,

Breaking News :

ဝက်လက်နယ် တိုက်ပွဲတွင် ၂ဖက်တပ် အကျအဆုံးများဟုဆို

ဒီပဲယင်းတွင် လေကြောင်းလိုင်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ကျေးရွာ ၂ခုထွက်ပြေးတိမ်းရှောင်နေရ

ဆားလင်းကြီးနယ်တွင် စစ်ကောင်စီတပ် သေနတ်လိုက်လံပစ်ခတ်မှုကြောင့် ပြည်သူ ၂ဦးထိမှန်

ဖမ်းဆီးခံထားရသည့် PDF တပ်သား ၄ ဦးအနက် ၂ ဦးကို ထောင်တွင်းသတ်ဖြတ်ခံရဟုဆို

ကသာတွင် ကျောင်းသားတစ်ဦးထံမှ ဆေးခြောက်တွေ့ရှိသဖြင့် ပြည်သူ ၁၃ဦးကို စစ်ကောင်စီဖမ်းဆီး

အင်းတော်နယ်တွင် ထောင်ထားသည့် မိုင်းကြိုးစဆွဲမိသဖြင့် အမျိုးသား၂ဦးသေဆုံး

ကသာတွင် စစ်ကောင်စီ သတင်းပေးသူဟု ဆိုရသော ရာအိမ်မှူးတစ်ဦးဖမ်းဆီးခံရ

ပရိသတ်စိတ်ဝင်စားမည့် သတင်းအမှား ခေါင်းစဉ်ဖြင့် ဝင်ငွေရှာနေသော YouTube ချန်နယ်များကို သတိပြုရန်

ကင်းပုန်းဝပ်ပြီးပြန်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ဦးသေဆုံး

ဖားကန့်တွင် ဆယ်နှစ်အောက် ကလေး ၄ဦးအပါ ပြည်သူ ၂၀ ကျော်ဖမ်းဆီးခံထားရဆဲ

  1. Home
  2. Covid-19 Reporting

Category: Covid-19 Reporting

Covid-19 Reporting
လားရှိုးမြို့မှာ covid-19 ပိုးတွေ့နှုန်းများလာသဖြင့် ဈေး‌‌ရောင်းခွင့် ပြန်လည်ကန့်သတ်

လားရှိုးမြို့မှာ covid-19 ပိုးတွေ့နှုန်းများလာသဖြင့် ဈေး‌‌ရောင်းခွင့် ပြန်လည်ကန့်သတ်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ပိုးတွေ့နှုန်း ပြန်မြင့်တက်လာတာကြောင့် ဈေး‌‌ရောင်းခွင့် ပြန်လည်ကန့်သတ်လိုက်ကြောင်း COVID-19 Operation Team မှ သိရပါတယ်။ "မနက်ဖြန် နိုဝင်ဘာ ၄ ရက် နေ့ကစပြီး လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနပိုင် ဈေးများဖြစ်တဲ့ မြို့မဈေး၊ မန်ဆူဈေး၊ အောင်မင်္ဂလာဈေး၊ လားရှိုးကြီးဈေးတွေမှာ ဆေးဝါးပစ္စည်းများနဲ့ အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆား၊ ကုန်စိမ်းကုန်ခြောက်၊ သားငါးဆိုင်တွေကိုသာ ဖွင့်လှစ်ရောင်းချခွင့်ပြုမှာ" လို့ COVID-19 Operation Team

Covid-19 Reporting
ပိုးတွေ့ လူနာများလာသည့်အတွက် လိုင်ဇာမြို့ ဒုတိယအကြိမ် Lockdown ပြန်လည်ချမှတ်

ပိုးတွေ့ လူနာများလာသည့်အတွက် လိုင်ဇာမြို့ ဒုတိယအကြိမ် Lockdown ပြန်လည်ချမှတ်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့တွင် Covid-19 ပိုးတွေ့လူနာများလာသောကြောင့် နိုဝင်ဘာ ၂ ရက်နေ့မှစတင်ကာ Lockdown ချမှတ်လိုက်ပြီဖြစ်ကြောင်း ဗဟို ကိုဗစ်- ၁၉ ကာကွယ်ရေးထိန်းချုပ်ရေးနှင့်အရေးပေါ် ကော်မတီမှ ဗိုလ်မှူးကြီးဟိန်းဝမ်ထံမှ သိရသည်။ "မနေ့ညစပြီး ပိုးတွေ့လူနာက သိသိသာသာ ပိုများလာသည့်အတွက် ဒီနေ့ကစပြီးတော့ တစ်မြို့လုံး Lockdown ပြန်သတ်မှတ်ထားလိုက်တာဟုတ်တယ်။ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်း ပိုးတွေ့တဲ့သူ တစ်ဦးစ နှစ်ဦးစရှိလာပြီ" ဟု ဗဟို ကိုဗစ်- ၁၉

Covid-19 Reporting
အောက်တိုဘာလအတွင်း ကချင်ပြည်နယ်အနှံ Covid-19 ကူးစက်မှုနှင့် သေဆုံးမှုများ

အောက်တိုဘာလအတွင်း ကချင်ပြည်နယ်အနှံ Covid-19 ကူးစက်မှုနှင့် သေဆုံးမှုများ

ကချင်ပြည်နယ် မြို့နယ် ၁၈ မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာနှင့် သေဆုံးသူဦးရေမှာ ပြီးခဲ့သည့် စက်တင်ဘာလထက် အောက်တိုဘာလတွင် သိသိသာသာ လျော့နည်းနေကြောင်း စစ်ကောင်စီအောက် ကျန်းမာရေးဌာန၏ စာရင်းများစုစည်းချက်အရ သိရသည်။ စက်တင်ဘာလတွင် ကိုဗစ်-၁၉ ပိုးကူးစက်ခံရသူ ဦးရေ စုစုပေါင်း ၅၆၉၈ ဦးနှင့် သေဆုံးသူ ၈၈ ဦး ထိရှိပြီး အောက်တိုဘာလတွင် ပိုးကူးစက်သူ ၃၁၂၆ ဦးနှင့် သေဆုံးသူ ၄၃ ဦး ရှိသည်ဟု

Covid-19 Reporting
အင်ဂွမ်လကျေးရွာ ကျောင်းသား ၁၀၀ နီးပါးခန့်တွင် Covid-19 ကူးစက်ခံရသဖြင့် အကူညီလိုအပ်နေ

အင်ဂွမ်လကျေးရွာ ကျောင်းသား ၁၀၀ နီးပါးခန့်တွင် Covid-19 ကူးစက်ခံရသဖြင့် အကူညီလိုအပ်နေ

ကချင်ပြည်နယ် တြိဂံဒေသ အင်ဂွမ်လ N-Gum La ကျေးရွာတွင်ရှိသော San Petru ဘော်ဒါကျောင်းမှ ကျောင်းသား ၉၈ ဦးတွင် Covid-19 ပိုးတွေ့ရှိသောကြောင့် ဆေးဝါးနဲ့ အစားအသောက်ကူညီထောက်ပံ့မှု အရေးပေါ်လိုအပ်နေကြောင်း San Petru ဘော်ဒါတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ “အရင်ရှေ့အပတ်ကနေ ပိုးစတွေ့လာပြီးတော့ ၂၅ ရက်နေ့ထိ ၉၈ ဦးရှိပြီ။ အခုက ဘယ်လောက်ပြန်တိုးသွားပြီလဲ လိုင်းမရှိတော့ မသိရသေးဘူး။ အခုလောလောဆယ် ပိုးတွေ့လူနာကို သပ်သပ်ခွဲနေခိုင်းထားပေမဲ့ နေရာအခက်အခဲ

Covid-19 Reporting
နောင်မွန်မြို့  Covid-19 လူများအတွက် အောက်စီဂျင်အိုးများ ထပ်မံ လိုအပ်နေ

နောင်မွန်မြို့  Covid-19 လူများအတွက် အောက်စီဂျင်အိုးများ ထပ်မံ လိုအပ်နေ

ပူတာအိုခရိုင် နောင်မွန်မြို့ရှိ Covid-19 လူနာများအတွက်အရေးတကြီးလိုအပ်နေသော အောက်ဆီဂျင်အိုးများ သယ်ယူဖို့ လိုအပ်နေသော်လည်း စစ်ကောင်စီက ခွင့်မပြုသဖြင့် အခက်ကြုံနေရကြောင်း သိရသည်။ (more…)

Covid-19 Reporting
ဝိုင်းမော်မြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး နိုဝင်ဘာလ အပြီးထိုးမည်

ဝိုင်းမော်မြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး နိုဝင်ဘာလ အပြီးထိုးမည်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ ပြည်သူများကို လာမည့် လာမည့် နိုဝင်ဘာလ ၈ရက်နေ့အပြီး ကိုဗစ် ကာကွယ်ဆေးထိုးပေးမည်ဖြစ်ကြောင်း  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှသိရသည်။ (more…)

Covid-19 Reporting
အုပ်ချုပ်ရေးဒိုင်း ဘောလုံးပွဲကြောင့် နောင်မွန်တွင် Covid-19 ပိုးတွေ့ လူနာပိုများလာ

အုပ်ချုပ်ရေးဒိုင်း ဘောလုံးပွဲကြောင့် နောင်မွန်တွင် Covid-19 ပိုးတွေ့ လူနာပိုများလာ

ပူတာအိုခရိုင် နောင်မွန်မြို့တွင် အောက်တိုဘာလ ၁၅ရက်နေ့ တစ်ရက်အတွင်း covid-19 အတည်ပြုလူနာ ၁၈ ဦးတွေ့ရှိခဲ့သည်ဟု နောင်မွန်ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီလက်အောက်ရှိ အုပ်ချုပ်ရေးမှူးများအဖွဲ့ ဦးဆောင်သော ရပ်ကွက်ဘောလုံးပွဲအပြီး ရောဂါကူစက်မှုနှုန်း အလွန်များပြားလာသည်ဟု နောင်မွန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့ သည်။ “ကိုဗစ်ပိုး စတွေ့တာ မနေ့ကဘဲဟုတ်တယ်။ ဒီလဆန်းပိုင်းမှာဘဲ မြို့ပေါ်ရပ်ကွက်တစ်ချို့မှာ ရောဂါကူးစက်ခံနေရတာရှိတယ်။ ဒါပေမယ့် သိပ်မဆိုးဘူးလို့ပြောလို့ရမယ်။ အခုက အုပ်ချုပ်ရေးဒိုင်း ဆိုပြီး

Covid-19 Reporting
ကွတ်ခိုင်က COVID-19 ရှေ့တန်း ပရဟိတ ဝန်ထမ်း ၂ ဦး ပိုးကူးစက်ခံရ

ကွတ်ခိုင်က COVID-19 ရှေ့တန်း ပရဟိတ ဝန်ထမ်း ၂ ဦး ပိုးကူးစက်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် COVID-19 ကာကွယ်ထိန်းချုပ်ရေး ရှေ့တန်းက‌နေ ပါဝင်ကူညီ‌နေတဲ့ ပရဟိတ ဝန်ထမ်း ၂ ဦး ယမန်နေ့ အောက်တိုဘာလ ၂ ရက်နေ့က ပိုးကူးစက်ခံထားရကြောင်း ပြောပါတယ်။ "ဟုတ်တယ်။ ဦးလေး ကိုယ်တိုင် ထိသွားတာ။ အခုက ဘာမှ ထူးခြား လက္ခဏာ မရှိပါဘူး။ နှာစေး၊ ချောင်းဆိုး လောက်ပဲ လောလောဆယ် ဖြစ်တယ်။ နောက် ပိုဆိုးတာက ဦးလေးက နှလုံး ရောဂါ

Covid-19 Reporting
ICRC မှ Covid-19 ကာကွယ်ရေးပစ္စည်းများကို KIO သို့ သွားရောက်ကူညီ

ICRC မှ Covid-19 ကာကွယ်ရေးပစ္စည်းများကို KIO သို့ သွားရောက်ကူညီ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေရှိ ပြည်သူများအတွက် လိုအပ်သော Covid-19 ကာကွယ်ရေး အသုံးဆောင်ပစ္စည်းနှင့် ဆေးဝါးများကို ICRC – International Committee of the Red Cross မှ စက်တင်ဘာ ၂၈ ရက်နေ့ လာရောက်ပေးအပ်ခဲ့ကြောင်း လိုင်ဇာမြို့ KIO ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ သိရသည်။ (more…)

Covid-19 Reporting
မုံးကိုး စစ်ရှောင်စခန်းတွင် Covid-19 ပိုး ကူးစက်ခံရသူ ၁၀၀ ကျော်ရှိလာ

မုံးကိုး စစ်ရှောင်စခန်းတွင် Covid-19 ပိုး ကူးစက်ခံရသူ ၁၀၀ ကျော်ရှိလာ

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့ စစ်ဘေးဒုက္ခသည်စခန်းတွင် Covid-19 ပိုးကူးစက်ခံရသူ စစ်ရှောင် ၉၇ ဦး နှင့် ပရဟိတ ၅ ဦးထိ ရှိလာကြောင်း စစ်ရှောင်စခန်းတွင် စီမံခန့်ခွဲပေးနေသူ တစ်ဦးထံ မှ သိရသည်။ “ဒီနေ့ ၃၂ ဦး စစ်တာ ၁၈ ဦးတွေ့တယ်။ ပထမအကြိမ် ၃၇ ဦး၊ ဒုတိယအကြိမ် ၄၂ ဦး၊ တတိယအကြိမ် ၁၈ ဦးပေါ့။ စုစုပေါင်း စစ်ရှောင်