တိုက်ပွဲ

  • May- 2024 -
    27 May

    KIA လွတ်ပေးလိုက်တဲ့ တပ်မိသားစုတွေ စီးနင်းလာတဲ့ ယာဉ်တန်းတိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုများ

    ဝိုင်းမော်မြို့ရဲ့ မြို့စောင့်တပ်ဖြစ်တဲ့  ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းကနေ KIA တပ်တွေ ဖမ်းဆီးရမိထားတဲ့ တပ်မိသားစုဝင်တွေနဲ့ သစ်သျှူးငှက်ပျောလုပ်သားတွေအပါ စီးနင်းလာတဲ့ယာဉ်တန်း ဝိုင်းမော်မြို့အဝင် ခတ်ချိုကျေးရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ခံရတာကြောင့် ထိခိုက်သေဆုံးမှုများတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA…

    Read More »
  • 22 May

    ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်း လက်လွတ်လိုက်ရတဲ့နောက် တိုက်ပွဲပိုပြင်းထန်လာနိုင်တဲ့ ဝိုင်းမော်မြို့

    ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ်ထဲက နှစ်ပေါင်း ၄၀ ကျော်ရှိတဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့နောက်ပိုင်း စစ်ရေးပိုမိုပြင်းထန်လာနိုင်တယ်လို့ ဒေသခံပြည်သူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်လောက်ကို KIA တပ်တွေက မေလ ၁၈ ရက်နေ့ကနေ  ၃ ရက်အတွင်းမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံးကျန်ရှိနေတဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းကို မေလ ၂၁ ရက်နေ့ ည ၈ နာရီလောက်မှာ အပြီးသတ် သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ လက်ရှိ ဝိုင်းမော်မြို့ပေါ် နဲ့ အနီးကပ်ဆုံးနေရာမှာရှိတဲ့ ခလရ ၅၈ တပ်ရင်းနဲ့ ဝူယာန်ပြည်သူ့စစ်တပ်စခန်း ၂ ခုသာ ကျန်ရှိတော့တာကြောင့် တိုက်ပွဲက ဝိုင်းမော်မြို့ပေါ်ဘက်ကို ဦးတည်လာနိုင်တယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အခုက တပ်စခန်းအကြီးဆိုလို့ ၅၈ တပ်ရင်းတစ်ခုသာကျန်ရှိတော့တာဖြစ်တဲ့အတွက် ဘယ်တော့ ပြန်ပစ်ကြမယ်ဆိုတာက မသိရဘူးလေ။ ဒါပေမယ့် ၅၈ တပ်ရင်းကို ပြန်တိုက်ပြီဆိုရင်က ဝိုင်းမော်မြို့တစ်ခုလုံးကို ယူလိုက်တာနဲ့  အတူတူပါပဲ။ KIA တပ်တွေက ဝိုင်းမော် ၅၈ တပ်ရင်းကို ပြန်တိုက်ရင်တော့ တိုက်ပွဲက ဒီထက် ပြင်းထန်လာဖို့ပဲရှိတယ်။ ဒါမှမဟုတ် ဒီအဆင့်လောက်မှာပဲ ရပ်နားထားမလားတော့မသိဘူး”လို့ပြောပါတယ်။ KIA အနေနဲ့ ဝိုင်းမော်မြို့အနီးဆုံးနေရာမှာ ရှိနေတဲ့ ခလရ ၅၈ တပ်ရင်းကို ထပ်မံထိုးစစ်ဆင်တိုက်ခိုက်လာပါက ဝိုင်းမော်မြို့တစ်ခုလုံးအထိ တိုက်ပွဲတွေ အဆက်မပြတ်ပြင်းထန်လာနိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။ မေလ ၂၁ ရက် မနေ့ည KIA နဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းဟာ ဗန်းမော်ဘက်ကိုတက်သွားတဲ့ ကားလမ်းမကြီးပေါ်မှာ နှစ်ပေါင်း ၄၀ ကျော် အုပ်တံတိုင်းနံရံ၊ဘန်ကာတွေနဲ့အခိုင်အမာ တပ်ချနေရာယူထားတဲ့ ခြေမြန်တပ်ရင်းတစ်ခုဖြစ်ပါတယ်။ အဲဒီတပ်စခန်းကနေ ဝိုင်းမော်မြို့နယ်တစ်ခုလုံးကို ကာကွယ်ပေးတဲ့ လုံခြုံရေးတပ်ရင်းတစ်ခုဖြစ်သလို ဗန်းမော်အရှေ့ဘက်ခြမ်းအတွက်လည်း စစ်ရေးအရအရေးပါတဲ့ ခံတပ်တစ်ခုလည်းဖြစ်ပါတယ်။ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းအပါအဝင် ၃ ရက်အတွင်း သိမ်းပိုက်ထားတဲ့ တပ်စခန်းနေရာတွေမှာ KIA က နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေသေးတယ်လို့လည်း KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “ဒီရက်ပိုင်းအတွင်း ဝိုင်းမော်မြို့နယ် ကားလမ်းမကြီးပေါ်က သိမ်းပိုက်ထားတဲ့ တပ်စခန်းတွေက ကဇူးတပ်စခန်း၊ ရင်ကွဲတောင် (Lung Zep Dap) နဲ့ မနေ့ည သိမ်းပိုက်နိုင်တဲ့ ရွှေညောင်ပင် တပ်ရင်း စတဲ့ နေရာတွေမှာ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ အဆင့်မှာပဲရှိနေသေးတယ်”လို့ပြောပါတယ်။ ရွှေညောင်ပင်တပ်ရင်းကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ မေလ ၂၁ ရက်နေ့ ည ၈ နာရီလောက်မှာ စစ်တပ်တွေတပ်တွေက မြစ်ကြီးနားမြို့ဘက်နေ အတွဲလိုက်ဒုံးများနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့သလို KIO လိုင်ဇာမြို့ဘက်ကိုလည်း ၃ ကြိမ်ထက်မနည်း စစ်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်က ညသန်းခေါင်ယံမှာ လိုင်ဇာမြို့ဘက်ကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြို့ပြင် အနီးတဝိုက်မှာ လေယာဉ်ဗုံးကျရောက်ပေါက်ကွဲမှုတွေရှိခဲ့ပေမယ့် ထိခိုက်မှုအခြေအနေနဲ့ ပတ်သက်ပြီး အတည်ပြုဖို့ ခက်ခဲနေဆဲဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ဒါပေမယ့် လိုင်ဇာအနီးတဝိုက် လေယာဉ်ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အရပ်သားပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လိုင်ဇာပြည်သူ့ဆေးရုံးမှာ ဆေးကုသခံယူနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ ဒါ့အပြင် ဝိုင်းမော်မြို့နယ်ထဲမှာလည်း စစ်တပ်ရဲ့ အတွဲလိုက် ဒုံးကျည်တွေပစ်ခတ်ခံရတာကြောင့် ကျေးရွာ ရပ်ကွက်တွေမှာရှိတဲ့ လူနေအိမ်တွေထိမှန်ပျက်စီးမှုတွေရှိနေတယ်လို့ သိရပေမယ့် အသေးစိတ်မသိရှိရသေးပါဘူး။ တိုက်ပွဲပြင်းထန်နေတဲ့ ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နိုင်သေးတဲ့အတွက် ပြည်သူလူထုတွေအနေနဲ့ စစ်ရေးသတင်းတွေနားစွင့်ပြီး သတိထားနေထိုင်ဖို့ KIO/KIA ပြန်ကြားရေးတာဝန်ခံ ဦးနော်ဘက်က သတိပေးပြောဆိုထားပါတယ်။ ရွှေညောင်ပင်တိုက်ပွဲမှာ နှစ်ဖက်စစ်တပ် ထိခိုက်သေဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကတော့ တပ်သား ၁၀၀ ကျော်သေဆုံးမှုရှိခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေက အတည်ပြုပြောဆိုထားပါတယ်။ စစ်တပ်က ဝိုင်းမော်မြို့နယ်ထဲက အရေးပါတဲ့ ခမရ ၃၂၁ တပ်ရင်းကို လက်လွတ်လိုက်ရတဲ့အပြင် တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများနေတာကြောင့် တန်ပြန်ခုခံ တိုက်ခိုက်လာနေတဲ့အတွက် ရှေ့ဆက်ပြီး တိုက်ပွဲဆက်ပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေ သုံးသပ်ပြောဆိုနေကြပါတယ်။ လက်ရှိ ဝိုင်းမော်မြို့နယ်မှာ ဝိုင်းမော်မြို့နဲ့အနီးဆုံးမှာရှိတဲ့ ရွာပေါင်း ၂၀ အပါအဝင် ဝိုင်းမော်မြို့ခံတွေပါ ထွက်ပြေးနေကြပြီဖြစ်ပါတယ်။ ဝိုင်းမော်မြို့ဟာ မြစ်ကြီးနားမြို့ရဲ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့မြို့နယ်ဖြစ်ပါတယ်။…

    Read More »
  • 20 May

    တာလောကြီးကျေးရွာကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲ

    မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ မေလ ၂၀ ရက်နေ့လည် ၁ နာရီခွဲအချိန်ခန့်မှာ စစ်ကောင်စီက ဂျက်လေယာဉ် တစ်စီးနဲ့ ဗုံး ၃ လုံးကြဲခဲ့တာဖြစ်ပြီး တာလောကြီးကျေးရွာက အရင်ရဲစခန်းဟောင်းနဲ့…

    Read More »
  • 20 May

    ဝိုင်းမော်တိုက်ပွဲမှာ ခမရ ၃၂၁ တပ်ရင်းသာကျန်ရှိပြီး တိုက်ပွဲကဝိုင်းမော်မြို့ပေါ်ဘက်ကို ဦးတည်နေ

    ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဝိုင်းမော်မြို့နယ်ထဲက စစ်တပ်စခန်းတွေထဲမှာ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းစခန်းတစ်ခုသာကျန်ရှိနေပြီး ၃ ရက်မြောက်တဲ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို တိုက်ပွဲက ဝိုင်းမော်မြို့ပေါ်ဘက်ကို ဦးတည်လာနေပါတယ်။ ဝိုင်းမော်မြို့နယ် ဒဘတ်ချောင်းအနီးတဝိုက်မှာရှိတဲ့ စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်းတွေတဲ့ ဘင့်ပူကောင့်(Bin Pu Kawng)၊ ဝထောင်ဘွမ့်(wuhtau Bum) လိုင်ဖောင်(Lai Hpawng)၊ ဒိန်ဂါ(Ding Ga)၊ ရင်ကွဲတောင်(Lung Zep Kadawng)၊ ကဇူး(Katsu)၊ အောင်မြေ(၁)၊ အောင်မြေ(၂)၊ ခါးရှီ(Hka Shi) စတဲ့ နေရာတွေမှာရှိတဲ့ တပ်စခန်းတွေကို KIA က နှစ်ရက်ထဲ အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဒီတပ်စခန်းတွေကို KIA က မေလ ၁၈ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး သုံးရက်မြောက်တဲ့ ၂၀ ရက်နေ့မှာ နောက်ဆုံးကျန်ရှိနေတဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်စခန်းကို အပြီးသတ်သိမ်းပိုက်ဖို့ တိုက်ပွဲဆက်ဖြစ်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက KNG ကိုပြောပါတယ်။ “ဝိုင်းမော်ဒေသ တောင်ကုန်းဘက်မှာရှိနေတဲ့ စစ်တပ်စခန်းတွေက မကျန်တော့ဘူး။ ဝထောင်ဘွမ့်၊ ဘင့်ပူကောင့်၊ ဒိန်ဂါ၊ လိုင်ဖောင်တွေလည်း မကျန်တော့ဘူး။ ကဇူးတပ်စခန်းလည်းသိမ်းထားပြီ။ ရွှေညောင်ပင်ရွာမှာလည်း ကျေးရွာတွေက KIA ထိန်းချုပ်ထားနိုင်ပြီ။ တပ်စခန်းအနည်းငယ်ကျန်သေးတယ်။ ဝိုင်းမောက်မြို့ အနီး ခါးရှီအထိ သိမ်းထားနိုင်ပြီလို့ပြောလို့ရပြီ”လို့ပြောပါတယ်။ ရွှေညောင်ပင်ကျေးရွာမှာ ဒီကနေ့ မနက်ပိုင်း ၅ နာရီလောက်ကနေ နှစ်ဖက်စစ်တပ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး လက်ရှိမှာ KIA က ကျေးရွာကို အသာစီးထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် တပ်စခန်းကို အပြီးသတ်သိမ်းဆည်းနိုင်ဖို့ ကျန်ရှိနေသေးတာဖြစ်တယ်လို့ ဆိုပါတယ်။ မေလ ၁၈ ရက်နေ့မှာ သိမ်းဆည်းဖို့ ကျန်ရှိနေသေးတဲ့ ကဇူးတပ်စခန်းအကြီးကိုလည်း ၁၉ ရက်နေ့ ည ၈ နာရီလောက်မှာ KIA တပ်တွေက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ကဇူးတပ်စခန်းကထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေက ဂါးရာယာန်(Ga Ra Yang) ကျေးရွာမှာ အနည်းငယ်ကျန်ရှိနေတာဖြစ်တဲ့အတွက် ရှင်းလင်းရေးဆောင်ရွက်နေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေကပြောပါတယ်။ ကဇူးနဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းတွေဟာ စစ်အင်အား ၂၀၀ ဝန်းကျင်လောက်ရှိပြီး ဒီစစ်ကောင်စီတပ်သားတွေအများပိုင်း ရွာအတွင်း နေရာယူပုန်းခိုပြီးခုခံတိုက်ခိုက်နေတာကြောင့် KIA ဘက်က အမြန်ုသိမ်းယူဖို့ ခက်ခဲနေတာဖြစ်တယ်လို့လည်းသိရပါတယ်။ လက်ရှိ ဝိုင်းမော်မြို့နဲ့ အနီးဆုံးဖြစ်တဲ့ ကဇူးကျေးရွာကနေ ဝိုင်းမော်မြို့ မရောက်မှီ ခါးရှီ(Hka Shi)အထိ KIA တပ်တွေရဲ့ ထိန်းချုပ်နယ်မြေဖြစ်သွားပြီး အဲဒီတစ်ကြောမှာ ရွှေညောင်ပင် တပ်စခန်းတစ်ခုသာကျန်ရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် ဝိုင်းမော်မြို့နယ်မှာ ဖြစ်ပွားတဲ့တိုက်ပွဲက ဝိုင်းမော်မြို့ပေါ်ဘက်ကို ဦးတည်လာနိုင်ပြီးတော့ မေလ ၁၉ ရက်နေ့ လောက်ကနေ ဝိုင်းမော်မြို့နဲ့ အနီးဆုံးဖြစ်တဲ့ ခပ်ချိုလမ်းခွဲအထိမေ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီလို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။…

    Read More »
  • 18 May

    ဝိုင်းမော်တိုက်ပွဲမှာ KIA သိမ်းပိုက်ဖို့ ခလရ ၃၂၁ တပ်ရင်းနဲ့ ကဇူးတပ်စခန်း ၂ ခုသာကျန်ရှိနေ

    ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က ဒီနေ့ တစ်ရက်ထဲမှာပဲ ဝိုင်းမော်မြို့နယ်အတွင်း ကျန်ရှိနေတဲ့ စစ်တပ်စခန်းနေရာ ၁၀ ခုကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ မွန်းလွှဲပိုင်း ၃ နာရီဝန်းကျင်အထိ တပ်စခန်းအများပိုင်းကို ထိန်းချုပ်နိုင်ပြီး တပ်စခန်း ၂ ခုသာ…

    Read More »
  • 18 May

    ဝိုင်းမော်မြို့နယ်ထဲမှာ ကျန်ရှိနေသေးတဲ့ စစ်တပ်စခန်း ၁၀ ခုကို KIA တစ်ပြိုင်နက်တိုက်ခိုက်နေပြီး တပ်စခန်းတစ်ချို့ သိမ်းပိုင်နိုင်

    ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဒဘတ်ချောင်းအနီးတဝိုက်မှာကျန်ရှိနေသေးတဲ့ ရွှေညောင်ပင်တပ်စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်း ၁၀ ခုလောက်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက မေလ ၁၈ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၄ နာရီလောက်ကနေ စတင်ပြီး တပြိုင်နက်ဝင်ရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ ဝိုင်းမော်မြို့နယ်ရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဘင့်ပူကောင့်(Bin Pu Kawng) ၊ ဝထောင်ဘွမ့်(Wa Htau Bum) အနီးတဝိုက်မှာရှိတဲ့ ဒဘတ်၊ ဆမ်ပိုင်၊ လိုင်ဖောင်၊ ဒိန်ဂါ စစ်တပ်စခန်းအားလုံးနဲ့ ကဇူး၊ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်း၊ အောင်မြေ(၁) ကနေ ခါးရှီ(Hka Shi) အထိ တစ်ကြောလုံးရှိတဲ့ စစ်ကောင်စီတပ်စခန်း ၁၀ ခုလောက်ကို KIA က ဝင်ရောက်တိုက်ခိုက်နေတယ်လို့ KIA နဲ့ နီးစပ်တဲ့ ဝိုင်းမော်အောင်မြေ(၁) ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “အခုတိုက်ပွဲဖြစ်နေတာက ဝိုင်းမောက်တစ်ကြောမှာရှိတဲ့ တပ်စခန်းတွေပဲဟုတ်တယ်။ အခုတောင် စခန်းတစ်ချို့က သိမ်းနိုင်လို့ ရှင်းလင်းရေးတွေ လုပ်နေတယ်လို့ကြားတယ်။ ဝိုင်းမော် ၃၂၁ တပ်ရင်းတွေကတော့ အခုချိန်အထိ နားလိုက်ပစ်လိုက်နဲ့ တိုက်ပွဲတွေဖြစ်နေတယ်”လို့ပြောပါတယ်။ KIA က တပ်စခန်း ၁၀ ခုလောက်ကို ဝင်ရောက်တိုက်ခိုက်နေတဲ့ အထဲမှာ ဘင့်ပူကောင့် (Bin Pu kawng) နဲ့ ဝထောင်ဘွမ့်အပါ ကဇူးတပ်စခန်းတွေကို သိမ်းပိုက်ထားနိုင်ပြီး ဒီကနေ့ ၁၁ နာရီအထိ သိမ်းပိုက်ထားပြီဖြစ်တဲ့ တပ်စခန်းနေရာတွေမှာ ရှင်းလင်းရေးဆောင်ရွက်နေပြီလို့ သိရပါတယ်။ ကဇူးတပ်စခန်းကိုတော့ KIA တပ်တွေ တပ်စခန်းထဲဝင်ရောက်သိမ်းပိုက်တာတွေရှိပေမယ့် ကဇူးကျေးရွာထဲမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။ အခုသိမ်းပိုက်ထားပြီဖြစ်တဲ့ ဘင့်ပူကောင့်(Bin Pu Kawng)၊ ဝထောင်ဘွမ့်(Wa Htau Bum) လိုင်ဖောင်စတဲ့ စစ်ကောင်စီတပ်စခန်းတွေဟာ ဝိုင်မော်မြို့နယ်ခြမ်း ဒဘတ်ချောင်းအနီးတဝိုက်မှာ ကျန်ရှိနေသေးတဲ့  စစ်တပ်ရဲ့ ဗျူဟာမြောက် တပ်စခန်းအကြီးတွေဖြစ်ပါတယ်။ ဒီကနေ့ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ ပြီးခဲ့တဲ့ မတ်လထဲမှာ ပထမတစ်ကြိမ် သိမ်းပိုက်ထားနိုင်ပြီး ပြန်လည်တပ်ဆုတ်ထားတဲ့ အောင်မြေ(၁)၊ အောင်မြေ(၂) တပ်စခန်းနေရာတွေကိုလည်း ဒုတိယအကြိမ် ပြန်လည်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာ တစ်ကြောပြန် ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ KIA ရဲ့  နောက်ဆုံးစခန်းသိမ်းပိုက်ဖြစ်နိုင်တယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားက အခုလို သုံးသပ်ပြောဆိုပါတယ်။…

    Read More »
  • 16 May

    နမ့်ဗျူ(Nambyu) စစ်တပ်စခန်းကို KIA အပြီးသတ်သိမ်းပိုက်

    တနိုင်းမြို့နယ် ၊ နမ့်ဗျူရွှေမှော်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က မေလ ၁၆ ရက်နေ့ ဒီနေ့ မနက်ပိုင်း ၈ နာရီလောက်မှာ အပြီးသတ်သိမ်းပိုက်ပြီး တပ်စခန်းတစ်ခုလုံးကို ရှင်းလင်းရေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ နမ့်ဗျူမှော် စစ်ကောင်စီတပ်စခန်းကို KIA တပ်က မေလ ၁၁ ရက်နေ့ စတင်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၆ ရက်အကြာမှာ တပ်စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ နမ့်ဗျူမှော်ဒေသမှာရှိတဲ့ ပြည်သူတစ်ဦးက KNG ကိုအတည်ပြုပြောပါတယ်။ “၁၁ ရက်နေ့က စဖြစ်တာ ဒီကနေ့မှာ အပြီးစီးသိမ်းသွားတာဟုတ်တယ်။ အဲ့မှာ စစ်အင်အားက ၅၀ နဲ့ ၆၀ ကြားမှာရှိတယ်။ အခုတော့ KIA တပ်တွေ အကုန်နေရာယူလိုက်ပြီ။ ရှင်းလင်းရေးတွေလုပ်နေတယ်လို့ပဲ သေချာသိရသေးတယ်”လို့ပြောပါတယ်။ တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများသလို လက်နက်ခဲယမ်းအများအပြားကိုလည်း KIA ဘက်က သိမ်းဆည်းရမိခဲ့တယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။ လက်ရှိ KIA တပ်တွေ သိမ်းပိုက်လိုက်တဲ့ နမ့်ဗျူတပ်စခန်းမှာ ခလရ ၂၆၀ တပ်နဲ့ တပ်မ ၈၆ လှုပ်ရှားတပ်တွေ စစ်အင်အား ၅၀ နဲ့ ၆၀ ကြားမှာ လာရောက် တပ်ချထားတဲ့တပ်စခန်းအကြီးတစ်ခုဖြစ်တယ်လို့သိရပါတယ်။ စစ်ဘက်ကနေ နမ့်ဗျူတပ်စခန်းကို လက်လွတ်လိုက်ရတဲ့အတွက် ဒီနေ့ မနက်ပိုင်း တပ်စခန်းသိမ်းပိုက်မှုအပြီး ၈ နာရီခွဲလောက်မှာ ဂျက်လေယာဉ် ၂ စီးနဲ့ လှည့်ပတ်ပြီး တိုက်ပွဲဖြစ်ပွားတဲ့နေရာမှာ လာရောက်ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့မှော်ဒေသခံတွေကပြောပါတယ်။ “၈ နာရီလောက်မှာ ထင်တာပဲ ဂျက်လေယာဉ် ၃ စီးနဲ့ လာပစ်တာ။ ဒီဘက်မှာ တိုက်ပွဲဖြစ်တာက ၁ ပတ်လောက်တော့ ရှိလာပြီထင်တယ်။ တိုက်ပွဲဖြစ်တဲ့နေရာမှာ ဒရုန်းချတာတောင် ဒီကနေ မြင်ရတယ်။ စခန်းသိမ်းမသိးတော့ ကျနော်တို့လည်း သေချာတော့ မသိရဘူး”လို့ နမ့်ဗျူမှော်အနီး ဆယ်သိန်းမှော် ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ နမ့်ဗျူတပ်စခန်းဟာ ပြီးခဲ့တဲ့ ၂၀၁၇ လောက်မှာ စစ်တပ်က ဟူးကောင့်ချိုင့်ဝှမ်းဒေသရှိ ရွှေမှော်ဒေသအားလုံးကို နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ ထိုးစစ်ဆင်သိမ်းပိုက်လိုက်တဲ့နောက်ပိုင်း လာရောက်တပ်ချထားတဲ့တပ်စခန်းတစ်ခုလည်းဖြစ်ပါတယ်။ လက်ရှိမှာ နမ့်ဗျူမှော်အပါဝင် ဆယ်သိန်းမှော်၊ လုံကြပ်မှော်၊ နမ္မနား စတဲ့ရွှေမှော်တွေကို အဓိကထိန်းချုပ်ထားတာကြောင့် စစ်ရေးအရ အလွန်အရေးပါတဲ့ တပ်စခန်းတွေဖြစ်တယ်လို့ အထက်က နမ်ဗျူမှော်မှာရှိတဲ့ ပြည်သူက ဆက်ပြောပါတယ်။ “နမ့်ဗျူမှော်တပ်စခန်းက ဒီဘက်မှာရှိတဲ့ မှော်ဒေသအတွက်ဆိုရင် အရေးပါတဲ့ သော့ချက်တစ်ခုဖြစ်တယ်။ ဘာလို့လဲအဆိုတော့ နမ်ဗျူမှော်အနီးတဝိုက်မှာက မှော် သုံး၊လေး နေရာလောက်ရှိတယ်။ အဲဒီမှော်တွေကို ဒီကနေပဲကြည့်နေတာ”လို့ပြောပါတယ်။ နမ့်ဗျူမှော်ဒေသဟာ ၂၀၁၆ ဝန်းကျင်လောက်အထိ ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၂) ၊ တပ်ရင်း (၁၄) နေရာ တည်ရှိခဲ့တဲ့…

    Read More »
  • 15 May

    တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ မိုးမောက်နဲ့ မံစီမြို့မှာ စစ်တပ်က လေကြောင်းနဲ့ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် နေအိမ်အများအပြားထိခိုက်ပျက်စီး

    ဆယ်ရက်ခန့်အကြာ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့  ဗန်းမော်ခရိုင် မိုးမောက်မြို့ပေါ်မှာ စစ်တပ်ကအဆက်မပြတ် လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေတာကြောင့် လူနေအိမ်အများအပြားထိခိုက်ပျက်စီးနေပြီး တိုက်ပွဲလည်းဆက်ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ မေလ ၇ ရက်နေ့ကနေ တိုက်ပွဲပြင်းထန်နေတဲ့ မိုးမောက်နဲ့မံစီမြို့တွေမှာ ဒီရက်ပိုင်းအတွင်း စစ်တပ်က Y -12 ဂျက်လေယာဉ်အမျိုးအစား ၂ စီးနဲ့ တစ်ရက်မှာ ၉ ကြိမ်ထက်မနည်း  ဗုံးကြဲတိုက်ခိုက်တာတွေဆက်တိုက်လုပ်ဆောင်နေတယ်လို့ မိုးမောက်မြို့ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့အထိ မြို့တွင်းရပ်ကွက်တွေမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို KIA တပ်က ရှင်းလင်းလိုက်နိုင်ပေမယ့် မြို့တွင်းတပ်ရင်းဖြစ်တဲ့ ခမရ ၄၃၇ တပ်စခန်းကို KIA က ထပ်မံပိတ်ဆို့တိုက်ခိုက်နေဆဲဖြစ်တာကြောင့် မေလ ၁၅ ရက်နေ့ ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေသေးတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအဖြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “ဒီကနေ့အထိ မြို့တစ်ခုလုံးကို သိမ်းဆည်းနိုင်တာမရှိသေးဘူး။ တိုက်ပွဲကဆက်ဖြစ်နေတုန်း မနေ့ကတော့ ခဏနားတယ်။ မြို့နေရာတွေကိုတော့ KIA သိမ်းထားနိုင်ပြီလို့ပြောလို့ရတယ်။ ဒါပေမယ့် တပ်စခန်းတွေကျန်နေသေးတယ်”လို့ပြောပါတယ်။ စစ်တပ်ဘက်ကနေ မိုးမောက်မြို့လက်မလွတ်ရေးအတွက် နေ့စဉ်အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် KIA က စစ်တပ်စခန်းအပါ မြို့တစ်ခုလုံးကို အပြီးသတ် ထိန်းချုပ်နိုင်ဖို့အတွက်ခက်ခဲနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိ မိုးမောက်မြို့ပေါ်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် မိုးမောက်မြို့ပေါ် စျေးရပ်ကွက် ကားလမ်းမတစ်လျှောက် လူနေအိမ်အများအပြား မီးလောင်ပျက်စီးတာတွေ နေ့တိုင်းရှိနေတယ်လို့ မိုးမောက်ဒေသခံအမျိုးသမီးတစ်ယောက်က အခုလို ပြောဆိုပါတယ်။ “မိုးမောက်မြို့က ရွာတန်းရှည်လိုရှိနေတာ ဗန်းမော် – မြစ်ကြီးနား ကားလမ်းမကြီး ဟိုဘက် ဒီဘက် မှာရှိတဲ့ နေအိမ်တွေက အရမ်းပျက်စီးသွားပြီလို့သိရတယ်။ စျေးရှိတဲ့ စားသောက်ဆိုင် တဝိုက်တွေမှာ မီးလောင်ပျက်စီးသွားတာပိုများတယ်။ ပြီးရင် လွယ်ဂျယ်သွားလမ်း ကျောက်တိုင်ရှိတဲ့ တစ်ကြောဖက်မှာလည်း အိမ်တွေ ဒီတိုင်းလောင်နေတာ။ မိုးမောက်မြို့ဆိုလို့ အဲဒီတစ်ကြောပဲရှိတာ အခုက မြို့တွင်းတစ်ကြောအကုန်လောင်နေတယ်လို့ ပြောလို့ရတယ်”လို့ပြောပါတယ်။ တိုက်ပွဲကြောင့် မိုးမောက်မြို့ပေါ်က ဒေသခံပြည်သူတွေဟာ မေလ ၇ ရက်နေ့ကတည်းကနေ တစ်မြို့လုံးထွက်ပြေးတိမ်းရှောင်နေကြရသလို တိုက်ပွဲတွင်းလေကြောင်းပစ်ခတ်တာတွေကြောင့် မြို့တွင်းစျေးနေရာ ပတ်ပတ်လည်မှာရှိတဲ့ နေအိမ်တွေကတော့ မီးလောင်ပျက်စီးတာတွေရှိနေတယ်လို့ဆိုကြပေမယ့် အရေအတွက်အသေးစိတ်မသိရသေးဘူးလို့ ပြောပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ မံစီနဲ့ မိုးမောက်မြို့တွင်း ပြည်သူပိုင်နေအိမ်တွေ မီးလောင်ပျက်စီးဆုံးရှုံးမှုဟာ တစ်နေ့တစ်ခြားပိုများလာတဲ့အတွက် တစ်ခြားမြို့ မြို့သိမ်းတိုက်ပွဲအတွင်း ထိခိုက်ပျက်စီးမှုထက် ပိုများနိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ မိုးမောက်မြို့တစ်ခုထဲမှာတင် အိမ်ခြေ ၃ ထောင်ဝန်းကျင်အထိရှိပြီး မိုးမောက်ဒေသခံပြည်သူ လူဦးရေ သောင်းချီရှိကြကြီး လူဦးရ တစ်ဝက်လောက်က ပြီးခဲ့တဲ့ မတ်လ လောက်မှာ KIA က စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ခဲ့တဲ့ ဒေါ့ဖုန်းယန်နဲ့၊ မြို့သစ်၊ ကုန်းလော စတဲ့ ကျေးရွာတွေနဲ့ နီးတဲ့ တောတွင်းနေရာတွေခက်ခက်ခဲခဲ တိမ်းရှောင်နေကြပြီး တစ်ချို့ကတော့ ဗန်းမော်မြို့ပေါ်ဘက်ကို တိမ်ရှောင်နေကြတာဖြစ်ပါတယ်။ စစ်ရှောင်ကာလ ကြာမြင့်လာသလို တောတွင်းနေရာတွေမှာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူတွေက အကူအညီ ရရှိဖို့ ခက်ခဲတာတွေ၊ ဖုန်းအင်တာနက်တွေပြတ်တောက်ထားတာကြောင့် ပြည်သူတွေအချင်းချင်း အဆက်အသွယ်ရဖို့ ခက်ခဲနေတာတွေကြုံတွေနေရတယ်လို့ မိုးမောက်စစ်ရှောင်တွေကပြောပါတယ်။ အလားတူ မိုးမောက်မြို့နဲ့ တစ်ပြိုင်နက် မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့ မံစီမြို့ပေါ်မှာလည်း စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား မရပ်မနား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး KIA ဘက်ကလည်း မံစီမြို့တစ်ခုလုံးကို သိမ်းပိုက်နိုင်ဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။ မံစီမြို့မှာလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ နေ့စဉ်လုပ်ဆောင်နေတာကြောင့် နေအိမ်ထိခိုက်ပျက်စီးတာတွေ ဖြစ်နေတယ်လို့ သိရပေမယ့် အသေးစိတ်သိရှိဖို့အတွက် ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ လက်ရှိ KIA မြို့တွင်းနေရာနဲ့ ရဲစခန်းတစ်ချို့နေရာကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့်ကျန်ရှိနေသေးတဲ့ တပ်စခန်းနေရာတွေကို ဆက်လက်သိမ်းပိုက်ဖို့ ကြိုးစားနေပေမယ့် စစ်တပ်ဘက်က လေယာဉ်ဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် မံစီမြို့တစ်ခုလုံးကို သိမ်းပိုက်ဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 13 May

    မံစီမြို့မရဲစခန်း KIA ပူးပေါင်းတပ် ဒုတိယအကြိမ်သိမ်းပိုက်

    “ပထမတစ်ကြိမ်သိမ်းထားပြီးပြီလေ။ အဲ့တာလေကြောင်းနဲ့နေ့တိုင်းလိုလာပစ်နေတော့ ဒီဘက်ကခနဆုတ်ထားတာ။ အဲ့တာ ရဲနဲ့စစ်သားတွေကပြန်လာထိုင်တယ်ဆိုလို့ ဒီမနက်ပြန်ပြီးသိမ်းယူလိုက်တာ စဝင်တာကတော့မနက် ၁၀ နာရီလောက်ကဝင်နေပြီ အခုညပိုင်းမှပဲထိန်းချုပ်လိုက်နိုင်တာ”လို့ အထက်ပါအမျိုးသားကပြောပါတယ်။

    Read More »
  • 10 May

    တန်ဂျာရွာမှာ စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

    ဆွမ်ပရာဘွမ့်မြို့နယ် တန်ဂျာကျေးရွာမှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့က ကချင်လွတ်လပ်ရေး တပ်မတော် KIA ရဲ့ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ၅ ဦးထက် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။ မေလ ၉ ရက်နေ့ ပူတာအိုမြို့နယ်ဘက်က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ဒီနေ့…

    Read More »
Back to top button