တိုက်ပွဲသတင်း

တိုက်ပွဲကြောင့် မုံးကိုးဘက်ကို စျေးလာဝယ်တဲ့ ဖောင်းဆိုင်ဒေသခံတွေ အပြန်လမ်းပိတ်

မုံးကိုး နဲ့ ဖောင်းဆိုင်ကြားမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ကြား ယနေ့ တစ်ရက်လုံး တိုက်ပွဲ ပြင်းထန်နေတာကြောင့် မုံးကိုးမြို့ကို ဈေးလာဝယ်တဲ့ ဖောင်းဆိုင်ဘက်က ဒေသခံတွေဟာ အိမ်ပြန်လို့ မရပဲ အပြန်လမ်း ကျေးရွာတွေမှာပဲ အိပ်လိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဈေးသွားတဲ့သူတွေ လမ်းမှာတိုက်ပွဲဖြစ်လို့ သူတို့ အိမ် မပြန်နိုင်တော့ဘူး။ အိမ်ပြန်လို့မရလို့ အဲဒီ တခြားရွာမှာ အိပ်ရတယ်။ ပန်စတိုင်းရွာခံတွေပဲ။ မုံးကိုးမြို့ ရပ်ကွက် ၆ ဖော်ဂျုံးပါ မှာပဲအိပ်တယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ယနေ့ နံနက် ၁၁ နာရီခန့်ကစတင်ပြီး စစ်ကောင်စီတပ်နဲ့ MNDAA တပ်တို့ကြား မုံးကိုး ဖောင်းဆိုင်လမ်း ကောင်းဒပ် နဲ့ ကောင်းလိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေပိုင်း ၇ နာရီမှပဲ လက်နက်သံ ငြိမ်သက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး ထိခိုက်သေဆုံးမှုစာရင်းကို ကိုးကန့်တပ်ဘက်က ထုတ်ပြန်ခြင်းမရှိသေးပေမယ့် စစ်ကောင်စီဘက်က တစ်ဦးကျဆုံးသည်ကို သိရှိထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လတ်တလော စစ်ကောင်စီတပ်အနေနဲ့ ကိုးကန့် MNDAA တပ်စခန်းရှိရာ နေရာတွေကို အဆက်မပြတ် အင်အား ဖြည့်တင်း စစ်ကြောင်း ထိုးနေကြောင်း ကိုးကန့်သတင်းဌာနကလည်း သတင်းထုတ်ပြန်ထားပါတယ်။

Bum Shep

Show More

Related Articles

Back to top button