,

Breaking News :

အရာတော် ဘောင်းကျကျေးရွာအတွင်း အာဏာသိမ်းတပ် တပ်စွဲထားကာ ညမထွက်ရ အမိန့်ထုတ်ပြန်

တနိုင်း-ရှင်ဗွေယန်လမ်းမပေါ် KIA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား စစ်ကောင်စီဘက်မှ ထိခိုက်မှုများနိုင်

မုံးကိုးမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တိုက်ပွဲ ဆက်လက် ဖြစ်ပွား

ကန်ရင်းကျေးရွာနှင့် PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်မှ အင်အား ၂၀၀ခန့်ဖြင့် စီးနင်း

မိုးမောက်မြို့နယ် စစ်ကောင်စီ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် ယောက်ဖဖြစ်သူကို အမည်မသိအဖွဲ့မှ ဖမ်းဆီးသွား

သတင်းပေးမူကြောင့် အရာတော် သစ်ကျင်းကြီးကျေးရွာ နေအိမ် ၅ လုံးကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး

မြောက်ဖျားပိုင်း နောင်မွန်မြို့တွင် Covid-19 ပိုးကူးစက်မှု အလွန်များလာ

သတ်မှတ်ချိန်အတွင်း ဖြတ်မောင်းလာသည့် ဆီဘောက်ဆာကား မိုင်းဆွဲခံရ

ပန်ဆိုင်း ရဲစခန်းကို ကိုးကန့်တပ် တိုက်ခိုက်ပြီးနောက် မုံးကိုးဘက်လည်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့

ပန်ဆိုင်း (ကြူကုတ်) တိုက်ပွဲမှာ အရပ်သား ပြည်သူ ၃ ဦး သေဆုံး

မြန်မာ ငွေစျေး ကျဆင်းတာကြောင့် တရုတ် နယ်စပ် ကုန်သည်အချို့ လုပ်ငန်း ရပ်နားထားရ

တရုတ်နယ်စပ်မှာ မြန်မာငွေတန်ဖိုး စျေးကျမှုကြောင့် လုပ်ငန်းရှင်ကုန်သည်အချို့  တရုတ် ကုန်ပစ္စည်းရောင်းဝယ်မှု ရပ်နားထားရတယ်လို့ သိရပါတယ်။

နယ်စပ် ကနေ အိမ်သုံး ကုန်ပစ္စည်းရောင်းချနေရတဲ့ လားရှိုးဒေသခံတစ်ဦးကတော့ “ရောင်း/၀ယ်ဖို့ အရမ်းခက်ခဲသွားပြီ။ ငွေစျေးက ဆက်တိုက် တက်နေတော့ မလုပ်တတ်တော့ဘူး။ ခုရှိတာတွေ ထုတ်ရောင်းလိုက်ရင်လဲ ပြန်ဝယ်ရင်ရှုံးတယ်။ စိတ်ဓါတ်ကျနေတယ်။ မရောင်း ပိတ်ထားမှ ရတော့မယ်” လို့ ပြောပါတယ်။

ယနေ့ အောက်တိုဘာ ၁ ရက်နေ့မှာတော့ တရုတ်ငွေယွမ် ၁၀၀ ကို မြန်မာငွေ ၃၁၀၀၀ ထိ ရှိနေတယ်လို့ ဆိုပါတယ်။

ကုန်သည်များအနေနဲ့လည်း နိုင်ငံခြားငွေလဲနှုန်း ပုံမှန်အနေအထားပြန်ရမှသာ လုပ်ကိုင်စားသောက်ဖို့ အဆင်ပြေလာမှာဖြစ်တယ်လို့ ပြောပါတယ်။

လားရှိုးမြို့မှာ အိမ်သုံးပစ္စည်း အရောင်းဆိုင်အများစုကလည်း လက်ကား မရောင်းပေးတော့သလို စက်သုံးဆီဆိုင် အများစုကလည်း ပိတ်ထားတာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အရင်က ဂျုံ တစ်အိတ်ကို သုံးသောင်း။ အခု ၉ သောင်း ပေါက်နေပြီ။ ရောင်းတဲ့သူရော ဝယ်တဲ့ သူရော ဘယ်လို မှ မကိုက်တော့ဘူး” လို့ ကုန်သည် တစ်ဦးကပြောပါတယ်။

လျှပ်စစ်ပစ္စည်းဆိုင် တစ်ဆိုင်ကလည်း ငွေစျေးကျနေတဲ့အတွက် ပစ္စည်းရှိရင်တောင် အရောင်းရပ်ထားရတော့မယ် လို့ဆိုပါတယ်။

လားရှိုးနဲ့ နမ့်ဖတ်ကာ ယဉ်မောင်းနေသူတစ်ဦးကလည်း ကားခ ဈေးတင်လည်း မရသလို၊ မတင်ရင်လည်း ဆီဈေး အဆမတန် တက်နေတာကြောင့် အလုပ်ရပ်နားထားတော့မယ်လို့ ပြောပါတယ်။

‌ငွေကြေး ဖောင်းပွမှုကြောင့် လက်ရှိမှာ အရောင်းအဝယ် ရပ်ဆိုင်းထားရသလို စက်သုံးဆီ ပြတ်လပ်မှုကြောင့် ဆိုင်ကယ်၊ ကား အသုံးပြုပြီး အလုပ်လုပ်ကိုင် သွားလာနေရတဲ့ ပြည်သူတွေမှာလည်း အကျပ်အတည်း ဖြစ်နေတာ တွေ့ရပါတယ်။

Bum Shep

Read Previous

ဖားကန့်မြို့ အင်တာနက်သုံးစွဲခ တစ်နာရီ ၅၀၀၀ မှ တစ်သောင်း ကျပ်ထိ မြင့်တက်လာ

Read Next

နောင်းမီ ဝါရာဇွပ် ကျေးရွာကြား အာဏာသိမ်းတပ်ကို KIA မိုင်းခွဲ တိုက်ခိုက်

Leave a Reply

Your email address will not be published. Required fields are marked *