ဖမ်းဆီးခံရမှု

  • May- 2024 -
    2 May

    ဆိုင်းတောင်တံတားထိပ်မှာ အရပ်သား ၃ ဦးဖမ်းဆီးခံရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာတံတားထိပ်မှာ စစ်ကောင်စီတပ်က အရပ်သား ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ ဆိုင်းတောင်မှာနေထိုင်သူတွေကနေ သိရပါတယ်။ အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ မေလ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင် ဆိုင်းတောင်တံတားထိပ်မှာ တစ်နာရီအကြာပိတ်ဆို့စစ်ဆေးခဲ့ပြီး အရပ်သား ၃ ဦးကိုဖမ်းဆီးသွားတယ်လို့ ဆိုင်းတောင်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အကြာကြီးတော့မဟုတ်ဘူး ခနပဲလုပ်သွားတာ အဲ့မှာသူတို့မသင်္ကာတဲ့အမျိုးသားသုံးယောက်ကိုတော့ဖမ်းသွားတယ်။ ဆိုင်းတောင်ရဲကုန်းကိုခေါ်သွားတယ်။ နောက်ဆက်သွယ်တော့မသိရသေးဘူးအခုတော့မရှိတော့ဘူး ပြန်ဆုတ်သွားကြပြီ”လို့ ပြောပါတယ်။ ဖမ်းဆီးခံရသူ အရပ်သား…

    Read More »
  • 1 May

    ဖားကန့်မှာ ဒုရဲအုပ်တစ်ဦးကို KPDF ဖမ်းဆီးရမိ

    ဖားကန့်မြို့နယ် ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာမှာ ဧပြီလ ၃၀ ရက်နေ့ နေ့လည်ပိုင်း ၁ နာရီလောက်က ဒုရဲအုပ်တစ်ဦးကို KPDF တပ်ဖွဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကပြောပါတယ်။ ဖြစ်စဥ်ကတော့ ဆိုင်းတောင်ရဲစခန်းကနေ ရဲ၃ယောက် မြို့ထဲကိုဆင်းလာပြီး ငွေသွင်းငွေထုတ်လုပ်နေတဲ့ အချိန်မှာပဲ…

    Read More »
  • Apr- 2024 -
    29 April

    ဖားကန့်သွားမယ့် မြေသယ်ကား ၇ စီးကိုဖမ်းဆီးပြီး စစ်ကောင်စီ မီးရှို့ဖျက်ဆီး

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းခွင်တံတားအကျော် ပွင့်ဖြူစစ်ကောင်စီဂိတ်စခန်းမှာ ဖားကန့်သွားမယ့် မြေသယ်ကား ၇ စီးကို စစ်တပ်ကဖမ်းဆီးခဲ့ပြီး မြန်မာကျပ်ငွေ သိန်း ၂ ထောင်အခွန်ဆောင်ပြီးရွေးရမယ်လို့ဆိုကာ ငွေမပေးလို့ ကားတွေကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲ့ဒီ မြေသယ်ကား ၇…

    Read More »
  • 29 April

    ကချင်မှာ ၄ လအတွင်း အရပ်သားပြည်သူ  ၂၀၀ ဝန်းကျင် ဖမ်းဆီးခံရ

    ဖမ်းဆီးခံရမှုတွေထဲမှာ ပြန်လွတ်လာတဲ့သူတွေရှိသလို့ လက်ရှိချိန်ထိ ပြန်မလွတ်လာသေးဘဲ သတင်းမကြား၊ ပျောက်ဆုံးနေတဲ့သူတွေလည်း ရှိနေပါတယ်။

    Read More »
  • 23 April

    စစ်တပ်ကဖမ်းဆီးသွားတဲ့ မော်ဖောင်းကျေးရွာက ဘာသာရေးဆရာ ၃ ဦးနဲ့ ကျောင်းစောင့် ၂ ဦးလွတ်မြောက်လာ

    မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာက ဖမ်းခံသွားရတဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့ ကျောင်းစောင့် ၂ ဦး လွတ်မြောက်လာပြီလို့ အသင်းတော်နဲ့နီးစပ်သူတွေကနေ သိရပါတယ်။ ဧပြီ ၂၂ ရက် မနေ့ည ၇ နာရီလောက်မှာ ဖမ်းဆီးခံရတဲ့ ဘာသာရေးအမှုတော်ဆောင် ဆရာ ၃ ဦးနဲ့အတူ ကျောင်းစောင့် ၂ ဦး ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ရဲ့အာမခံချက်နဲ့ လွတ်လာပြီဖြစ်တယ်လို့ မော်ဖောင်းရွာ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “မနေ့ည PCG ကတာဝန်ရှိသူတွေကိုယ်တိုင် ဘုရားကျောင်းဝင်းထိ လာပို့ပြီ အားလုံးလွတ်မြောက်ပြီ။ ဖမ်းထားတဲ့အချိန် စစ်ဆေးရာမှလည်း ခြေပါ၊လက်ပါ မလုပ်ဘူးတဲ့။ ကောင်းကောင်းမွန်မွန်နဲ့ ပြန်လွတ်လာတာပေါ့။ PCG ကနေမှ အာမခံချက်ပေးပြီး လွတ်မြောက်လာပြီ”ဟု နီးစပ်သူအသင်းသားတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့ည ၁၀ နာခွဲဝန်းကျင် KBC နှစ်ခြင်းခရစ်ယန်ဘုရားထဲမှာရှိနေတဲ့ သင်းအုပ်နဲ့အတူ အမှုတော်ဆောင်ဆရာ ၁ ဦး၊ ကျောင်းစောင့် ၁ ဦးနဲ့ ကတ်သလစ်အသင်းတော်ဘုရားကျောင်းက တရားဟောဆရာနဲ့အတူ နောက်ထပ် ကျောင်းစောင့် ၁ ဦး၊ စုစုပေါင်း ၅ ဦး ကို စစ်တပ်ကဖမ်းခေါ်သွားတာဖြစ်ပါတယ်။…

    Read More »
  • 22 April

    မော်ဖောင်းရွာက ဖမ်းဆီးခံထားရတဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့ကျောင်းစောင့် ၂ ဦး မိသားစုဝင်တွေနဲ့အဆက်သွယ်မရ

    မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာက ဖမ်းဆီးခံထားရတဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့ဘုရား ကျောင်းစောင့် ၂ ဦး ၂ ရက်ကြာလာပေမဲ့ လက်ရှိချိန်ထိ မိသားစုဝင်တွေနဲ့အဆက်သွယ်မရ သေးတဲ့အပြင် ဘယ်နေရာမှာဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာလည်း မသိရသေးဘူးလို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်တဲ့အသင်းသားတွေဆီကနေ သိရပါတယ်။ ဧပြီ ၂၀ ရက်နေ့ ည ၁၀ နာရီခွဲဝန်းကျင် မော်ဖောင်းကျေးရွာ ကချင်နှစ်ခြင်းခရစ် ယာန် KBC အသင်းတော် ဘုရားကျောင်းဝင်းထဲက သင်းအုပ်ဆရာတစ်ပါးနဲ့အတူ အမှု တော်ဆောင်ဆရာ ၁ ဦး၊ ကျောင်းစောင့် ၁ ဦး စုစုပေါင်း ၃ ဦးကို စစ်တပ်ကဖမ်းဆီးသွားတာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဆက်တည်းမှာ မော်ဖောင်းကျေးရွာ ကတ်သလစ်အသင်းတော်ဘုရား ကျောင်းဝင်းထဲက တရားဟောဆရာ ၁ ဦး၊ ကျောင်းစောင့် ၁ ဦးကိုလည်း ထပ်ပြီး ဖမ်းခေါ်သွားတာကြောင့် တစ်ညထဲမှာ ဘာသာရေးခေါင်းဆောင် ၃ ဦး၊…

    Read More »
  • 19 April

    သိက္ခာတော်ရ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ဆေးမှု မလုပ်သေးဘဲ အကျယ်ချုပ်ထားဆဲ

    မြစ်ကြီးနားအကျဉ်းထောင်ကနေ လွတ်မြောက်ခဲ့ပေမယ့် တစ်ရက်မပြည့်ခင် ပြန်ပြီးဖမ်းဆီးခံရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌဟောင်း Rev. Dr Hkalam Sam Son ကို စစ်တပ်က ဒီနေ့ထိ စစ်ဆေးမှု မပြုလုပ်ဘဲ အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ မြစ်ကြီးနားအကျဉ်းထောင်ထဲကနေ ဧပြီလ ၁၇ ရက်နေ့ လွတ်မြောက်လာတဲ့ ဆရာတော် ခလမ်ဆမ်ဆွန်ဟာ ဧပြီလ ၁၈ ရက်နေ့ မနက်ပိုင်း ၂ နာရီဝန်းကျင် စစ်တပ်က လုံခြုံရေးအရ ခေတ္တစစ်ဆေးဖို့ဆိုပြီး ပြန်ခေါ်ဆောင်သွားတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ ၁၉ ရက်နေ့အထိ စစ်ဆေးမှုမလုပ်သေးဘဲ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ မြစ်ကြီးနားအကျဉ်းထောင်နဲ့ နီးစပ်တဲ့တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။ “လုံခြုံရေးအရ ဆိုပြီး ပြန်ခေါ်သွားတယ်။ အခုချိန်အထိ ပြန်လည်စစ်ဆေးတာတို့ ဘာမှမရှိသေးဘူး။ အကျဉ်းဦးစီးကနေ သတ်မှတ်ပေးထားတဲ့ တည်နေရာမှာရှိနေပါတယ်။ မိသားစုတွေနဲ့ကတော့ တွေ့ခွင့်ပေးထားတယ်”လို့ပြောပါတယ်။ ဆရာဒေါက်တာခလာဆမ်ဆွမ်ကို ထပ်မံ ဖမ်းဆီးသွားပြီးနောက် အကျဉ်းထောင်ကိုပို့လိုက်ပြီလို့ သတင်းတွေထွက်ပေါ်နေပေမယ့် လက်ရှိမှာတော့ မြစ်ကြီးနားအကျဉ်းထောင်ဦးစီးရဲ့ သတ်မှတ်ပေးထားတဲ့နေရာမှာ ထိန်းသိမ်းခံထားရတာဖြစ်ပြီး ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးလမိုင်ဂွမ်ဂျာလည်း ဆရာခလမ်ဆမ်ဆွန်နဲ့အတူ စောင့်ကြည့်ပေးနေတယ်လို့လည်း သိရပါတယ်။ ခုလို ဆရာဒေါက်တာခလမ်ဆမ်ဆွမ် ပြန်လည်…

    Read More »
  • 17 April

    KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွမ်လွတ်မြောက်လာ

    ထောင်ဒဏ် ၆ နှစ်ချမှတ်ခံထားရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွမ်ဟာ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာပြီဖြစ်ပါတယ်။ စစ်ကောင်စီတပ်က မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကျဉ်းသား ၃ ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ပေးတဲ့ထဲမှာ မြစ်ကြီးနားအကျဉ်းထောင်ထဲ အကျဉ်းကျခံနေရတဲ့ ဒေါက်တာခလမ်ဆမ်ဆွမ်ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။ ဆရာခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီတပ်က ပုဒ်မ ၁၇(၁)၊ ပုဒ်မ ၅၀၅(က)နဲ့ ပုဒ်မ ၅၂(က) စတဲ့ ပုဒ်မ ၃ ခုအတွက် ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့မှာ ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်တာဖြစ်ပြီး အကျဉ်းကျခံရတဲ့ တစ်နှစ်နဲ့ ၄ လ အကြာမှာ လွတ်မြောက်လာတာဖြစ်တယ်လို့ မိသားစုဝင်တွေက KNG ကိုပြောပါတယ်။  “ဒီကနေ့လွတ်မြောက်လာတဲ့ထဲမှာပါလာပြီ။ အခုလိုလွတ်မြောက်လာတာက ဘုရားရဲ့ကျေးဇူးတော်ကြောင့်သာဖြစ်တယ်။ တစ်နှစ်နဲ့ ၄ လ မှာ လွတ်မြောက်လာတာဖြစ်ပါတယ်။ အကျဉ်းကျခံထားရတဲ့ သူတွေ အားလုံးလွတ်မြောက်ဖို့လည်းမျှော်လင့်ပါတယ်”လို့ပြောပါတယ်။  အခုလို ဆရာဆမ်ဆွမ်လွတ်မြောက်လာဖို့ရန်အတွက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ရဲ့ ညှိနှိုင်းကြိုးစားလုပ်ဆောင်မှုတွေကြောင့် တစ်နှစ်ကျော်အကြာမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတာဖြစ်တယ်လို့လည်းသိရပါတယ်။ လွတ်မြောက်လာတဲ့ ဆရာခလမ်ဆမ်ဆွမ်ကို ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နဲ့အတူ ဘာသာရေးဆရာတစ်ချို့နဲ့ သွားရောက်ကြိုဆိုခဲ့ကြတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။ ဆရာခလမ်ဆမ်ဆွမ်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို သွားဖို့ မန္တလေး လေဆိပ်မှာ လေယာဉ်စီးဖို့ စောင့်ဆိုင်းနေတဲ့ အချိန် စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။ အဲဒီနောက် ဒေါက်တာခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ထဲမှာ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လနဲ့ ဗိုလ်ချုပ်ကြီးဂွမ်မော်တွေ့ဆုံးမှု၊ အာရှအတွင်းက လူငယ်တွေရဲ့ ဆွေးနွေးပွဲတစ်ခုမှာ နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ အသုံးနှုန်းတွေပြောဆိုမှု၊ NUG အစိုးရရဲ့ ခေါင်းဆောင်ပိုင်းတွေနဲ့ တွေ့ဆုံမှု စတဲ့ စွပ်စွဲချက်တွေကြောင့် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ်ချမှတ်လိုက်တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 6 April

    ကသာမှာ အမျိုးသမီးတစ်ယောက်အပါအဝင် အရပ်သား ၃ ယောက်ထပ်ဖမ်းခံရ

    စစ်ကိုင်း နဲ့ ကချင်အစပ် ကသာမြို့ ရပ်ကွက် ၂ မှာ ဒီကနေ့ ဧပြီလ ၅ ရက်နေ့ မနက်ပိုင်း ၆ နာရီလောက်က စစ်ကောင်စီတပ်က အမျိုးသမီးတစ်ယောက်အပါအဝင်အရပ်သား ၃ ယောက်ကိုဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ကသာမြို့နယ်…

    Read More »
  • 3 April

    ကသာမှာ အမျိုးသားတစ်ဦးဖမ်းဆီးခံရ

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့ မတ်လ ၃ ရက်နေ့ မနက်ပိုင်း ၁၁နာရီဝန်းကျင်မှာအမျိုးသားတစ်ဦး စစ်ကောင်စီရဲ့ဖမ်းဆီးတာခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ကသာမြို့ပေါ် ဇေယျာချောင် ရပ်ကွက်( ၅) မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ခုမှာထိုင်နေတဲ့အချိန် စစ်ကောင်စီဘက်ကဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသွားခဲ့တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။ “မနေ့ကပေါ့ ရဲဘော်တော့မဟုတ်ဘူး…

    Read More »
Back to top button