,

Breaking News :

ဒီပဲယင်းတွင် လေကြောင်းလိုင်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ကျေးရွာ ၂ခုထွက်ပြေးတိမ်းရှောင်နေရ

ဆားလင်းကြီးနယ်တွင် စစ်ကောင်စီတပ် သေနတ်လိုက်လံပစ်ခတ်မှုကြောင့် ပြည်သူ ၂ဦးထိမှန်

ဖမ်းဆီးခံထားရသည့် PDF တပ်သား ၄ ဦးအနက် ၂ ဦးကို ထောင်တွင်းသတ်ဖြတ်ခံရဟုဆို

ကသာတွင် ကျောင်းသားတစ်ဦးထံမှ ဆေးခြောက်တွေ့ရှိသဖြင့် ပြည်သူ ၁၃ဦးကို စစ်ကောင်စီဖမ်းဆီး

အင်းတော်နယ်တွင် ထောင်ထားသည့် မိုင်းကြိုးစဆွဲမိသဖြင့် အမျိုးသား၂ဦးသေဆုံး

ကသာတွင် စစ်ကောင်စီ သတင်းပေးသူဟု ဆိုရသော ရာအိမ်မှူးတစ်ဦးဖမ်းဆီးခံရ

ပရိသတ်စိတ်ဝင်စားမည့် သတင်းအမှား ခေါင်းစဉ်ဖြင့် ဝင်ငွေရှာနေသော YouTube ချန်နယ်များကို သတိပြုရန်

ကင်းပုန်းဝပ်ပြီးပြန်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ဦးသေဆုံး

ဖားကန့်တွင် ဆယ်နှစ်အောက် ကလေး ၄ဦးအပါ ပြည်သူ ၂၀ ကျော်ဖမ်းဆီးခံထားရဆဲ

စစ်အာအားအပြည့်တင်ဆောင်လာသည့် ၁၂ ဘီးကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ

နောင်းမီ ဝါရာဇွပ် ကျေးရွာကြား အာဏာသိမ်းတပ်ကို KIA မိုင်းခွဲ တိုက်ခိုက်

တနိုင်းသွားလမ်း နောင်းမီကျေးရွာဆိုင်းဘုတ်

တနိုင်း လီဒိုလမ်းမပေါ် နောင်းမီနှင့် ဝါရာဇွပ်ကျေးရွာ၂ခုကြားတွင် စစ်အင်အား ၁၀၀ ကျော်ပါသော စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်းခွဲတိုက်ခိုက်လိုက်ပြီးနောက် တိုက်ပွဲပြင်းထန်ကြောင်း ဒေသခံများပြောသည်။

“တိုက်ပွဲက အခုချိန်အထိဖြစ်နေတာ နာရီဝက်လောက်ရှိပြီ။ အစက မိုင်းခွဲသံအရင်ကြားရတယ်။ နောက်မှ လက်နက်ကြီးနဲ့ လက်နက်ငယ် ၂ခုစလုံးပြန်ကြားရတယ်။ ဖြစ်နေတဲ့နေရာက နောင်းမီအကျော် ဘန်ကောက်ကျေးရွာရဲ့ အရင်ယုဇနကုမ္ပဏီနားမှာ ဖြစ်နေတာဟုတ်တယ်” ဟု ဒေသခံတစ်ဦး ပြောသည်။

ဝါရာဇွပ်ကျေးရွာအနီး မိုးကောင်းချောင်းတံတားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု နောင်းမီ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာ ဝါရာဇွပ်ကျေးရွအနီး မိုးကောင်းချောင်းတံတားတွင် လက်ရှိ ၆ နာရီအထိ လက်နက်သံများကြားနေရသည်ဟု ဒေသခံများ ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းကို KIA က စောင့်ကြို ဖောက်ခွဲခြင်းဖြစ်သောကြောင့် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ညနေ ၅ နာရီ ဝါရာဇွပ် ကျေးရွာအနီးတွင် မိုင်းခွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့မှာ ယနေ့ မွန်းလွဲ ၁ နာရီ ဝန်းကျင်ခန့်က ဒွမ်ဘန်ကျေးရွာဘက်မှ ဖြတ်လာသောအဖွဲ့ဖြစ်သည်။

ဟူးကောင်း လီဒိုလမ်းပေါ် ကျေးရွာများတွင် လတ်တစ်လော စစ်ကောင်စီတပ်ဖွဲ့များက အင်အားအများအပြားချထားပြီး ရိက္ခာကားများ သယ်ယူနေကြောင်း ဒေသခံများ ပြောဆိုချက်မှ သိရသည်။

Read Previous

မြန်မာ ငွေစျေး ကျဆင်းတာကြောင့် တရုတ် နယ်စပ် ကုန်သည်အချို့ လုပ်ငန်း ရပ်နားထားရ

Read Next

စစ်ကိုင်းတိုင်းတွင် အင်တာနက်ဖြတ်ပြီး စစ်ကောင်စီတပ် အင်အား အဆမတန် တိုးချဲ့လာ

Leave a Reply

Your email address will not be published.