-
Mar- 2025 -5 Marchသတင်း
ရွှေတူးဖော်မှုကို ကန့်ကွက်တဲ့ ဒေသခံတွေကို ကိုးကန့်တပ် သေနတ်နဲ့ပစ်ခတ်လို့ ဒေသခံ ၆ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိ
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု ပြိန်းခမ်ကျေးရွာမှာ ရွှေတူးဖော်နေတဲ့ ကိုးကန့် ( MNDAA) တပ်ကို သွားရောက်ကန့်ကွက်တဲ့ ဒေသခံတွေသေနတ်ပစ်ခတ်ခံရပြီး KIA တပ်ဖွဲ့ဝင်နှစ်ဦးအပါအဝင် ဒေသခံ ၄ ဦး စုစုပေါင်း ၆ ဦးသေဆုံးကာ၊ နောက်ထပ်…
Read More » -
5 Marchသတင်း
ချီဖွေ၊ပန်ဝါဒေသရောက် ရွှေ့ပြောင်းလုပ်သားများ စားဝတ်နေရေးအခက်ကြုံ
ကချင်ပြည်နယ် ချီဖွေ၊ပန်ဝါဒေသမှာ အလုပ်အကိုင်ရှားပါးလာတဲ့အတွက်ရွှေ့ပြောင်းလုပ်သားများ စားဝတ်နေရေးအခက်ခဲကြုံနေတယ်လို့ ရွေ့ပြောင်းလုပ်သားများဆီကနေ သိရပါတယ်။ မြေရှားသတ္တုထွက်ရှိရာ ချီဖွေ၊ပန်ဝါဒေသကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သိမ်းလိုက်တဲ့နောက်ပိုင်း မြေရှားလုပ်ကွက်အများပိုင်းကို ပိတ်သိမ်းလိုက်တာကြောင့် အလုပ်အကိုင်ရှားပါးလာတာဖြစ်တယ်လို့ ပန်ဝါဒေသရောက် ရွှေ့ပြောင်းလုပ်သား အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်၊၊ “ဒီမှာဆက်နေမယ်ဆိုရင်လည်း အလုပ်ကမရှိ စားဖို့တောင်မရှိလာတော့ဘူး။ သတ္တုဆိုဒ်အားလုံးလိုလို နားထားကြပြီ”လို့ ပြောပါတယ်။ ချီဖွေ၊ပန်ဝါဒေသဟာ တရုတ်နယ်စပ်အနီးဆုံးတည်ရှိပြီး စစ်တပ်ကအာဏာသိမ်းလိုက်တဲ့နောက် အလုပ်အကိုင်ရှားပါးလာမှုကြောင့် မြန်မာပြည်နေရာအနှံ့ လူငယ်၊လူလတ်ပိုင်းတွေဟာ မြေရှားသတ္တုလုပ်ကွက်မှာ အလုပ်လာရောက်လုပ်ကိုင်သူတွေများတဲ့ဒေသဖြစ်ပါတယ်။ ဒါပေမယ့် နယ်ခြားစောင့်ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့အပါအဝင် ချီဖွေမြို့ကို KIA ပူးပေါင်းတပ်သိမ်းပိုက်လိုက်တဲ့နောက် နှစ်နိုင်ငံနယ်စပ်ဂိတ်ဖြတ်သန်းခွင့်အပါအဝင်၊ မြေရှားသတ္တုလုပ်ကွက်အများပိုင်း ပိတ်သိမ်းလိုက်တဲ့အတွက် ရွှေ့ပြောင်းလုပ်သားများ အလုပ်လက်မဲ့များလာပြီး နေရပ်ပြန်ဖို့ ခရီးစရိတ်မရှိတဲ့အထိ ခက်ခဲကြပ်တည်းနေကြတယ်လို့ ပန်ဝါဒေသရောက် ရွေ့ပြောင်းလုပ်သား အမျိုးသားတစ်ဦးကလည်း ခုလိုပြောပါတယ်။ “ဒီမှာအလုပ်လာရှာနေတာလည်းကြာပြီ၊ အိမ်ကယူခဲ့ပိုက်ဆံလည်းကုန်နေပြီ။ အိမ်ကိုပြန်သွားရအောင်လည်း လမ်းစရိတ်ကမရှိ၊အခုတောင်သူငယ်ချင်းဆီကပ်နေတာ။ အလုပ်အရမ်းရှားသွားပြီ”လို့ ပြောပါတယ်။ ဒါ့အပြင် ရွှေ့ပြောင်းလုပ်သားတွေဟာ စားဝတ်နေရေးခက်ခဲကြပ်တည်းတဲ့အပြင် ပန်ဝါ–ချီဖွ– မြစ်ကြီးနား လမ်းပိုင်းမှာလည်း KIA တပ်ဖွဲ့ တပ်သားသစ်စု ဆောင်းတာတွေရှိနေတဲ့အတွက် နေရပ်ပြန်ဖို့လည်း စိုးရိမ် နေရတယ်လို့ ရွှေ့ပြောင်းလုပ်သားတွေက ပြောပါတယ်။ နှစ်ပေါင်း ၅၅ ထိန်းချုပ်ထားတဲ့ ကချင်အထူးဒေသ ၁ ဌာနချုပ် ပန်ဝါမြို့ကို KIA ပူးပေါင်းတပ်က ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့ သိမ်းပိုက်ပြီး၊ ချီဖွေမြို့ကို စက်တင်ဘာလ ၂၉ ရက်နေ့ သိမ်းပိုက်လိုက်တဲ့နောက် မြေရှားသတ္တုလုပ်ကွက် အားလုံးနီးပါးပိတ်သိမ်းလိုက်တာဖြစ်ပါတယ်။ ခုလို အလုပ်ကိုင်ရှားပါးမှုကြောင့် ရွှေ့ပြောင်းလုပ်သားများအပြင် ဒေသခံတွေတစ်ဖက်တစ်လမ်းဝင်ငွေရရှိနေတဲ့ ကုန်စုံဆိုင်နဲ့ တစ်ခြားစီးပွားရေးလုပ်ငန်းတွေမှာလည်း ခက်ခဲမှုရှိလာတယ်လို့ ချီဖွေမြို့မှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ ဒေသခံအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “အရင်လို ရောင်းမကောင်းတော့ဘူး ပန်ဝါဘက်က အလုပ်ဖွင့်မှ အလုပ်သမားတွေပဲ အများပိုင်းဝယ်တာဟုတယ်တယ်။ ခုက ကုန်ခြောက်နည်းနည်းပါးပါးပဲရောင်းရတယ်”လို့ပြောပါတယ်။ …
Read More » -
5 Marchသတင်း
ဝိုင်းမော်မြို့ နေအိမ်တစ်အိမ်မှာ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံထားရ
ကချင်ပြည်နယ် ဝိုင်းမော်မြို့ နေအိမ်တစ်အိမ်မှာ အမျိုးသမီးတစ်ဦး လည်ပင်းဓားထိုးဒဏ်ရာနဲ့သတ်ဖြတ်ခံထားရတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းဆီကနေ သိရပါတယ်။ မတ်လ ၅ ရက်၊ မနက် ၇ နာရီဝန်းကျင် ဝိုင်းမော်မြို့အမှတ် ၅ ရက်ကွက် နေအိမ်တစ်အိမ်မှာ အမျိုးသမီးရဲ့ တစ်ဦးသတ်ဖြတ်ခံရကြောင်း မိသားစုဝင်တွေက…
Read More » -
5 Marchသတင်း
KIO နယ်မြေမှာ ကလေး ကာကွယ်ဆေးထိုးနိုင်မှု အခွင့်အလမ်း နည်းပါး နေဆဲ
ကချင်ပြည်နယ်က မြို့တချို့မှာ မွေးကင်းစအရွယ် ကလေးငယ် ကနေ အသက် ၉ နှစ်အရွယ်အထိ ကာကွယ်ဆေး ထိုးနှံနိုင်ဖို့ ခက်ခဲသွားတဲ့အတွက် ကာကွယ်ရေးထိုးနိုင်ဖို့ သွားလာရေးခရီးစရိတ်က အလွန်များတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ဗန်းမော်ခရိုင် မြို့နယ်အားလုံးမှာ ၂၀၂၃ နှစ်ကုန်ပိုင်းလောက်ကနေ…
Read More » -
4 Marchသတင်း
မြစ်ကြီးနားမြို့ အမှိုက်ပုံမှာ အမျိုး သမီးတစ်ဦးရဲ့ အလောင်းတွေ့ရှိ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်ရှိ အမှိုက်ပုံတစ်ခုမှာ စွန့်ပစ်ထားတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိတယ်လို့ မြစ်ကြီးနားဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၄ ရက်နေ့ ဒီမနက် ၇ နာရီဝန်းကျင် အင်ဂျန်ဒုံရပ်ကွက်၊ အမှတ် ၆ ကျောင်းရှေ့ရှိ အမှိုက်ပုံမှာ…
Read More » -
3 Marchသတင်း
အရေးပေါ်အကူညီလိုအပ်နေတဲ့ သတင်းသမားတွေကို ထောက်ပံ့သွားမယ်လို့ IPCM ကြေညာ
သတင်းမီဒီယာလုပ်ငန်းကနေ ရပ်နားထားပြီး၊ လက်ရှိအခြေနေအရ စားဝတ်နေရေးခက်ခဲနေတဲ့ သတင်းမီဒီယာသမားတွေကို ကူညီထောက်ပံ့မယ်လို့ IPCM က ဒီကနေ့ မတ်လ ၃ ရက်နေ့မှာ ကြေညာပါတယ်။ လွတ်လပ်သောမြန်မာသတင်းမီဒီယာ ကောင်စီ IPCM က လက်ရှိကာလ အလုပ်ရပ်နားသွားရတဲ့ သတင်းထောက်တွေအတွက် ရန်ပုံငွေ စုဆောင်းရရှိတာကြောင့် ကူညီထောက်ပံ့ခြင်းလုပ်ငန်းတွေကို စတင် လုပ်ဆောင်သွားမယ်လို့ IPCM ရဲ့ထုတ်ပြန်ချက်ထဲမှာ…
Read More » -
3 Marchသတင်း
မြစ်ကြီးနား-မန္တလေး လမ်းပိုင်းခရီးစဥ် တိုက်ပွဲကြောင့် ၅ ရက်ဝန်းကျင်အထိ ကြာမြှင့်လာ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် မြစ်ကြီးနား–မန္တလေးလမ်းပိုင်း ခရီးစဥ် ၅ ရက် ဝန်းကျင်အထိ ကြာမြှင့် သွားလာနေရတယ်လို့ ကားသမားတွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က စတင်လို့ မြစ်ကြီးနား–မန္တလေးလမ်း၊ ကန့်ဘလူဒေသကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး လာရာကနေ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ကာကွယ်ရေးတပ်တွေဘက်က…
Read More » -
Feb- 2025 -28 Februaryသတင်း
လန်ဆယ်ဒေသမှာ ဒေသခံ နဲ့ ကုမ္ပဏီတွေအထိ ရွှေတူးဖော်ခွင့်ပြုဖို့ KIO စီစဉ်
ကချင်ပြည်နယ် ဆော့လော်မြို့နယ်ရှိ လန်ဆယ်ဒေသကို လိုအပ်ချက်အပေါ် မူတည်ပြီး ကုမ္ပဏီတွေ နဲ့ ပူးပေါင်းကာ ရွှေတူးဖော်သွားဖို့ အစီစဉ် ရှိသလို ဌာနေဒေသခံတွေနဲ့ ပြည်သူတွေကိုလည်း လက်လုပ်လက်စား လုပ်ကိုင်ခွင့်ပြုမှာဖြစ်တယ်လို့ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပြောပါတယ်။ ပြီးခဲ့သည့် နိုဝင်ဘာလ က လန်ဆယ်ဒေသကို KIA က သိမ်းပိုက်ပြီးနောက်…
Read More » -
27 Februaryသတင်း
မန်တုံ-မိုးမိတ်ကြား KIA တပ်စခန်းကို TNLA အင်အားသုံးဖယ်ရှားမှုမှာ KIA တပ်ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာ ပြင်းထန်စွာရရှိ
ရှမ်းမြောက်၊ မန်တုံ – မိုးမိတ်မြို့ ကြားရှိ မန်မောက်ရွာက KIA တပ်စခန်းကို TNLA က အင်အား အလုံးအရင်းနဲ့ ဖယ်ရှားဖို့ ကြိုးစားရာမှာ ရိုက်နက်မှုဖြစ်ပွားခဲ့ပြီး KIA တပ်ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာပြင်းထန်ကာ မန်တုံဆေးရုံမှာ ဆေးဝါး ကုသနေရတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက်၊ နေ့လည်…
Read More » -
27 Februaryသတင်း
ရှဒူးဇွပ် KBC ဆုတောင်းကုန်းမှာ ပြည်သူ့စစ်အဖွဲ့ လက်နက်ကြီးတပ်ချပြီး ထပ်မံ နေရာယူ
လီဒိုလမ်းမပေါ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူးဇွပ် (Jahtu Zup) ကျေးရွာရှိ နှစ်ခြင်းခရစ်ယာန်ဘာသာရေး မြေနေရာဖြစ်တဲ့ ဆုတောင်းတောင်ကုန်းပေါ်မှာ ပြည်သူ့စစ်အဖွဲ့က လက်နက်ကြီးနဲ့ တပ်ချလိုက်ပြီလို့ ဒေသခံတွေ ပြောပါတယ်။ စစ်ကောင်စီ လက်အောက်ခံ မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့ဟာ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ်မှာလည်း ရှဒူးဇွပ်ကျေးရွာရှိ ကက်သလစ်အသင်းတော်ပိုင် ဆုတောင်းကုန်းကို လက်နက်ကြီးအထိုင်ချတပ်စွဲလိုက်တာ ဒီကနေ့ထိ ဖြစ်ပါတယ်။ အလားတူ…
Read More »









