စစ်ရေး

  • Apr- 2024 -
    5 April

    မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်းပိတ်ထားတာကြောင့် ကုန်ကားနဲ့ခရီးသည်ကားရာနဲ့ချီပြီးပိတ်မိနေ

    မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်းပိတ်ထားတာကြောင့် ကုန်ကားနဲ့ ခရီးသည်ကားတွေ ရာချီ ပိတ်မိနေတယ်လို့ ခရီးသွားပြည်သူတွေဆီကနေ သိရပါတယ်။ မတ်လ ၃၀ ရက်နေ့ကစပြီး မြစ်ကြီးနား– မန္တလေးလမ်းမပေါ်မှာရှိတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူနယ် ဇင်းရွာမှာ စစ်ကောင်စီတပ်တွေနဲ့ PDF တပ်တို့ကြား တိုက်ပွဲပြင်းထန်နေတာကြောင့်  ဧပြီ ၅ ရက်နေ့ ဒီနေ့အထိကားလမ်းပိတ်ထားတာဖြစ်တယ်လို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက KNG ကိုပြောပါတယ်။ “ပိတ်ထားတာက အဲ့ကန့်ဘလူနယ်ထဲမှာပဲပိတ်ထားတာ မြစ်ကြီးနားဘက်တက်လာမယ့်သူတွေလည်းတက်လာလို့မရဘူး မြစ်ကြီးနားဘက်ကနေဆင်းလာမယ့်ကားတွေလည်း သွားလို့မရဘူးဖြတ်လို့မရဘူး ဇင်းရွာမှာပိတ်ထားတာ မတ်လ ၃၀ ရက်နေ့ကနေထိတွေ့မှုတွေဖြစ်နေတာလေ။ အဲ့ဇင်းရွာမှာကျတော့ စစ်ကောင်စီတပ်စခန်းတွေရှိတယ် စစ်ကြောင်းထိုးပြီးရွာတွေလည်းမီးရှို့နေတယ် အဲ့ကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ပွဲဖြစ်ရင်ပြည်သူတွေကြားညပ်မှာရယ်အန္တာရာယ်ဖြစ်မှာရယ်စိုးရိမ်တာကြောင့်ပိတ်ထားတယ်”လို့ ပြောပါတယ်။ ရွှေဘိုမြစ်ကြီးနားကားလမ်းပိုင်းကို ဧပြီ ၁ ရက်နေ့မနက်ကနေစပြီးကာကွယ်ရေးတပ်ဖွဲ့တွေက ရက်အကန့်အသတ်မရှိပိတ်ထားတာဖြစ်ပြီး မန္တလေးကနေမြစ်ကြီးနားဘက်တက်မယ့်ကားတွေ စပယ်နံ့သာမှာပိတ်မိနေသလို မြစ်ကြီးနားကနေ မန္တလေးဘက်ကိုဆင်းမယ့်ကားတွေလည်း ပေကြီးရွာထဲမှာပိတ်မိနေတယ်လို့သိရပါတယ်။ “ကောလင်းအထိသွားလို့ရတယ်ဆိုတော့ ကောလင်းအထိသွားကြတယ် အဲ့ဇင်းမှာပိတ်ထားတာဆိုတော့ ပြန်ဖွင့်ရင်အရံသင့်သွားလို့ရအောင်ဆိုပြီး အချိန်ပိုင်းလေးပါ့ဖွင့်ဆိုပြီးတော့သွားကြတာဟိုမှာပဲ ပိတ်မိနေတယ် ကားတွေကတော့ ရာနဲ့ချီပြီးအများကြီးတန်းစီနေတယ်”ခရီးသွားပြည်သူတစ်ဦးက ပြောပါတယ်။ ခုလိုရွှေဘို မြစ်ကြီးနားကားလမ်းပိုင်း တစ်ပတ်ကြာ ပိတ်ထားတာကြောင့် လက်ရှိကချင်ပြည်နယ်အပါအဝင်အင်းတော် ကောလင်းစတဲ့မြို့နယ်တွေထဲမှာ အခြေခံစားသောက်ကုန်တွေစျေးတက်နေပြီးစက်သုံးဆီရှားပါးလာမှုတွေကိုလည်းကြုံတွေ့နေရတယ်လို့သိရပါတယ်။ မန္တလေး– မြစ်ကြီးနားလမ်းမှာ စစ်တပ်နဲ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲကြောင့် ကားလမ်းမကြာခနပိတ်ခံနေရပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာလည်း တစ်ပတ်ဝန်းကျင်ကားလမ်းသွားလာခွင့်ပိတ်ဆို့ထားတဲ့ဖြစ်စဉ်ရှိခဲ့တဲ့အပြင် ဒီတစ်ကြိမ်မှာလည်း အနည်းဆုံး ၁၀ ရက်ထက်ကြာမြင့်နိုင်တယ်လို့ ကားသမားတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ By – Zaw Zaw

    Read More »
  • 4 April

    လွယ်ဂျယ်မြို့ အစိုးရရုံးအားလုံး KIA ချိတ်ပိတ်

    “စစ်သားတွေက ရှိနေပေမယ့် KIA တပ်တွေက သူတို့လက်လှမ်းမှီသလောက် အစိုးရရုံးတွေကို ချိတ်ပိတ်ထားပြီ။  ကျန်တာတော့ ဘယ်လိုဆက်လုပ်နေကြလဲမသိဘူး”လို့ လွယ်ဂျယ်ဒေသခံအမျိုးသမီးတစ်ယောက်က KNG ကိုပြောပါတယ်။

    Read More »
  • 4 April

    ဗန်းမော်မှာတိုက်ပွဲပြင်းထန်လာမှာစိုးလို့ မြို့ခံတစ်ချို့တိမ်းရှောင်နေ

    ဗန်းမော်မြို့မှာ တိုက်ပွဲပြင်းထန်လာနိုင်တဲ့အခြေနေမှာရှိနေတဲ့အတွက် မြို့ခံတစ်ချို့တိမ်းရှောင်နေတဲ့အပြင် တစ်ချို့ကတော့ကတုတ်ကျင်းတူးပြီးပြင်ဆင်နေကြပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၇ ရက်နေ့ကနေစတင်လာတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးအရှိန်ဟာ တစ်ဖြည်းဖြည်းမြင့်တက်နေတဲ့အလျောက် ဗန်းမော်ခရိုင်ရဲ့ မြို့နယ်တွေထဲမှာရှိတဲ့ စစ်တပ်အထိုင်တပ်စခန်းအများပိုင်းတိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီတပ်တွေဟာ ဗန်းမော်တက္ကသိုလ်နဲ့ စာသင်ကျောင်းနေရာတစ်ချို့မှာ တပ်စွဲနေရာယူပြီး မြို့တွင်းကင်းပုန်းချစစ်ဆေးဖမ်းဆီးတာကို ခပ်စိပ်စိပ်လုပ်ဆောင်နေတာကြောင့် မြို့တွင်းတိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။ ဒါကြောင့် မြို့ခံပြည်သူတစ်ချို့က မြို့စွန့်ခွာထွက်ပြေးတိမ်းရှောင်သူတွေရှိနေသလို  တစ်ချို့ကတော့ကတုတ်ကျင်းတွေတူးပြီး ပြင်ဆင်နေကြတယ်လို့ သိရပြီး ကတုတ်ကျင်းတူးဖို့အနည်းဆုံးတစ်သိန်းကျပ်အထိ ပေးပြီးတူးနေရတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။ “တော်တော်များများတော့ တူးနေကြပြီ တစ်ချို့ကျတော့လည်း လူငှားလို့မရတာရယ် ငွေကြေးအဆင်မပြေတာတွေရယ် အခုလည်းပိုက်ဆံတွေတစ်အားတောင်းတာ တစ်သိန်းအောက်မရဘူး။ ဟိုတုန်းကဆိုရင် သုံးလေးသောင်းဆိုရနိုင်တယ် အခုက ၁သိန်းကနေ ၄ သိန်းထိရှိတယ် ကျင်းက ကြီးရင်ကြီးသလိုပေးရတယ်၊ အဲ့တာကျင်းတူးခဘဲရှိသေးတာနော် အပေါ်မှာ အုပ်မဲ့ဟာတွေနဲ့ဆို ငါးသောင်းခြောက်သောင်းလောက်ပြန်ကုန်အုံးမှာ ကြိုတင်ပြင်ဆင်နေကြတာ ဟုတ်တယ် ”လို့ပြောပါတယ်။ ဗန်းမော်ဒေသခံတွေဟာ ကတုတ်ကျင်းတူးရာ အနက် ၅ပေ အကျယ် ၇ပေ လောက်ကို အနည်းဆုံး ၁ သိန်း ပေးရတာဖြစ်ပြီး ကျင်းအကျယ်အဝန်းအလိုက် သုံးလေးသိန်းထိ ပေးတူးရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံရေးအခြေအနေ ကောလဟာလအမျိုးမျိုးကြောင့် တစ်ခြားမြို့တွေဆီ ထွက်ပြေးတိမ်းရှာင်သူတွေများလာတဲ့အလျောက် ကားခတွေလည်းအရင်ကထက်ဈေးမြင့်တက်သွားပြီလို့ ဒေသခံတစ်ယောက်က ဆက်ပြောပါတယ်။ “ဒီမနက်ဆိုရင် မန်းလေးထိကို ၁သိန်း၂သောင်း ခါတိုင်း သောင်းဂဏန်းဘဲလေ ဟိုတစ်လောကဆိုရင် ၁သိန်းဘဲရှိသေးတာ ဒီရက်တွေက နီးလာတာနဲ့အမျှ ဈေးတွေကလည်းတက်တက်နေတယ် အဲ့တော့လည်း ဘယ်လိုကနေဘယ်လိုရှာကြံ ချေးငှားပြီးသွားရမလဲ ရှိတဲ့သူတွေကတစ်မျိုးပေါ့၊ ဒီနေ့လည်း မြို့ကနေထွက်တဲ့သူတွေက ကားတွေအပြည့်ဘဲ”လို့ပြောပါတယ်။ လက်ရှိ  ဗန်းမော်မြို့မှာရှိတဲ့ ရွှေဆိုင်တွေ၊ ကုန်စုံဆိုင်၊ စတိုးဆိုင် တွေ တော်တော်များများပိတ်ထားတယ်လို့သိရပြီး ဒေသခံရဲ့ပြောပြချက်အရ တစ်ချို့ ဌာနဆိုင်ရာရုံးတွေလည်း ပိတ်ထားတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။ မတ်လ ၇ ရက်နေ့ကနေ စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးဟာ တစ်ဖြည်းဖြည်းနဲ့အရှိန်မြင့်တက်လာနေပြီး ဗန်းမော်ခရိုင် စစ်ကောင်စီ စကခ ၂၁ တပ်ထိုင်တဲ့ ဗန်းမော်မြို့အနီးကိုလည်း တိုက်ပွဲတွေဦးတည်လာနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။ ဗန်းမော်မြို့ဟာ ကုန်းကြောင်း၊ရေကြောင်း၊လေကြောင်း အဓိက အချက်ချာကျတဲ့မြို့ဖြစ်ပြီး အစိုးရခရိုင်စိုက်ရာမြို့ဖြစ်တဲ့အပြင် ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်လို့လည်း ပြောလို့ရသလို ကချင်ပြည်နယ်ထဲက သင်္ဘောဆိပ်ဆိုက်ရာတစ်ခုတည်းသောမြို့ဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်ဘက်ကလည်း လက်ရှိ ဗန်းမော်မြို့ကို အဖက်ဖက်ကနေ အင်အားတွေစုစည်းနေပြီး ခံစစ်သဘောနဲ့ပြင်ဆင်တာတွေရှိနေတယ်လို့လည်း ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ ဗန်းမော်မြို့နဲ့အနီးဆုံး မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲက စစ်ကောင်စီ ခမရ ၁၄၂ ဗျူဟာတပ်စခန်းလည်း ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့မှာဘဲ KIA ပူးပေါင်းတပ်တွေတိုက်ခိုက်မှုကြောင့် အလံဖြူထောင်လက်နက်ချခဲ့သလို တစ်လဝန်းကျင်ကြာလာပြီဖြစ်တဲ့ KIA  ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးမှာ စစ်တပ်ရဲ့စခန်း ၆၀ ကျော်သိမ်းပိုက်ရရှိထားပြီလည်းဖြစ်ပါတယ်။ By – Bu Bu

    Read More »
  • Mar- 2024 -
    19 March

    ကချင်ပြည်နယ်ရဲ့ မြို့နယ်တစ်ချို့မှာ စစ်မှုထမ်းဖို့စာရင်းစတင်ကောက်ယူနေ

    ကချင်ပြည်နယ်ထဲက  မြို့နယ်တစ်ချို့မှာ စစ်တပ်က စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်စာတွေပို့ပြီး စာရင်းတွေစကောက်နေပြီလို့ ကချင်ပြည်နယ်မှာနေထိုင်တဲ့ပြည်သူတွေဆီကနေ သိရပါတယ်။ မတ်လ တတ်ိယအပတ်ကစပြီး ကချင်ပြည်နယ်တွင်းက မြစ်ကြီးနားမြို့၊ဗန်းမော်မြို့၊ မိုးညှင်းမြို့နယ်အပါအဝင် မြို့နယ်တစ်ချို့မှာ စစ်တပ်ကအုပ်ချုပ်ရေးမှူးတစ်ဆင့် စစ်မှုထမ်းဖို့ ဆင့်ခေါ်စာပေးပို့ပြီး စာရင်းစကောက်ယူနေတဲ့အပြင် ဗန်းမော်မြို့မှာဆို စာရင်းကောက်ယူမယ့်အကြောင်းအရာနဲ့ပတ်သက်ပြီး အစည်းဝေးပြုလုပ်ခဲ့တယ်လို့ ဗန်းမော်မြို့ခံတစ်ဦးက KNG ကိုခုလိုပြောပါတယ်။ “ဗန်းမော်ခရိုင်မှာကတော့ အုပ်စုက ၅၈ အုပ်စုရှိတယ် အဲထဲမှာရပ်ကွက်ကျေးရွာတွေပါတယ် ဒီအုပ်စုအားလုံးထဲက ပထမအကြိမ် အသက် ၃၀ –၃၅ ကြားတွေကို စာရင်းအရင်ကောက်ပြီး နောက်ဒုတိယအကြိမ် ၃၀ အောက်တွေကို ပြန်ကောက်မှာဖြစ်ပြီး တစ်ရပ်ကွက်ကို အနည်းဆုံး ၂၀ ယောက်စုဆောင်းသွားမယ်လို့ သိရတယ်”လို့ပြောပါတယ်။ ဗန်းမော်ခရိုင်ထဲက မြို့နယ် ၄ ခုလုံးမှာရှိတဲ့ ရပ်ကျေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ ရပ်ကွက်၊ ကျေးရွာနေပြည်သူတွေကို မတ်လ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းလာပေးဖို့ စာနဲ့တကွထုတ်ပြန်ပြောကြားထားတယ်လို့ ဒေသခံတွေက ဆက်ပြောပါတယ်။ အလားတူ မိုးညှင်းမြို့နယ် အင်တော်ကြီးဒေသ နန့်မွန်းကျေးရွာမှာလည်း မတ်လ ၁၈ရက်နေ့ကစပြီး စစ်မှုထမ်းဖို့နာမည်စာရင်းတွေစတင်ကောက်ယူနေတဲ့အပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတော့  အမည်စာရင်းလာမပေးတဲ့သူတွေကို ခြိမ်းခြောက်တာတွေကိုပါလုပ်နေတယ်လို့ ဒေသခံတစ်ဦးကခုလိုပြောပါတယ်။ “သူတို့ကတော့ တစ်ရပ်ကွက်ကို ၂ယောက်နှုန်းနဲ့ခေါ်ဖို့လုပ်နေကြတယ် အဲကအုပ်ချုပ်ရေးမူးတို့ ရာအိမ်မှူးတို့ကတော့ ဖုန်းဆက်ပြီးခေါ်တယ် မှတ်ပုံတင်ကတ်ရောယူခဲ့ခိုင်းတယ် မလာရင်တော့ တစ်ခုခုဖြစ်ရင်တာဝန်မယူဘူးဆိုပြီး ခြိမ်းခြောက်တယ်” ဆိုပါတယ်။ နန့်မွန်းကျေးရွာကတော့ အိမ်ခြေ တစ်ထောင်ဝန်းကျင်ရှိတဲ့ ရွာကြီးတစ်ရွာ ဖြစ်ပြီး လူငယ်အရေအတွက်ကတော့ နှစ်ထောင်ဝန်းကျင်ရှိတယ်တဲ့ ကျေးရွာကြီး တစ်ခုဖြစ်ပါတယ်။ အခုလို  အင်းတော်ကြီးဒေသမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေပြီးတော့ စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဉပဒေကို အသက်ဝင်လာအောင်ကူညီပေးနေမှုအပေါ် အင်းတော်ကြီးက Indawgyi People Defence Force – IDG…

    Read More »
Back to top button