ကုန်သည်အချို့ လုပ်ငန်း ရပ်နားထားရ
တရုတ်နယ်စပ်မှာ မြန်မာငွေတန်ဖိုး စျေးကျမှုကြောင့် လုပ်ငန်းရှင်ကုန်သည်အချို့ တရုတ် ကုန်ပစ္စည်းရောင်းဝယ်မှု ရပ်နားထားရတယ်လို့ သိရပါတယ်။ နယ်စပ် ကနေ အိမ်သုံး ကုန်ပစ္စည်းရောင်းချနေရတဲ့ လားရှိုးဒေသခံတစ်ဦးကတော့ “ရောင်း/၀ယ်ဖို့ အရမ်းခက်ခဲသွားပြီ။ ငွေစျေးက ဆက်တိုက် တက်နေတော့ မလုပ်တတ်တော့ဘူး။ ခုရှိတာတွေ…
Read More » -
1 Octoberသတင်း
ဖားကန့်မြို့ အင်တာနက်သုံးစွဲခ တစ်နာရီ ၅၀၀၀ မှ တစ်သောင်း ကျပ်ထိ မြင့်တက်လာ
ဆက်သွယ်ရေး မိုဘိုင်းအင်တာနက်နှင့် ဝိုင်ဖိုင်များ ဖြတ်တောက်ခံထားရသည့် ဖားကန့်မြို့တွင် ဖုန်းဆိုင်အချို့ အင်တာနက်သုံးစွဲခွင့် ရသော်လည်း သုံးစွဲခ ပိုမိုမြင့်တက်လာကြောင်း ဒေသခံများမှ သိရသည်။ “ဆိုင်းတောင်မှာ ရှိတဲ့ဖုန်းဆိုင်မှာ အင်တာနက် ပိုက်ဆံပေးပြီး သုံးလို့ရတာတော့ ကြာပြီ။ အဲဒီဆိုင်က အစကတည်းကနေ…
Read More » -
Sep- 2021 -30 Septemberသတင်း
ကွတ်ခိုင် သိန္နီကြား ဓားပြတိုက်နေသူ ၆ ဦး ဖမ်းဆီးခံရ
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ကြား နဲ့ သိန္နီ ကြားက မန်းပြိန်း အကွေ့မှာ ကုန်တင်ကား၊ ဈေးရောင်း၊ ဈေးဝယ် ဖြတ်သွား ဖြတ်သွားဖြတ်လာသူများကို ဓားပြတိုက်နေသော လူငယ် ၆ ဦးကို ဒီကနေ့ စက်တင်ဘာ ၃၀ ရက်နေ့မှာ…
Read More » -
30 Septemberတိုက်ပွဲ
တိုက်ပွဲကြောင့် မုံးကိုးဘက်ကို စျေးလာဝယ်တဲ့ ဖောင်းဆိုင်ဒေသခံတွေ အပြန်လမ်းပိတ်
မုံးကိုး နဲ့ ဖောင်းဆိုင်ကြားမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ကြား ယနေ့ တစ်ရက်လုံး တိုက်ပွဲ ပြင်းထန်နေတာကြောင့် မုံးကိုးမြို့ကို ဈေးလာဝယ်တဲ့ ဖောင်းဆိုင်ဘက်က ဒေသခံတွေဟာ အိမ်ပြန်လို့ မရပဲ အပြန်လမ်း ကျေးရွာတွေမှာပဲ အိပ်လိုက်ရတယ်လို့…
Read More » -
30 Septemberသတင်း
ICRC မှ Covid-19 ကာကွယ်ရေးပစ္စည်းများကို KIO သို့ သွားရောက်ကူညီ
ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေရှိ ပြည်သူများအတွက် လိုအပ်သော Covid-19 ကာကွယ်ရေး အသုံးဆောင်ပစ္စည်းနှင့် ဆေးဝါးများကို ICRC – International Committee of the Red Cross မှ စက်တင်ဘာ ၂၈…
Read More » -
30 Septemberသတင်း
မိုးမောက်မြို့အနီး စစ်ကောင်စီတပ်ကို KIA ကြားဖြတ် တိုက်ခိုက်
မိုးမောက်မြို့နယ် လုံဂျာကျေးရွာအုပ်စု ကျောက်စခန်းကျေးရွာဘက်တွင် စစ်အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့နံနက် ၁၀နာရီဝန်းကျင်ခန့်က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မိုးမောက် အခြေစိုက် နယ်မြေခံတပ်ရင်း ခမရ ၄၃၇ တပ်ရင်းမှ စစ်အင်အား ၁၀၀…
Read More » -
30 Septemberသတင်း
မုံးကိုး မြို့နယ်ခွဲမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တိုက်ပွဲ ထပ်မံဖြစ်ပွား
မြန်မာ တရုတ်နယ်စပ် မုံးကိုးမြို့နယ်ခွဲ ကောင်းဒပ်ရွာနဲ့ ကောင်းလုံကျေးရွာကြားမှာ ယနေ့ နံနက် ၁၁ နာရီခန့်ကစတင်ပြီး စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ကြား တိုက်ပွဲ ထပ်မံဖြစ်ပွားနေတယ်လို့ စစ်မြေပြင်အနီးမှာ နေထိုင်သူ ဒေသခံ တစ်ဦးက ပြောပါတယ်။…
Read More »









