တိုက်ပွဲ
-
May- 2024 -3 May
ဆယ်ဇင်းရွာအနီး သံယောဇဥ်ကုန်းမှာ တိုက်ပွဲဆက်ပြင်းထန်နေ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီး သံယောဇဥ်ကုန်းမှာ စစ်ကောင်စီ၊SNA ပူးပေါင်းတပ် နဲ့ KIA၊KPDF တပ်တွေကြားတိုပ်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်ကလေကြောင်းနဲ့ ပစ်ကူနေတယ်လို့ ဆယ်ဇင်းဒေသခံတွေဆီကနေ သိရပါတယ်။ ဆယ်ဇင်းကျေးရွာနဲ့ ၃ မိုင်ကျော်အကွာ ကချင်နဲ့စစ်ကိုင်းတိုင်းအစပ်မှာရှိတဲ့ သံယောဇဥ်ရွှေမှော် ဒေသအခေါ်(သံယောဇဥ်ကုန်း)မှာတပ်စွဲထားတဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA၊စစ်ကောင်စီပူးပေါင်းတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDFတပ်တွေကြား ဧပြီ ၂၆ ရက်နေ့ ဒီကနေ့အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီကလေကြောင်းနဲ့ ပစ်ကူနေတယ်လို့ ဆယ်ဇင်းကျေးရွာနေအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “ပစ်တာတော့ပစ်နေကြတုန်းပါ့ ပစ်လိုက်နားလိုက်ပဲ တစ်ခါတလေကြရင်လည်း တစ်ညလုံးလိုလိုကိုပစ်နေကြတာ မနေ့ကတော့ညပိုင်းမှာ လေယာဥ်နဲ့နှစ်ကြိမ်ဝဲပြီး ဗုံးကြဲချသွားတယ်”လို့ ပြောပါတယ်။ ဖားကန့်ဆယ်ဇင်းနဲ့ ဟုမ္မလင်းနယ်နန့်တောကြားမှာရှိတဲ့ သံယောဇဥ်ကုန်းမှာ SNA အထိုင်တပ်တစ်ခုရှိတာဖြစ်ပြီး လက်ရှိ စစ်ကောင်စီ နဲ့ ပူးပေါင်းတပ်ထိုင်ထားတယ်လို့ သိရပြီး ဒီစခန်းကို KIA ပူးပေါင်းတပ်တွေကသိမ်းပိုက်ဖို့ တိုက်ခိုက်နေတာဖြစ်တယ်လို့ ဖားကန့် KNPDF နဲ့နီးစပ်သူတစ်ဦးက KNG ကိုပြောပါတယ်။ “နဂိုကတော့အဲ့ရွှေမှော်မှာအခွန်ကောက်နေတဲ့ SNA တွေပဲထိုင်တာ အင်အား ၅၀လောက်အမြဲတမ်းရှိတယ်။ စကစတွေပါပေါင်းထိုင်တယ်လို့ကြားတယ် အဲ့တာကိုသိမ်းနေတာ SNA တွေကတပ်အခိုင်အမာချထားတော့နည်းနည်းကြာနေတာထင်တယ်”လို့ပြောပါတယ်။ တစ်ပတ်ကျော်ကြာတိုက်ပွဲတွေပြင်းထန်နေတဲ့ သံယောဇဥ်မှော်ထဲက ပြည်သူအများစုဟာ ဧပြီလ ၂၇ ရက်နေ့ ကတည်းကတိမ်းရှောင်သွားကြပြီး လက်ရှိ သံယောဇဥ်မှော်အနီးတဝိုက်ဖုန်းလိုင်းတွေလည်း မကြာခနဖြတ်တောက်ခံနေရတယ်လို့ ဆယ်ဇင်းဒေသခံတွေဆီကနေသိရပါတယ်။ ဒီနှစ် ဧပြီ ၂၃ ရက်နေ့က ဆယ်ဇင်းကျေးရွာစစ်ကောင်စီတပ်စခန်းထဲကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီကောင်စီစစ်သားနဲ့ SNA စစ်သား ၅၀ ကျော်က သံယောဇဥ်ကုန်းထဲက SNA တပ်စခန်းထဲကိုပူးပေါင်းထားတယ်လို့လည်း သိရပါတယ်။ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ သံယောဇဥ်ကုန်းနဲ့ ၃ မိုင်ကျော်ဝေးတဲ့ ဆယ်ဇင်းကျေးရွာထဲက စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်စခန်းကို KIA၊KPDF တပ်တွေက ဧပြီ ၂၀ ရက်နေ့မှာဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဧပြီ ၂၃ ရက်နေ့ညမှာ စစ်ကောင်စီပူးပေါင်းတပ်တွေ သံယောဇဥ် ကုန်းဘက်ထွက်ပြေးသွားတာကြောင့် ဆယ်ဇင်းရွာကို KIA နဲ့မဟာမိတ်တပ်တွေက ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
2 May
ကသာမြို့ စစ်ကောင်စီစစ်ကြောင်း ဒရုန်းနဲ့တိုက်ခိုက်ခံရ
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်ကို စစ်ကောင်စီတပ်က ဒီရက်ပိုင်းအတွင်း စစ်ကြောင်းတွေထိုးနေပြီး အဲ့ဒီစစ်ကြောင်းကို ကသာမြို့ပြင်က ကပ္ပလိပ်ရွာမှာ ကာကွယ်ရေးတပ်တွေဘက်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ ဖြစ်စဥ်ကတော့ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့ မနက်ပိုင်း ၇ နာရီလောက်က ကသာမြို့က…
Read More » -
Apr- 2024 -29 April
ဆယ်ဇင်းအနီး သံယောဇဥ်မှော်မှာ SNA၊ စစ်ကောင်စီပူးပေါင်းတပ်နဲ့ KIA၊KPDF တို့တိုက်ပွဲပြင်းထန်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီး သံယောဇဥ် ရွှေမှော်မှာ တပ်စွဲထားတဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA ၊ စစ်ကောင်စီပူးပေါင်းတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ KPDF တပ်တို့ကြားတိုက်ပွဲ ပြင်းထန်နေတယ်လို့သိရပါတယ်။ ဆယ်ဇင်းကျေးရွာနဲ့ ၃ မိုင်ကျော်ဝေးပြီး ကချင် နဲ့…
Read More » -
29 April
ဆင်ဘိုမြို့ကို အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ဗိုလ်မှူးကြီးနော်ဘူပြော
မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဘက်က အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုပါတယ်။ မြစ်ကြီးနား – ဗန်းမော် ရေကြောင်းလမ်းပေါ် ဧရာ၀တီမြစ်ကမ်းဘေးရှိ ဆင်ဘိုမြို့ စစ်ကောင်စီ ခလရ ၁၄၁ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်…
Read More » -
24 April
ဆယ်ဇင်း ခမရ ၁၁၆ တပ်စခန်းကို KIA အပြီးသတ်သိမ်းပိုက်ပြီး ရှင်းလင်းရေးဆောင်ရွက်နေ
စစ်ကိုင်း နဲ့ ကချင်အစပ်မှာရှိတဲ့ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာက စစ်ကောင်စီတပ် ခမရ ၁၁၆ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် အပြီးသတ်သိမ်းပိုက်လိုက်ပြီး နယ်မြေရှင်းလင်းရေးလုပ်နေပြီလို့KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ ဆယ်ဇင်းကျေးရွာရဲ့ ရွာထိပ်ပိုင်းမှာတပ်ချထားတဲ့ ခမရ ၁၁၆ တပ်စခန်းကို ဧပြီလ ၂၀ ရက်နေ့စပြီး KIA ပူးပေါင်းတပ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ၄…
Read More » -
22 April
ဆယ်ဇင်းစစ်တပ်စခန်းမှာ တိုက်ပွဲပြင်းထန်နေဆဲ
ဖားကန့်မြို့နယ် ဆယ်ဇင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲ ၃ ရက်ကြာမြင့်လာပေမယ့် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား ဧပြီလ ၂၂ ရက် ဒီနေ့အထိ ၂ ဖက်တပ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါတယ်။ ဆယ်ဇင်းတပ်စခန်းဖြစ်တဲ့ ခမရ ၁၁၆ တပ်ရင်းကို…
Read More » -
22 April
ကောလင်းမှာတိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ကျဆုံးမှုရှိ
စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်မှာ မနေ့က ဧပြီလ ၂၁ ရက်နေ့က စစ်ကောင်စီတပ်နဲ့ကာကွယ်ရေး တပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်တပ်တွေအကြားထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ကောလင်း ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ တိုက်ပွဲကတော့ ကောလင်းမြို့နယ် အရှေ့ခြမ်း တဇူးရွာတစ်ဝှိုက်ကို စစ်ကောင်စီဘက်ကစစ်ကြောင်းထိုးလာ ရာကနေ နှစ်ဖက်ထိတွေ့မှုတွေဖြစ်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း…
Read More » -
22 April
မိုးမောက်မှာ စစ်တပ်ဘက်က ထိုးစစ်ဆင်ပြီး တန်ပြန်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲပြင်းထန်နေ
မိုးမောက်မြို့ လက်မလွတ်ရေးအတွက် စစ်တပ်ဘက်ကနေစစ်အင်အားအလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက် လာတာကြောင့် မိုးမောက်မြို့ ခါနန်ရပ်ကွက်နဲ့ ခူးလီကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဗန်းမော်မြို့တွင်းတပ်နဲ့ မိုးမောက်မြို့တွင်းတပ် ခမရ ၄၃၇ တပ်ရင်းက အင်အားရာချီရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မိုးမောက်မြို့အထက်ဘက်ခြမ်းအားလုံးကိုနေရာယူထားတဲ့အပြင် မိုးမောက်မြို့ ခါနန်ရပ်ကွက်မှာ ဒီနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်အထိ…
Read More » -
20 April
ချီဖွေ၊ ပန်ဝါဘက်စစ်ကြောင်းထိုးလာတဲ့ ယာဉ်တန်းတိုက်ခိုက်ခံရပြီး တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား
ဝိုင်းမော်မြို့ကနေ ချီဖွေ၊ပန်ဝါဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်းအဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား မနေ့က တစ်ရက်ထဲတိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ၂ ဖက်တပ် ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။ ဧပြီလ ၁၉ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင် စစ်ကောင်စီတပ်နဲ့ပြည်သူ့အဖွဲ့အင်အား ၁၀၀…
Read More » -
19 April
KIA သိမ်းပိုက်ထားတဲ့ နန့်ယားကျေးရွာအနီးတဝိုက် စစ်တပ်ကဗုံးကြဲတိုက်ခိုက်
ကချင်လွတ်လပ်ရေးတပ်တော် KIA သိမ်းပိုက်ထားပြီဲဖြစ်တဲ့ ဖားကန်လမ်း၊ နန့်ယားကျေးရွာမှာ တိုက်ပွဲပြန်လည်ဖြစ်ပွားတာတွေမရှိပေမယ့် ကျေးရွာနဲ့ ထိစပ်တဲ့နေရာတွေမှာ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်တာတွေလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်တပ်က နန့်ယားကျေးရွာနဲ့ ၇ မိုင်အကွာမှာရှိတဲ့ ဆွတ်ကြိုင်မှော်(Sut Chyai Maw) ဘက်ကို ဧပြီလ ၁၉ ရက် ဒီနေ့ မနက်ပိုင်း ၉ နာရီခွဲဝန်းကျင်လောက် Y – 12 လေယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ နန့်ယားဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ “အခုဗုံးလာကြဲသွားတဲ့ နေရာက ခါချင်မှော်လို့လည်းခေါ်သလို ဆွတ်ကြိုင်မှော်လို့လည်းခေါ်ကြတယ်။ အဲဒီတဝိုက်ကို လာပစ်သွားတာ။ ဒီကနေ နည်းနည်းတော့လှမ်းတယ်။ သူက နန့်ယားကျေးရွာနယ် နိမိတ်ပတ်ပတ်လည်လို့ပြောလို့ရမယ်။ ၉ နာရီခွဲလောက်မှာ လာပစ်ပြီး ပြန်ခေါက်သွားပြီ”လို့ပြောပါတယ်။ Y – 12 လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်သွားတဲ့နေရာဟာ တိုက်ပွဲဖြစ်ပွားတာတွေမရှိဘဲ စစ်တပ်ဘက်ကနေ အကြောင်းမဲ့ပြည်သူလူထုကို ပစ်မှတ်ထားပြီး လာရောက်ပစ်ခတ်သွားတာဖြစ်နိုင်တယ်လို့ သူက ဆက်ဆိုပါတယ်။ ခုလို တိုက်ပွဲနယ်မြေမဟုတ်နေရာဘက်ကို ဗုံးကြဲတိုက်ခိုက်သွားတဲ့အပေါ်မှာ နန့်ယားစစ်တပ်စခန်းကို KIA က သိမ်းပိုက်ထားတာကြောင့် ပြန်လည်တုန့်ပြန် တိုက်ခိုက်နေတာဖြစ်တယ်လို့ နန့်ယားဒေသခံတစ်ဦးက ဆက်ပြောပါတယ်။ “နန့်ယားတပ်စခန်းကို KIA သိမ်းလိုက်ပြီးကတည်းက ငြိမ်နေတာ သုံး၊ လေးရက်လောက်ရှိလာပြီ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ ဒါပေမယ့် အခုလို လာပစ်နေတာက နန့်ယားတပ်စခန်းကို သိမ်းလိုက်လို့ အဲဒီတဝိုက်မှာ KIA တွေရှိနိုင်တယ်ဆိုပြီး လာပစ်တယ်လို့ပဲ အားလုံးလည်း အဲလိုထင်ကြတယ်။ ပြီးရင် နေ့လည်းလာပစ်တာမျိုးတော့မဟုတ်ဘူး။ စခန်းသိမ်းပြီးကတည်းက ၂ ကြိမ်ရှိပြီလာပစ်တာ”လို့ပြောပါတယ်။ စစ်တပ်ဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်သွားတဲ့ နေရာဘက်မှာ ထိခိုက်ပျက်စီးမှုရှိမရှိ အသေးစိတ်စုံစမ်းနေဆဲဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းဖြစ်ပွားခဲ့တဲ့ နန့်ယားတိုက်ပွဲမှာ စစ်တပ်ဘက်ကနေ လေကြောင်းနဲ့ ခုခံတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူပိုင်နေအိမ် ၂၅ လုံးထက်မနည်း ထိခိုက်ပျက်စီးသွားတယ်လို့ နန့်ယားဒေသခံတွေက ပြောပါတယ်။ နန့်ယားကျေးရွာမှာ ၁၀ စုနှစ်တစ်ခုအကြာ စစ်တပ်ဂိတ်အပါ စစ်တပ်စခန်းကို KIA ပူးပေါင်းတပ်တွေက ဧပြီလ ၁၁ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီး လက်ရှိမှာ နန့်ယားကျေးရွာကို KIA က အုပ်ချုပ်ရေးစနစ်နဲ့ ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။ မြစ်ကြီးနား ဘက်ကနေ တက်လာတဲ့ ဖားကန့်လမ်းပေါ်မှာ နန့်ယားတပ်စခန်းနဲ့ နမ်တိန့် တပ်စခန်း ၂ ခုကို KIA က သိမ်းပိုက်ထားပြီ လက်ရှိမှာ ကားမိုင်းဗျူဟာကုန်းနဲ့ ဖားကန့်မြို့အဝင်ပေါက်နားက ယမ်းတပ်စခန်း ၂ ခုသာ ကျန်ရှိနေတာလည်းဖြစ်ပါတယ်။ By –…
Read More »









