တိုက်ပွဲသတင်း

ကောလင်းမှာတိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ကျဆုံးမှုရှိ

စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်မှာ မနေ့က ဧပြီလ ၂၁ ရက်နေ့က စစ်ကောင်စီတပ်နဲ့ကာကွယ်ရေး တပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်တပ်တွေအကြားထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ကောလင်း ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။

တိုက်ပွဲကတော့ ကောလင်းမြို့နယ် အရှေ့ခြမ်း တဇူးရွာတစ်ဝှိုက်ကို စစ်ကောင်စီဘက်ကစစ်ကြောင်းထိုးလာ ရာကနေ နှစ်ဖက်ထိတွေ့မှုတွေဖြစ်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၈ ယောက်ထက်မနည်း သေဆုံးခဲ့သလို ကာကွယ်ရေးတပ်ဘက်က လည်း တစ်ယောက်သေဆုံးခဲ့ရတယ်လို့ ကောလင်းခရိုင် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ယောက် က ပြောပါတယ်။

တိုက်ပွဲက မိုးမလင်းခင် မနက်စောစောကတည်းကစဖြစ်တယ်ပြောတယ် သူတို့ဘက်ကတော့ တော်တော် အထိနာတယ်ပြောတယ် အဲ့လိုအထိနာတော့ ဝန်းသိုကနေဟောင်ဝစ်ဇာနဲ့ပစ်ကူပေးလို့ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာနဲ့ရဲဘော်တစ်ယောက်ကျဆုံးတယ် ” လို့ပြောပါတယ်။

တစ်ဖက်မှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်တွေအကြားတိုက်ပွဲဟာ မနေ့က ၅ နာရီကစတင်ခဲ့ရာကနေ အထိနာသွားတဲ့စစ်ကောင်စီတပ်တွေဟာ နေ့လည် ၁၂ နာရီလောက်မှာ စစ်ကူအင်အား ၈၀ ခန့်ပြန်ရောက်ပြီး တိုက်ပွဲတွေဆက်တိုက်ပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဝန်းသို ခမရ ၁၂၀ တပ်ကနေလည်း ဟောင်ဝှစ်ဇာ၊ ဒရုန်းဗုံးသီးတွေနဲ့ချပြီး တိုက်ခိုက်ခဲ့တယ်လို့ ကောလင်းခရိုင်တပ်ရင်း ၁ က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်ခဲ့တဲ့ တဇူးရွာကိုလည်း စစ်ကောင်စီတပ်က အရင်ကတည်းကမီးရှို့ဖျက်ဆီးခဲ့တဲ့ရွာဖြစ်ပြီး အရပ်သားတွေလည်းထွက်ပြေးတိမ်းရှောင်နေရတယ်လို့ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန် ရှိသူတစ်ယောက်ကပြောပါတယ်။

တဇူးကတော့ ပုံမှန်အတိုင်းတော့ စစ်ကြောင်းအရမ်းထိုးလို့ထွက်ပြေးနေရတဲ့နေရာတွေပါ အဲ့မှာ တချို့ လည်း အိမ်တွေမီးရှို့ခံထားရတဲ့အနေအထားမျိုးရှိပါတယ် အဲ့ဒါကိုစစ်ကြောင်းထပ်ထိုးတာပါ ကာကွယ်ရေး တပ်တွေကလည်းမြို့နဲ့ပတ်ပတ်လည်တွေမှာနေရာယူထားပါတယ် စကစက စစ်ကြောင်းထိုးလာရင် ပြန်တိုက်နိုင်အောင်အသင့်နေရာယူထားတဲ့အနေအထားမျိုးရှိပါတယ်လို့ပြောပါတယ်။

တဇူးရွာဟာ ကောလင်းမြို့နယ်အရှေ့ခြမ်း ကောလင်းမြို့နဲ့ ၅ မိုင်အကွာလောက်မှာရှိတဲ့ရွာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ နောက်ဆုံးအပတ်ကလည်း ကောလင်းမြို့နယ်အနောက်ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ် ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အကျအဆုံးများခဲ့သလို ကာကွယ်ရေး တပ်ဘက်က ၈ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

By – အမိုး

Show More

Related Articles

Back to top button