တိုက်ပွဲ

  • Apr- 2024 -
    17 April

    ပယင်းမှော်ဒေသကို ထိန်းချုပ်ထားတဲ့ နွယ်ဂျယ်ဘွမ့်တပ်စခန်းကို KIA သိမ်းပိုက်

    “တပ်စခန်းက တအားတော့မကြီးဘူး ပြောရရင်ရှေ့တန်း တပ်စခန်းပုံစံလောက်ပဲပယင်းမှော်ကြည့်တဲ့ တပ်စခန်းဟုတ်တယ်။ အခုဖြစ်နေတဲ့ တိုက်ပွဲတွေက ဗဟိုက ညွန်ကြားချက်နဲ့ လုပ်ဆောင်နေတယ်လို့ပဲ မြင်ပါတယ်”လို့ပြောပါတယ်။

    Read More »
  • 12 April

    ဆယ်ဇင်းပြည်သူတွေကို KIA အရေးပေါ်ပြောင်းရွေ့ခိုင်း

    ကချင်ပြည််နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ လက်အောက်ခံရှမ်းနီအမျိုးသားများတပ်မတော် SNA ပူးပေါင်းတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် ဆယ်ဇင်းဒေသခံပြည်သူတွေကို KIA ဘက်ကအရေးပေါ်ပြောင်းရွေ့ခိုင်းထားတယ်လို့ သိရပါတယ်။ ဆယ်ဇင်းကျေးရွာအဝင်မှာတပ်ထိုင်ထားတဲ့ စစ်တပ်နဲ့SAN ပူးပေါင်းတပ်စခန်းကို KIA၊KPDF မဟာမိတ်ပူးပေါင်းတပ်တွေ ဧပြီလ ၉ ရက်နေ့မနက်ကနေ ထိုးဆင်နွဲတိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိတိုက်ပွဲပိုပြီးပြင်းထန်လာနေတဲ့အတွက် အရေးပေါ်ပြောင်းရွေ့ခိုင်းထားတာဖြစ်တယ်လို့ ဆယ်ဇင်းစစ်ရှောင်အမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။ “ကျွန်မတို့ မနေ့ညကတည်းက အားလုံးတိမ်းရှောင်နေကြပြီ ဒီဘက်KIA ဘက်ကနေဧပြီ ၁၁ရက်နေ့ည ၃ နာရီနောက်ဆုံးထားပြီး အားလုံးရွေ့ရမယ်ဆိုလို့အားလုံးရွေ့လာကြပြီ။ စစ်ကောင်စီတပ်တွေက ပြည်သူတွေကို အန္တာရယ်ပြုမှာစိုးရိမ်လို့ရွေ့ခိုင်းထားတာ”လို့ အထက် ၅၀ ကျော်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။ ဆယ်ဇင်းကျေးရွာထဲမှာတိုက်ပွဲစဖြစ်တဲ့ ဧပြီလ ၉ ရက်နေ့မှာ တပ်စခန်းနဲ့နီးတဲ့ရပ်ကွက် ၃ ခုသာတိမ်းရှောင်ခဲ့ကြရပြီး ညပိုင်းမှာတော့တစ်ရွာလုံးတိမ်းရှောင်နေကြရတာဖြစ်တယ်လို့သိရပါတယ်။ “ကျွန်မတို့က ရွာအတွင်းပိုင်းမှာကျတော့ အစပိုင်းတော့မရှောင်ဘူးမနေ့ကတစ်ရွာလုံးရှောင်ရမယ်ပြောလို့အခုရှောင်လာတာ အများစုကတော့ ဘကြီးကွင်းထဲကိုရှောင်လာတာများတယ် အခုလယ်တောတွေမှာလူတွေအပြည့်ပဲ နေရာတောင်မရှိဘူး”လို့ အခြားစစ်ရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။ ဆယ်ဇင်းကျေးရွာထဲမှာ အိမ်ခြေ ၄၀၀ ကျော် လူဦးရေ ၃၀၀၀ ဝန်းကျင်ရှိတာဖြစ်ပြီး လက်ရှိ ဒေသအခေါ် (ဘကြီးကွင်း )ဘက်နဲ့ဆယ်ဇင်း၊ ဟောင်ပါးဘက်ခြမ်းကတောတောင်တွေဘက်ကိုတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။ KIA နဲ့ KPDF ပူးပေါင်းတပ်တွေဟာ ဆယ်ဇင်းကျေးရွာထဲက ရဲစခန်းနဲ့ စစ်တပ်စခန်းကုန်းကို ဧပြီလ ၉ ရက်နေ့မနက် အစောပိုင်းမှာ တစ်ချိန်တည်းဝင်ရောက်တိုက်ခိုက်နေပြီး ရဲစခန်းကိုတော့ စဝင်တိုက်တဲ့ မနက်အစောပိုင်းမှာပဲရဲတွေလက်နက်ချသွားတာကြောင့် သိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။ အလားတူ စစ်ကောင်စီတပ်နဲ့ SNA တပ်တွေအနေနဲ့လည်းလက်နက်ချအညံ့ခံဖို့ သတိပေးထားပေမယ့် လက်နက်မချတာကြောင့် ဧပြီလ ၁၀ ရက်နေ့မနက်စတည်းစတင်တိုက်ခိုက်ခဲ့ရာဒီကနေ့မနက်ပိုင်းအထိတိုက်ပွဲ ဖြစ်ပွားနေဆဲလို့သိရပါတယ်။ လက်ရှိတိုက်ခိုက်သိမ်းပိုက်နေတဲ့ ဆယ်ဇင်းစစ်တပ်ကုန်းမှာ SNA နဲ့စစ်ကောင်စီပူးပေါင်းတပ်အင်အား ၅၀ ဝန်းကျင်လောက်ပဲရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။ KIA၊KPDF ပူးပေါင်းတပ်တွေဟာ ဖားကန့်မြို့နယ်ထဲမှာ ဒီနှစ်အတွင်း စခန်းသိမ်းတိုက်ပွဲတွေကိုခပ်စိပ်စိပ်ဆင်နွဲလာခဲ့ရာ လက်ရှိ တာမခံ၊ဝှေခါ၊နန့်ယား စတဲ့ကျေးရွာတွေကိုထိန်းချုပ်နိုင်တဲ့အပြင်ရှေ့တန်းစခန်းအမြောက်အများကိုလည်း သိမ်းပိုက်ထားပြီဖြစ်ကြောင်းသိရပါတယ်။ By – Zaw Zaw

    Read More »
  • 11 April

    ကျွန်းကုန်းရွာဘက် ထိုးစစ်ဆင်လာတဲ့စစ်ကြောင်း PDF ကြားဖြတ်တိုက်ခိုက် 

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ကျွန်းကုန်းကျေးရွာဘက်ကို ထိုးစစ်ဆင်လာတဲ့စစ်ကြောင်းကို ဟုမ္မလင်း PDF ပူးပေါင်းတပ်ကြားဖြတ်တိုက်ခိုက်လိုက်တာကြောင့် အထိနာပြီးပြန်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။ အဲဒီစစ်ကြောင်းဟာ ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ကျွန်းကုန်းကျေးရွာကို ပြန်သိမ်းယူချင်တာကြောင့် ဧပြီလ ၁၀ ရက်နေ့ မနက် ၆ နာရီဝန်းကျင် ဖောင်းပြင်ကနေကျွန်းကုန်းဘက်ကိုတက်လာချိန် မန်မော်ကျေးရွာအဝင် လမ်းခုလတ်မှာ ကာကွယ်ရေးတပ်ဘက်ကစောင့်ကြိုတိုက်ခိုက်လိုက်တာဖြစ်တယ်လို့ ဟုမ္မလင်း PDF တာဝန်ရှိသူတစ်ဦးကKNG ကိုပြောပါတယ်။ “စစ်ကြောင်းကဖောင်ပြင်ကနေတက်လာတာ ညကတောထဲမှာညအိပ်တယ်မနက်အစောကြီး ကျွန်းကုန်းဘက်ကိုလာတဲ့အချိန် ဖောင်းပြင်နဲ့ကျွန်းကုန်းကြားထဲက မန်မော်ကျေးရွာအရောက်မှာ ဒီဘက်ကနေကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ သူတို့အထိနာတော့ ပြန်ဆုတ်သွားတယ် တချို့လည်းဒဏ်ရာကြီးကြီးမားမားရတဲ့စစ်သားတွေကိုဖောင်းပြင်ထိပို့လးတယ်ကြားတယ် တိုက်ပွဲ ကမနက် ၆နာရီကနေ မနက်၁၀ နာရီထိကြာတယ်”လို့အထက်ပါတာဝန်ရှိသူကပြောပါတယ်။ စစ်အင်အား ၁၀၀ ကျော်ရှိ စစ်ကြောင်းက ကျွန်းကုန်းကိုပြန်တိုက်ယူဖို့တက်လာတာဖြစ်ပြီး မန်မော်ကျေးရွာနီး ဟုမ္မလင်း PDFမဟာမိတ်ပူးပေါင်းတပ်တွေနဲ့ဒေသကာကွယ်ရေးအဖွဲ့တွေခြုံခိုက်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ၄ နာရီကျော်ကြာမြင့်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်ထိခိုက်သေဆုံးအထိနာသူတွေများကာ ဆယ်ချောင်းကျေးရွာထဲကိုတပ်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။ “သူတို့(စစ်ကောင်စီတပ်) အလောင်းတစ်လောင်းက ကျန်ခဲ့တယ်မကောက်သွားဘူး ဒဏ်ရာကတော့ ၁၀ ယောက်ကျော်ရသွားတယ် အထိနာတာများတော့ ဆယ်ချောင်းရွာထဲကိုပြန်ဆုတ်သွားတယ်အဲ့မှာ SNA စခန်းရှိတယ်လေးလောလောဆယ်အဲ့မှာတပ်စွဲနေတယ်”လို့ အထက်မှာဖော်ပြခဲ့တဲ့ ဟုမ္မလင်း PDF တာဝန်ရှိသူ တစ်ဦးကပြောပါတယ် ။ ဒါ့အပြင် တိုက်ပွဲမှာ အရပ်သား ၃ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်းထိခိုက်သေဆုံးသူတွေရှိတယ်လို့ သိရပါတယ်။ ကြားဖြတ်တိုက်ခံရတဲ့ စစ်တပ်ရဲ့စစ်ကြောင်းက လက်ရှိကျွန်းကုန်းကျေးရွာနဲ့ ၄ မိုင်ကျော်ဝေးတဲ့ ဆယ်ချောင်းကျေးရွာမှာတပ်စွဲနေတာဖြစ်ပြီး ဒဏ်ရာရစစ်သားတွေကိုဆေးကုသမှုပေးနေတယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်၊ SNA နဲ့ ပျူစောထီးတွေက စုစုပေါင်း အင်အား ၂၀၀ ကျော်ရှိနေတဲ့ ကျွန်းကုန်းကျေးရွာစစ်ကောင်စီတပ်စခန်းကုန်းကို ဟုမ္မလင်း PDF မဟာမိတ်ပူးပေါင်းတွေက မတ်လ ၃၀ ရက်နေ့ကစပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဧပြီ ၈ ရက်နေ့မှာသိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်ရှိ ကျွန်းကုန်းကိုပြန်ရဖို့စစ်ကောင်စီကြိုးပမ်းနေတာဖြစ်ပါတယ်။ လက်ရှိဟုမ္မလင်းမြို့နယ်နဲ့ဖောင်းပြင်နယ်ကြားထဲက စစ်ကောင်စီတပ်နဲ့SNA ပူးပေါင်းတပ်ထိုင်တဲ့စခန်းတွေကို ဟုမ္မလင်း PDF ပူးပေါင်းတပ်တွေမတ်လ ၃၀ ရက်နေ့ကနေစပြီးတိုက်ခိုက်ခဲ့ရာလက်ရှိ ကျွန်းကုန်းစခန်း၊ မနောသာစခန်း၊ အင်ကြင်းမော်စခန်းနဲ့ မန်မော်ကျေးရွာစခန်းတွေကိုသိမ်းပိုက်ထားပြီဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 11 April
    photo- ရှေ့တန်းတစ်နေရာက KIA တပ်ဖွဲ့ဝင်များ

    ဆော့လော် ဒု-တပ်ရင်းမှူးကို ဖမ်းဆီးပြီးနောက် ဆော့လော် ပြည်သူ့စစ်စခန်းတစ်ခု KIA တိုက်ခိုက်သိမ်းပိုက်

    ကချင်ပြည်နယ် ဆော့လော်မြို့နယ်််မှာ စစ်ကောင်စီတပ် အဝင်အထွက်ပြုလုပ်နေတဲ့ ပြည်သူ့စစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သွားရောက်တိုက်ခိုက်သိမ်းပိုက်ပြီး ပြည်သူ့စစ်တပ်သား ၆ ဦးနဲ့တကွ လက်နက်ခဲယမ်းတွေကို သိမ်းဆည်ရမိခဲ့တယ်လို့ သိရပါတယ်။ ချီဖွေမြို့ကနေ ဆော့လော်ကိုသွားတဲ့ လမ်းပိုင်း၊ ဆော့လော်မရောက်မှီ ၅ မိုင်လောက်အကွာမှာတပ်ချထားတဲ့ မျောမော(Myaw Maw)ကျေးရွာမှာရှိတဲ့ ပြည်သူ့စစ်တပ်စခန်းကို KIA က ဧပြီလ ၁၁ ရက်နေ့ ဒီနေ့ မနက်ပိုင်း ၆ နာရီလောက်မှာသွားရောက် တိုက်ခိုက် ရှင်းလင်းခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကို ပြောပါတယ်။ “သူက စစ်တပ်စခန်း မဟုတ်ဘူး။ ပြည်သူ့စစ်စခန်းကို သွားသိမ်းတာဟုတ်တယ်။ ပြည်သူ့စစ်တပ်သား ၆ ယောက်ကို ဖမ်းဆီးရမိတယ်။ ပြီးရင် လက်နက်ခဲယမ်းတွေလည်းပါတယ်။ တခြား ပြည်သူ့စစ်စခန်းတွေလည်း ကျန်သေးတယ်။ အခုသိမ်းလိုက်တဲ့ ပြည်သူ့စစ်စခန်းက ဆော့လော်နဲ့ အနီးဆုံးဖြစ်တဲ့နေရာက…

    Read More »
  • 11 April

    နန့်ယားစခန်းသိမ်းတိုက်ပွဲ အရာရှိတစ်ချို့နဲ့အင်အား ၃၀ ခန့်အလံဖြူထောင်လက်နက်ချ 

    ဖားကန့်မြို့နယ် နန့်ယား(Namya) စခန်းသိမ်းတိုက်ပွဲ ၃ ရက်နေ့မြောက်မှာ စစ်တပ်ဘက်ကအလံဖြူထောင်လက်နက်ချခဲ့ပြီး အရာရှိတစ်ချို့ပါအဝင် အင်အား ၃၀ ခန့်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဧပြီလ ၉ ရက်နေ့ မနက်ပိုင်းစတင်ဝင်ရောက်တိုက်ခိုက်ခဲ့နေတဲ့ နန့်ယားစစ်တပ်စခန်းက စစ်တပ်သားတွေဟာ ဧပြီလ ၁၁ ရက်နေ့ ဒီနေ့မနက်ပိုင်း ၇ နာရီဝန်းကျင်မှာ အလံဖြူထောင်လက်နက်ချခဲ့တာကြောင့်  KIA ကအပြီးသတ်သိမ်းပိုက်ထားပြီလို့ KIA နဲ့ နီးစပ်တဲ့ နန့်ယားဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “ဒီမနက် ၇ နာရီလောက်မှာ စစ်သားအယောက် ၃၀ လောက်က အလံဖြူထောင်ပြီးထွက်လာကြတယ် အားလုံးကို KIA ခေါ်သွားပြီ။ တပ်ထဲကိုပြန်ဖို့လည်း မပြန်ရဲဘူးလို့ပြောတယ်တဲ့။ KIA ကအမြန်ထွက်လာဖို့ တပ်ဆုတ်ပေးဖို့ ပြောနေတဲ့ကြားက သူတို့က အထက်အမိန့်နဲ့ ပစ်ရမယ်လို့ပြောလို့ ပစ်ကြတယ်လို့ကြားတယ်”လို့ပြောပါတယ်။ နန့်ယားစစ်ကောင်စီတပ်သားတွေ အလံဖြူထောင်လက်နက်ချအပြီးမှာပဲ KIA က တပ်တွင်းရှိ စစ်လက်နက်၊ ခဲယမ်းတွေကို ကားနဲ့သယ်ယူနေကြပြီလို့ ပြောပါတယ်။ KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ နန့်ယားတပ်စခန်းမှာ ပြည်သူ့စစ်အပါစစ်အင်အား ၁၀၀ ဝန်းကျင်လောက်ရှိတဲ့တပ်စခန်းဖြစ်ပြီး တပ်စခန်းထဲက ယမ်းဂိုဒေါင်ဖောက်ခွဲခံရချိန်ပြည်သူ့စစ်ဘက်ကသေဆုံးမှုများတယ်လို့ ဆိုပါတယ်။ စစ်အင်အား ၁၀၀ လောက်ရှိတဲ့ထဲကနေအရာခံဗိုလ်၊ တပ်ကြပ်ကြီးအပါ တပ်သား စုစုပေါင်း ၃၀ လောက်က KIA ဆီ လက်နက်ချအညံ့ခံခဲ့တာဖြစ်ပြီး တစ်ချို့က ထွက်ပြေးလွတ်မြောက်သွားသလို တိုက်ပွဲမှာသေဆုံးသွားတာရှိတယ်လို့လည်း သိရပါတယ်။ နန့်ယားစခန်းသိမ်းတိုက်ပွဲမှာ KIA ဘက်က ၇ ယောက်ခန့်ကျဆုံးမှုရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေလည်းပါတယ်လို့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။ KIA တပ်တွေဟာ ဧပြီလ ၁၀ ရက်နေ့ ညနေပိုင်း နန့်ယားတပ်စခန်းထဲအထိဝင်ရောက်နေရာယူနိုင်ခဲ့ပေမယ့် ကုန်းထစ်ပေါ်မှာရှိတဲ့စခန်းထဲမှာရှိသူတွေဟာ လက်နက်မချဘဲကျန်ရှိနေသေးတာကြောင့် မနေ့ညအထိ ၂ ဖက်တပ်အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ နန့်ယားတပ်စခန်းဟာ မြစ်ကြီးနား၊ မိုးကောင်းဘက်ကနေဝင်ပြီး ဖားကန့်ကိုသွားတဲ့လမ်းမပေါ်မှာတည်ရှိပြီး ဖားကန့်ကိုတက်တဲ့ ခရီးသည်၊ ကုန်တင်ကား တစ်ခုချင်းစီစစ်ဆေးတာတွေ၊ ၁၀ စုနှစ်တစ်ခုအကြာ မူးယစ်ဆေးဝါးတွေရောင်ချပေးပြီး ငွေကြေးရှာပေးနေတဲ့ တပ်စခန်းအကြီးတစ်ခုဖြစ်တယ်လို့ နန့်ယားဒေသခံအမျိုးသားက ဆက်ဆိုပါတယ်။ “ဒီဖားကန့် လမ်းပေါ်မှာက နန့်ယားနဲ့ နမ်တိန့်က အရမ်းအရေးကြီးတဲ့ စစ်တပ်စခန်းတွေဖြစ်တယ်။ ပြောရရင်ပိုက်ဆံရှာပေးနေတဲ့ နေရာပေါ့။ အဲဒီနန့်ယားတပ်စခန်းကပဲ ‘ယာမ၊ ဖိုး’တွေရောင်းချပေးတာဖြစ်တယ်။ အခုအဲဒါတွေလည်းမရှိတော့ဘူး။ နောက်ပြီးရင် အဲဒီတပ်စခန်းမှာပဲ ဒေသခံတွေသွားလာရင်း သတ်ဖြတ်ခံရတာ ၅ ယောက်လောက်ရှိပြီ။ ဒါကြောင့်လဲ KIA ကအမြန်ရှင်းလိုက်တာဖြစ်တယ်”လို့ပြောပါတယ်။ ဒေသခံပြည်သူတွေရဲ့ပြောဆိုချက်အရ နန့်ယားတပ်စခန်းဟာ ‘ဘိန်းဖြူ၊ ရာမ’မူးယစ်ဆေးဝါးတွေကိုထားရှိပြီး ဖားကန့်ဒေသတဝိုက်ကို အဓိက ဖြန့်ဖြူးရောင်းချပေးနေတဲ့နေရာလည်းဖြစ်တယ်လို့ ဆိုပါတယ်။ နန့်ယားတပ်စခန်းကို ပြီးခဲ့တဲ့ ၂၀၁၁ – ၂၀၁၂ ခုနှစ်လောက်မှာ နန့်ယားဒေသခံတစ်ချိုကို ပြည်သူ့စစ်ဖွဲ့စည်းပေးလိုက်ပြီး နန့်ယားပြည်သူ့စစ်အဖြစ်တည်ရှိနေရာကနေ စစ်တပ်စခန်းအဖြစ်တပ်ချနေထိုင်ထားတဲ့ တပ်စခန်းအကြီးလည်းဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ ၂ ရက်အတွင်းမှာ စစ်တပ်ဘက်ကနေ လေကြောင်းနဲ့ နန့်ယားကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်…

    Read More »
  • 10 April

    နန့်ယားတိုက်ပွဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်တွေမီးလောင်နေပြီး တိုက်ပွဲပြင်းထန်နေဆဲ

    ဖားကန့်လမ်း နန့်ယားကျေးရွာ (Namya Mare)မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ကနေ လေကြောင်းနဲ့ ခုခံတိုက်ခိုက်နေတာကြောင့် ကျေးရွာအတွင်း လူနေအိမ်တွေမီးလောင်ပျက်စီးတာတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်တွေက ဧပြီလ ၁၀ ရက်နေ့ ဒီနေ့ နေ့လည် ၁၂ နာရီဝန်းကျင်လောက်မှာ တိုက်ပွဲဖြစ်ပွားနေတဲ့…

    Read More »
  • 10 April

    ဆယ်ဇင်းစစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်စတင်တိုက်ခိုက်

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF မဟာမိတ်ပူးပေါင်းတပ်က ဒီနေ့မနက်ပိုင်းကနေစပြီး စတိုက်ခိုက်နေပြီလို့ KIA နဲ့နီးစပ်တဲ့ဒေသခံတွေဆီကနေ သိရပါတယ်။ ဆယ်ဇင်းကျေးရွာအဝင်မှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းတပ်တို့အထိုင်ချထားတဲ့တပ်စခန်းကုန်းက စစ်သားတွေကိုလက်နက်ချအညံ့ခံဖို့ KIA ပူးပေါင်းတပ်တွေသတိပေးထားပေမယ့် လက်နက်ချအညံ့မခံတာမရှိတဲ့အတွက် ဒီနေ့ ၁၁ နာရီတိတိမှာစပြီး တိုက်ခိုက်နေပြီလို့ ဆယ်ဇင်းကျေးရွာအမှတ်  ၂ ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “ဒီဘက် (KIA၊PDF)ဘက်က လက်နက်တွေချထားပြီးထွက်လာကြဖို့ပြော အဲ့တာမထွက်ဘူးလို့ပြောတာတဲ့ မထွက်လို့အခုတိုက်နေကြပြီ ခုနလေးတင်ပဲ ဗုံးသံတွေကောကြားနေရတယ် ခုထိပစ်နေကြတုန်း”လို့ ဖားကန့်KPDF နဲ့နီးစပ်တဲ့အထက်ဖော်ပြပါအမျိုးသမီးကပြောပါတယ်။ ဆယ်ဇင်းစစ်ကောင်စီတပ်စခန်းကုန်းထဲမှာ လက်ရှိစစ်ကောင်စီနဲ့SNA ပူးပေါင်းတပ်အင်အား ၅၀ ဝန်းကျင်ရှိတယ်လို့သိရပြီး ထိခိုက်သေဆုံးမှုမရှိချင်တာကြောင့် လက်နက်ချဖို့ KIA ပူးပေါင်းတပ်တွေမနေ့ကတည်းကပြောဆိုထားတာဖြစ်တယ်လို့  ဖားကန့်KPDF တာဝန်ရှိသူ တစ်ဦးကပြောပါတယ် ။ လက်ရှိထိုးစစ်ဆင်တိုက်နေတဲ့ဆယ်ဇင်းစစ်တပ်ကုန်းနဲ့ ဆယ်ဇင်းရဲစခန်းကို KIA ပူးပေါင်တပ်တွေ ဧပြီလ ၉ ရက်နေ့ မနက် ၆ နာရီဝန်းကျင်ကနေနေထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲစခန်းက ရဲတပ်သား ၂၁ ဦးဟာ မနေ့ကလက်နက်ချအညံံ့ခံလိုက်တာကြောင့် ရဲစခန်းကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။ “ရဲစခန်းကတော့မနေ့ကတည်းကပဲလက်နက်ချ အညံ့ခံဖို့ပြောတော့ ၂၀ ကျော် KIA ဘက်ကို လက်နက်ချသွားတယ်။ စစ်တပ်စခန်းကကျန်နေတာ ခုမနက်အစောပိုင်းထိကောဘာသံမှမကြားဘူး အခြေနေစောင့်နေတာနေမှာ ခုနမှစတိုက်ကြတာ”လို့ အထက်မှာဖော်ပြခဲ့တဲ့အမျိူးသမီးတစ်ဦးကပြောပါတယ်။ ခုလိုဆယ်ဇင်းကျေးရွာထဲမှာ နှစ်ဖက်တိုက်ပွဲတွေရှိနေတာကြောင့် စစ်တပ်ကုန်းနဲ့ရဲစခန်းနဲ့နီးတဲ့ ချမ်းသာကုန်းရပ်ကွက်၊ အမှတ် ၁ ရပ်ကွက် ၊အမှတ် ၂ ရပ်ကွက်စတဲ့ရပ်ကွက်နေပြည်သူတွေဟာ မနေ့ကအစောပိုင်းကတည်းကနေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်းသိရပါတယ်။ ဆယ်ဇင်းစစ်တပ်ကုန်းနဲ့အလားတူ နန့်ယားစစ်တပ်ကုန်းကိုလည်း မနေ့ကတစ်ရက်တည်းမှာပဲ KIA ၊KPDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး KIAက တပ်ဆုတ်ဖို့သတိပေးထားပေမယ့်တပ်မဆုတ်သေးတာကြောင့် တိုက်ပွဲပြင်းထန်နေဆဲလို့သိရပါတယ်။ KIA၊KPDF ပူးပေါင်းတပ်တွေဟာ ဖားကန့်မြို့နယ်ထဲမှာ ဒီနှစ်အတွင်း စခန်းသိမ်းတိုက်ပွဲတွေကိုခပ်စိပ်စိပ်ဆင်နွဲလာခဲ့ရာ လက်ရှိ တာမခံ၊ဝှေခါ စတဲ့ကျေးရွာတွေကိုထိန်းချုပ်နိုင်တဲ့အပြင်ရှေ့တန်းစခန်းအမြောက်အများကိုလည်း သိမ်းပိုက်ထားပြီဖြစ်ကြောင်းသိရပါတယ်။ လက်ရှိတိုက်ခိုက်ခံနေတဲ့ဆယ်ဇင်းစစ်တပ်ကုန်းကို KIAက ၂၀၂၂ ခုနှစ်သြဂုတ်လ တုန်းကလည်းတစ်ကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်အထိနာခဲ့တာကြောင့် ဆယ်ဇင်းရွာထဲက အိမ်ခြေ ၁၀၀ ဂဏန်းခန့်ကိုစစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးမှုတွေပြုလုပ်ခဲ့ပါတယ်။ By – Zaw Zaw

    Read More »
  • 9 April

    နန့်ယားမှာတိုက်ပွဲပြင်းထန်နေပြီး တပ်ဆုတ်ဖို့ KIA သတိပေး‌

    ဖားကန့်သွားလမ်းမပေါ်  နန့်ယားကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ကြား ဧပြီလ ၉ ရက်နေ့ ဒီနေ့ ညနေပိုင်း ၃ နာရီအထိတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး တပ်ဆုတ်ဖို့ KIA ဘက်က သတိပေးထားတယ်လို့ သိရပါတယ်။ နန့်ယာားစစ်ကောင်စီတပ်စခန်းကို…

    Read More »
  • 8 April

    ဟုမ္မလင်းမှာ စစ်တပ်နဲ့ SNA ပူးပေါင်းတပ်စခန်း PDF တိုက်ခိုက်သိမ်းပိုက် အင်အား ၄၀ ကျော်လက်နက်ချ

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ကျွန်းကုန်းရွာမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ် နဲ့ ရှမ်းနီိအမျိုးသားများတပ်မတော် SNA ပူးပေါင်းတပ်ရဲ့ရှေ့တန်းခံတပ်စခန်းတစ်ခု ဟုမ္မလင်း PDF မဟာမိတ်ပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက််ခဲ့ရာ စစ်တပ်ဘက်က အင်အား ၄၀ ကျော်လက်နက်ချအလင်းဝင်လာတယ်လို့ ကာကွယ်ရေးတပ်တွေကပြောပါတယ်။ ဒီစခန်းဟာ ၂၀၂၂ ခုနှစ်ကစလို့ ကျွန်းကုန်းကျေးရွာမှာအထိုင်ချထားတဲ့စခန်းဖြစ်ပြီး ဧပြီလ ၈ ရက်နေ့ မနက် ၂ နာရီဝန်းကျင်အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ကာ ရှင်းလင်းရေးဝင်နေပြီဖြစ်တယ်လို့ ဟုမ္မလင်း PDF တာဝန်ခံတစ်ဦးက ခုလိုပြောတယ်။ “သိမ်းတာကတော့ဒီကနေ့မနက် ၂ နာရီမှာသိမ်းလိုက်ပြီ မနက် ၂ နာရီကနေစဝင်တာအခုထိတော့ရှင်းလင်းရေးလုပ်နေတုန်းပဲ သူတို့မိုင်းတွေလည်းအများကြီးထောင်ထားတယ်ရှင်းလင်းနေတုန်း လက်နက်ခဲယမ်းတွေလည်းအများကြီးရတယ် အလင်းဝင်ထားတာတွေလည်းရှိတယ်။ အခုလောလောဆယ်အထိကို အလောင် ၇၀ ကျော်ပြီဗျ ကျန်တဲ့ ၇၀ ကျော်က ထွက်ပြေးသွားတယ် အနောက်ဘက်တောလမ်းဘက်ကိုပြေးသွားတယ်”လို့ ဟုမ္မလင်း PDF တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ ကျွန်းကုန်းစခန်းသိမ်းတိုက်ပွဲထဲမှာ စစ်ကောင်စီစစ်သားနဲ့ SNA စစ်သားစုစုပေါင်း ၄၇ ဦးလက်နက်ချအလင်းဝင်ထားပြီး လက်ရှိအချိန်အထိ သေဆုံးရုပ်အလောင်း ၇၀ ကျော်တွေ့ထားပြီလို့လည်းသူကဆက်ပြောပါတယ်။ ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေဟာ ကျွန်းကုန်းကျေးတပ်စခန်းသိမ်းတိုက်ပွဲကို မတ်လ ကုန်ပိုင်းကစပြီး ထိုးစစ်ဆင်ဆင်နွဲလာခဲ့ပေမယ့် တပ်စခန်းတွင်းဘန်ကာတွေအခိုင်အမာတည်ဆောင်ထားသလို မြေအောက်ဥမင်လှိုဏ်ခေါင်းတွေလည်းတူးဖော်ထားတာကြောင့် ၁၀ ရက်ကျော်ကြာတိုက်ခိုက်ပြီးမှသာ စခန်းကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ စခန်းသိမ်းတိုက်ပွဲတွင်း စခန်းဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီစစ်သားတွေနဲ့ SNA စစ်သားတွေကို လမ်းကြောင်းရှင်းပေးဖို့ တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာနှစ်စီးနဲ့ မနက် ၁၀ နာရီ ၁၅ မိနစ်မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်သွားတယ်လို့ ဟုမ္မလင်း PDF ကနေသိရပါတယ်။ “တစ်ချို့ကထွက်ပြေးသွားတဲ့သူတွေရှိတယ် သူတို့က အဲဒါကိုလမ်းရှင်းပေးတဲ့သဘော တံတားဦးကနေတက်လာတဲ့ဂျက်ဖိုက်တာ ၂စီးနဲ့လာပစ်သွားတယ်။ ထိခိုက်မှုတော့မရှိပါဘူး”လို့ ဟုမ္မလင်း PDF တာဝန်ခံကဆက်ပြောပါတယ်။ ကျွန်းကုန်းစခန်းသိမ်းတိုက်ပွဲဆင်နွဲနေတဲ့ ၁၀ ရက် ကျော်အတွင်း စစ်ကောင်စီတပ်က မနောသာနဲ့ကျွန်းကုန်းအနီးဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှုအကြိမ် ၂၀ ကျော်ပြုလုပ်ခဲ့တာကြောင့် အရပ်သားတစ်ဦး PDF တစ်ဦးသေဆုံးခဲ့တဲ့အပြင် နောက်ထပ်အရပ်သား ၄၀ ကျော် ထိခိိုက််ဒဏ်ရာရှိသွားတယ်လို့သိရပါတယ်။ ဟုမ္မလင်းကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ SNA နဲ့စစ်ကောင်စီစစ်သားတွေဟာ ကျွန်းကုန်းကျေးရွာထဲမှာ ၂၀၂၂ ခုနှစ် ဧပြီ လန်းပိုင်းကတည်းက တပ်ထိုင်လာတာဖြစ်ပြီး အင်အား ၂၀၀ ကျော်ရှိတဲ့စခန်းလည်းဖြစ်ပါတယ်။ အလားတူ ကျွန်းကုန်းကျေးရွာနဲ့ရွာချင်းဆက်နေတဲ့ မနောသာကျေးရွာနဲ့ အင်ကြင်းမော်ကျေးရွာထဲက စစ်ကောင်စီနှင့် SNA တပ်တွေပူးပေါင်းတပ်ထိုင်တဲ့ တပ်စခန်း ၂ ကို ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေဖြစ်တဲ့ အထူးလှုပ်ရှားတပ်ရင်း (၄၊ ၈)၊ မော်လိုက်ခရိုင် တပ်ရင်း–၁၊ ခန္တီးခရိုင် တပ်ရင်း–၁၊ ဖောင်းပြင်မြို့နယ် ပကဖ နှင့် ဟုမ္မလင်းမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့ကဧပြီလ ၁ရက်နေ့ မနက်အစောပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 7 April

    ဝူယန်ပြည်သူ့စစ်ဂိတ် ပစ်ခံရ၊ ထိခိုက်သေဆုံးသူများနိုင်တယ်လို့ဆို

    ကချင်ပြည်နယ် ဝိုင်းမော်မြို့ပြင် ဝူယန်ကျေးရွာမှာ ဂိတ်ထိုင်ထားတဲ့ပြည်သူ့စစ်ဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF အဖွဲ့က ဒီညနေ ၆ နာရီဝန်းကျင်မှာ လာရောက်ပစ်ခတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဧပြီလ ၅ ရက်နေ့ ဒီညနေ ၆…

    Read More »
Back to top button