,

Breaking News :

ဝက်လက်နယ် တိုက်ပွဲတွင် ၂ဖက်တပ် အကျအဆုံးများဟုဆို

ဒီပဲယင်းတွင် လေကြောင်းလိုင်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ကျေးရွာ ၂ခုထွက်ပြေးတိမ်းရှောင်နေရ

ဆားလင်းကြီးနယ်တွင် စစ်ကောင်စီတပ် သေနတ်လိုက်လံပစ်ခတ်မှုကြောင့် ပြည်သူ ၂ဦးထိမှန်

ဖမ်းဆီးခံထားရသည့် PDF တပ်သား ၄ ဦးအနက် ၂ ဦးကို ထောင်တွင်းသတ်ဖြတ်ခံရဟုဆို

ကသာတွင် ကျောင်းသားတစ်ဦးထံမှ ဆေးခြောက်တွေ့ရှိသဖြင့် ပြည်သူ ၁၃ဦးကို စစ်ကောင်စီဖမ်းဆီး

အင်းတော်နယ်တွင် ထောင်ထားသည့် မိုင်းကြိုးစဆွဲမိသဖြင့် အမျိုးသား၂ဦးသေဆုံး

ကသာတွင် စစ်ကောင်စီ သတင်းပေးသူဟု ဆိုရသော ရာအိမ်မှူးတစ်ဦးဖမ်းဆီးခံရ

ပရိသတ်စိတ်ဝင်စားမည့် သတင်းအမှား ခေါင်းစဉ်ဖြင့် ဝင်ငွေရှာနေသော YouTube ချန်နယ်များကို သတိပြုရန်

ကင်းပုန်းဝပ်ပြီးပြန်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ဦးသေဆုံး

ဖားကန့်တွင် ဆယ်နှစ်အောက် ကလေး ၄ဦးအပါ ပြည်သူ ၂၀ ကျော်ဖမ်းဆီးခံထားရဆဲ

မိုးမောက်မြို့အနီး စစ်ကောင်စီတပ်ကို KIA ကြားဖြတ် တိုက်ခိုက်

မိုးမောက်မြို့နယ် လုံဂျာကျေးရွာအုပ်စု ကျောက်စခန်းကျေးရွာဘက်တွင် စစ်အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့နံနက် ၁၀နာရီဝန်းကျင်ခန့်က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုးမောက် အခြေစိုက် နယ်မြေခံတပ်ရင်း ခမရ ၄၃၇ တပ်ရင်းမှ စစ်အင်အား ၁၀၀ ကျော်ခန့်က ခြေကျင်ဖြင့် KIA ရှိသည့် လုံဂျာအုပ်စုဘက်သို့ ဝင်ရောက်လာသောကြောင့် KIA တပ်မဟာ ၃ တပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု လုံဂျာဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“တိုက်ပွဲဖြစ်တဲ့နေရာက လုံဂျာတောင်ခြေမှာ ဖြစ်တာဟုတ်တယ်။ ပုံမှန်ဖြစ်နေရာ ပုံစံပါဘဲ။ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားသွားလာလို့ KIA နဲ့ တွေ့ပြီး KIA က ကြားဖြတ်တိုက်ခိုက်တယ်။ တိုက်ပွဲဖြစ်တာက ခဏဘဲ မကြာဘူး။ ထိခိုက်မှုက မကြားမိဘူး” ဟု ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာမှာ မိုးမောက်မြို့နှင့် ၂ မိုင်ခန့်ဝေးသည့်နေရာတွင် ဖြစ်ပြီး ၂ ဖက်တပ် ပစ်ခတ်မှုတွင် အာဏာသိမ်းစစ်တပ်က ထိခိုက်မှုရှိနိုင်ကြောင်း သူကဆက်ဆိုသည်။

KIA ကကြားဖြတ်တိုက်ခိုက်သည့် ထိုနေရာတွင် အပြန်အလှန် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ၁၁ နာရီဝန်းကျင်အထိ အာဏာသိမ်းစစ်တပ်အဖွဲ့က KIA ရှိသည့်ဘက်ကို လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

လုံဂျာကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး “အဲ့ဘက်တိုက်ပွဲဖြစ်တာသေချာပါတယ်။ လက်နက်ကြီး အသံတွေ အကျယ်ကြီးကြားရတယ်။ မနက် ၁၁ နာရီနောက်ပိုင်းမှ အသံတွေပြန်ငြိမ်သွားတယ်။ အခုချိန်အထိပါဘဲ”ဟု မိုးမောက်မြို့ ဒေသခံတစ်ဦး ထံမှသိရသည်။

ကချင်ပြည်နယ်တွင် မိုးမောက်မြို့နယ်တွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား လတ်တလော ပြင်းထန်သော တိုက်ပွဲများမရှိသော်လည်း စစ်ကောင်စီဘက်က စစ်ကြောင်းသွားလာမှုများ ပုံမှန်ရှိနေသည်ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း မိုးမောက်မြို့တွင်း ဗုံးပေါက်ကွဲခဲ့ရာ စစ်ကြောင်းသွားလာနေသော စစ်ကောင်စီ တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

Read Previous

မုံးကိုး မြို့နယ်ခွဲမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တိုက်ပွဲ ထပ်မံဖြစ်ပွား

Read Next

ICRC မှ Covid-19 ကာကွယ်ရေးပစ္စည်းများကို KIO သို့ သွားရောက်ကူညီ

Leave a Reply

Your email address will not be published.