-
Feb- 2025 -17 Februaryသတင်း
ဟုမ္မလင်းမြို့နယ် သဲနုတ်ဆွတ် ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲခဲ့လို့ ကျေးရွာ လေး ရွာ ထွက်ပြေး တိမ်းရှောင်နေရ
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ သဲနုတ်ဆွတ်ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာပေါင်း လေး ရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှာင်နေရတယ်လို့ သိရပါတယ်။ ဟုမ္မလင်း PDF တွေ စိုးမိုးထားတဲ့ သဲနုတ်ဆွတ် ကျေးရွာကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စစ်ကောင်စီတပ် ဗုံးကျဲတိုက်ခိုက် ခဲ့တဲ့အပြင် လေယာဥ်တွေ နေ့စဉ် ကင်းထောက်…
Read More » -
17 Februaryသတင်း
အင်းတော် ကာကင်းစခန်းတစ်ခုကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်
စစ်ကိုင်း–ကချင်အစပ်၊ အင်းတော်မြို့နယ်မှာ ကာကွယ်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ကာကင်းစခန်းတစ်ခုကို စစ်ကောင်စီတပ်ဘက်က ပြန်လည်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲမှာ နှစ်ဖက်တပ် ကျဆုံး ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်း မြစ်တွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက် ၄ နာရီဝန်းကျင်လောက်ကစ စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ထားရတဲ့ တုံးပုံကျေးရွာက…
Read More » -
14 Februaryသတင်း
တောတောင်ထဲ စစ်ရှောင်နေတဲ့ ဆွမ်ပီယန်ဒေသခံတွေ အခက်အခဲ ရင်ဆိုင်နေရ
ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာမှာ စစ်ကောင်စီ တပ်စွဲလိုက်တဲ့နေ့က စတင်ပြီး ဒေသခံတွေ တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရတာ ၁၀ လ ပြည့်လာပြီး ခက်ခဲမှုများစွာ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ဆွမ်ပီယန် ကျေးရွာမှာ စစ်တပ်ဝင်ရောက်တပ်စွဲထားပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ရေးတင်းမာနေတာကြောင့် ဒေသခံရွာသားတွေ ယခုချိန်ထိ နေရပ်ပြန်ခွင့် မရသေးပဲ တောထဲမှာ…
Read More » -
14 Februaryသတင်း
KIA သိမ်းပိုက်ထားတဲ့ မြစ်ဆုံအထက် တီယန်ဇွပ်ကျေးရွာကို စစ်ကောင်စီ တန်ပြန်စစ်ကြောင်းထိုး
မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံဒေသ၊ တန်ဖရဲကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်တွေဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ တီယန်ဇွပ်(Tayang Zup) ကျေးရွာဘက်ကို ဦးတည်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာတယ်လို့ သိရပါတယ်။ “ကျနော်တို့ဘက်ကနေ စစ်တပ်တွေ မတက်လာနိုင်အောင် အကုန်ပိတ်ထားတယ်။ တကယ်တော့ တက်လာရင်တော့ ကျနော်တို့နဲ့က တိုက်ပွဲတော့ဖြစ်လာမှာပဲ။ ဒီဘက်ကို စစ်ရေးလှုပ်ရှားလာတယ်လို့တော့သိရတယ်” လို့ တယန်ဇွပ်ဒေသက KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာလည်း တန်ဖရဲကျေးရွာနဲ့ ဝေရှီကျေးရွာကြား စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး လှုပ်ရှားလာတဲ့အတွက် တစ်ရက်တည်းမှာပဲ ၄ ကြိမ်ထက်မနည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တန်ဖရဲနဲ့ ဝေရှီကျေးရွာ နှစ်ခုဟာ ၅ မိုင်လောက်အကွာမှာရှိပြီးတော့ ဝေရှီကျေးရွာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ရက်၊ ၄ ရက်နေ့ မှာ စစ်ကောင်စီတပ်တွေ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တဲ့နောက်ပိုင်း အခုလို ခြေလျင်နဲ့ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားလာတာလည်းဖြစ်ပါတယ်။ အခုလို တန်ဖရဲနဲ့ ဝေရှီကျေးရွာ နှစ်ခုကြားမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား ထိတွေ့တိုက်ပွဲကြောင့် ပူတာအိုကိုတက်တဲ့ကားလမ်းပိုင်းကိုလည်း မကြာခဏ ပိတ်ဆို့ခံရတာတွေ ကြုံတွေ့နေရတယ်လို့ ကားသမားတွေကပြောပါတယ်။ လက်ရှိ တန်ဖရဲကျေးရွာအထက် ဝေရှီကျေးရွာဘက်ကို နှစ်ဖက်စစ်တပ် စစ်ရေးတင်းမာမှုဖြစ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး တန်ဖရဲဒေသခံတစ်ဦးက KNG ကို အခုလိုပြောပါတယ်။ “တယန်ဇွပ်ကနေ တက်သွားတဲ့ ဝေရှီကျေးရွာမရောက်မှီမှာ တိုက်ပွဲတွေဖြစ်ကြတယ်။ အဲဒါကြောင့် တိုက်ပွဲဖြစ်တဲ့နေ့ဆိုရင် ဘယ်ကုန်ကားကိုမှ ဖြတ်ခွင့်မပေးဘူး။ မြစ်ကြီးနားဘက်ကို ပြန်လှည့်ခိုင်းတယ်။ တစ်ချို့ကုန်ကားတွေက ၄၂ မိုင်မှာအိပ်ကြတယ်။ နောက်တစ်ရက် သူတို့ပြန်ဖွင့်ပေးတဲ့ အချိန်မှာပဲ ပြန်တက်ကြတယ်” လို့ ပြောပါတယ်။ တယန်ဇွပ်ကျေးရွာဘက်ကို ဦးတည်ပြီးတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့ မြစ်ကြီးနားမြို့ပေါ်ဘက်ကနေ တန်ဖရဲကျေးရွာမှာ စစ်ကြောင်းထိုးထားတဲ့ စစ်ကြောင်းတွေဖြစ်ပါတယ်။ အဲဒီစစ်ကြောင်းတွေက ဖေဖော်ဝါရီလ ၃ ရက်နေ့ နောက်ပိုင်း အင်ခိုင်ဘွမ့်တောင်ပတ်လမ်းကို အသုံးပြုပြီးတော့ တယန်ဇွပ်၊ ဆွမ်ပရာဘွမ့်ဘက်ကို ဦးတည် စစ်ကြောင်းထွက်ခွာသွားကြတာဖြစ်ပါတယ်။ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေဟာ မြစ်ကြီးနားမြို့နယ် KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ တယန်ဇွပ်ကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် တစ်ကျော့ပြန် တိုက်ပွဲပြန်လည်ဖြစ်ပွားလာမှာကိုလည်း ကျေးရွာနေပြည်သူတွေ စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
13 Februaryသတင်း
အင်းတော်မြို့နယ် နဘားကျေးရွာ ပျံကျဈေး မီးလောင်ပြာကျ
စစ်ကိုင်း–ကချင်အစပ်၊ အင်းတော်မြို့နယ် နဘားရွာပျံကျဈေး တစ်ဝက်ကျော် မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နေ့လည်ပိုင်းလောက်မှာ ဈေးတောင်ဘက်ခြမ်းအထည်ဆိုင်ကနေ မီးလောင်မှုစတင်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။ မီးလောင်ပြာကျခဲ့ရတဲ့ နဘားဈေးဟာ နဘားကျေးရွာအပြင် အဲ့ဒီအနီးတစ်ဝှိုက်က ကျေးရွာတွေမှာနေထိုင်ကြတဲ့ ဒေသခံတွေ အားထားကြရတဲ့ ဈေးကြီးဖြစ်တယ်လို့ သိရပါတယ်။ “အဲ့ဒီနဘားဈေးက အဲ့ဒီနားမှာရှိတဲ့ ရွာနီးချုပ်စပ်ကဒေသခံတွေအားလုံးက အားထားရတဲ့ဈေးဟုတ်တယ်။ သူကရွာကြီး လည်းဖြစ်တယ်။ ကျန်တဲ့ရွာတွေမှာက ဈေးတွေမရှိကြဘူး။ ဒါ့ကြောင့် ကျန်တဲ့ရွာတွေကလည်း ဒီမှာပဲဈေးဝယ်သွားကြရ တာဟုတ်တယ်” လို့ နဘားဈေး အရေးပါပုံကို နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးကရှင်းပြပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေအကြား မြို့သိမ်းတိုက်ပွဲ ပြင်းထန်ပြီးတဲ့ နောက်မှာတော့ နဘားကျေးရွာအပြင် အဲ့ဒီအနီးတစ်ဝှိုက်နေထိုင်တဲ့ဒေသခံတွေဟာ ဘေးလွှတ်ရာကို တိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် လက်ရှိ နဘားကျေးရွာအပြင် အနီးတစ်ဝှိုက်မှာ နေထိုင်သူတွေ သိပ်မရှိတော့သလို နဘားဈေးကလည်း အရင်လို မစည်ကားတော့ဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။ နောက်ထပ်ဒေသခံ အမျိုးသမီးတစ်ဦးက မီးလောင်မှုဖြစ်ပွားခဲ့တာနဲ့ပတ်သက်လို့ “ဈေးရဲ့ ၃ ပုံ ၂ ပုံလောက်တော့ လောင်သွားတယ်ထင်တယ်။ ပေါ့ဆမီးကြောင့်လို့သိရတယ်။ ဈေးရဲ့တောင်ဘက် အထည် ဆိုင်ကစလောင်တာ။” လို့ ဆိုပါတယ်။ မီးငြိမ်းသတ်ရာမှာတော့ ဒေသခံတစ်ချို့နဲ့ ကာကွယ်ရေးတပ်တွေ ပူးပေါင်းငြိမ်းသတ်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ နဘားရွာဟာ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ အင်းတော်မြို့ပေါ်နဲ့ ၃ မိုင်ခန့်အကွာမှာတည်ရှိပြီး အိမ်ခြေ ၈၀၀ ကျော်၊ လူဦးရေ ၃၀၀၀ ကျော်နေထိုင်ခဲ့တဲ့ ကျေးရွာတစ်ခုဖြစ်တယ်လို့ သိရပါတယ်။…
Read More » -
12 Februaryသတင်း
“ပြည်နယ်အားကောင်းရေး မှ ပြည်ထောင်စုအားကောင်းရေး” အခြေခံချည်းကပ်မှုဖြင့် တိုင်းပြည်ကို ပြန်လည် တည်ဆောက်ရေး ကြိုးပမ်းမည်ဟု ထုတ်ပြန်
“ပြည်နယ် အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး” ကို အခြေခံတဲ့ချည်းကပ်မှုနဲ့ တိုင်းပြည်ကို ပြန်လည် တည်ဆောက်ရေး ကြိုးပမ်းသွားမယ်လို့ စစ်အာဏာရှင် တော်လှန်ရေးအဖွဲ့ ၉ ဖွဲ့ ပါဝင်တဲ့ ပူးတွဲကြေညာချက်ကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။ ထုတ်ပြန်ချက်ထဲမှာ…
Read More » -
12 Februaryအင်တာဗျူး
၇၈ နှစ်မြောက် ပြည်ထောင်စုနေ့ နဲ့ ကချင်လူထုအမြင်
ဖေဖော်ဝါရီလ ၁၂ ရက် မှာ ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပြီး တောင်တန်းဒေသနဲ့ ပြည်မ စုပေါင်းပြီးတော့ ဗြိတိသျှ အစိုးရ ကနေ လွတ်လပ်ရေးအတူရယူဖို့ ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့ ဖြစ်ပါတယ်။ ပင်လုံစာချုပ်ကို ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ရှမ်းပြည်နယ် ပင်လုံမြို့မှာ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ကချင်၊ ချင်း၊…
Read More » -
12 Februaryသတင်း
ဘန်ရှောင် ကျေးရွာထဲ KIO ရုံးတည်ဆောက်မှုကို UWSA ကန့်ကွက်ပြီး၊ ဒေသခံတွေက UWSA ကို ပြန်လည်ကန့်ကွက်
လားရှိုးမြို့နယ်၊ မိုင်းယော် (Mungyaw) ကျေးရွာအနီး၊ ဘန်ရှောင်ကျေးရွာ (Bangshau mare) မှာ KIO ရုံးတည်ဆောက်မှုကို UWSA တပ်ဖွဲ့နဲ့ TNLA က တားဆီးပိတ်ပင်နေသလို ဘန်ရှောင်ဒေသခံတစ်ချို့ကလည်း UWSA ကို အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒဖော်ထုတ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ စစ်တပ်အာဏာ မသိမ်းခင် ဂျာယန် ပြည်သူ့စစ်တပ်ဖွဲ့က ထိန်းချုပ်ခဲ့တဲ့ ဘန်ရှောင်ကျေးရွာကို ၂၀၂၃ ခုနှစ်ကတင်ပြီး ကျေးရွာ ပညာရေး၊ ကျန်းမာရေး ၊ လူမှုရေး…
Read More » -
12 Februaryသတင်း
ကချင်မှာ တစ်ပတ်အတွင်း စစ်ကောင်စီ ၅ နေရာခန့်ကို ဗုံးကြဲတိုက်ခိုက်
ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း ကချင်ပြည်နယ်ထဲက တိုက်ပွဲမဖြစ်တဲ့ လူနေကျေးရွာတွေကို ဦးတည်ပြီး စစ်ကောင်စီရဲ့ လေယာဉ် ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ကြုံနေရတယ်လို့ သိရပါတယ်။ တစ်ပတ်တာအတွင်း KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ မုန်းဆိုင်ယန် (Mung Seng Yang) ၊ မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်းပေါ်ရှိ ဝေရှီ (Wai-shi)ကျေးရွာ ၊ အင်ဂျန့်ယန်လမ်းပေါ်က တန်ဘောင်ယန် (Tangbau…
Read More » -
12 Februaryသတင်း
တပ်သားသစ်စုဆောင်းမှု နဲ့ အခွန်ကောက်ခံမှုကြောင့် ဒေသခံတွေ သွားလာရေးမှာ အခက်ကြုံ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တပ်သားသစ်စုဆေင်းမှုနဲ့ အခွန်ကောက်ခံမှုတွေကြား ဒေသခံတွေ သွားလာရေး အခက်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ဖွဲ့တွေက မိုးညှင်းမြို့နယ်အတွင်း တပ်သားသစ် စုဆောင်းမှုတွေဆက်တိုက် လုပ်နေသလို ရှမ်းနီပြည်သူ့စစ်နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်က တပ်သားသစ် စုဆောင်းမှုနဲ့ ဂိတ်ချအခွန်ကောက်ခံမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေ က ဆိုပါတယ်။…
Read More »









