သတင်း
ကွတ်ခိုင် သိန္နီကြား ဓားပြတိုက်နေသူ ၆ ဦး ဖမ်းဆီးခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ကြား နဲ့ သိန္နီ ကြားက မန်းပြိန်း အကွေ့မှာ ကုန်တင်ကား၊ ဈေးရောင်း၊ ဈေးဝယ် ဖြတ်သွား ဖြတ်သွားဖြတ်လာသူများကို ဓားပြတိုက်နေသော လူငယ် ၆ ဦးကို ဒီကနေ့ စက်တင်ဘာ ၃၀ ရက်နေ့မှာ မန်ပြိန်းရွာခံတွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
“သေနတ်လည်း ပါတတ်တယ်။ ဖုန်း နဲ့ ပိုက်ဆံတွေ တောင်းတယ်။ ကျွန်တော် ဖုန်း ၂ လုံးနဲ့ ရှိတဲ့ ပိုက်ဆံ ပေးခဲ့ရတယ်။ မိုးချုပ်ခါနီး ညနေ ၇ နာရီဝန်းကျင်ပဲ။ ကျနော်တို့က ကုန်ကားနှစ်စီး” လို့ ဓါးပြုခံခဲ့ရသော ကားသမားတစ်ဦးက ပြောပါတယ်။
လက်ရှိ ဖမ်းမိထားသူတွေမှာ အသက် ၁၉ နှစ် နဲ့ ၂၀ ကျော်အရွယ်လူငယ်အများစုဖြစ်တယ်လို့ သိရပါတယ်။
မြောက်ပိုင်းလမ်းမှာ မကြာခဏ ဆိုသလို ယခုလို ခြိမ်းခြောက် ဓားပြ တိုက်တာတွေရှိနေတယ် လို့ ဆိုပါတယ်။
Bum Shep