တိုက်ပွဲသတင်း

ဆယ်ဇင်းစစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်စတင်တိုက်ခိုက်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF မဟာမိတ်ပူးပေါင်းတပ်က ဒီနေ့မနက်ပိုင်းကနေစပြီး စတိုက်ခိုက်နေပြီလို့ KIA နဲ့နီးစပ်တဲ့ဒေသခံတွေဆီကနေ သိရပါတယ်။

ဆယ်ဇင်းကျေးရွာအဝင်မှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းတပ်တို့အထိုင်ချထားတဲ့တပ်စခန်းကုန်းက စစ်သားတွေကိုလက်နက်ချအညံ့ခံဖို့ KIA ပူးပေါင်းတပ်တွေသတိပေးထားပေမယ့် လက်နက်ချအညံ့မခံတာမရှိတဲ့အတွက် ဒီနေ့ ၁၁ နာရီတိတိမှာစပြီး တိုက်ခိုက်နေပြီလို့ ဆယ်ဇင်းကျေးရွာအမှတ်   ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။

ဒီဘက် (KIAPDF)ဘက်က လက်နက်တွေချထားပြီးထွက်လာကြဖို့ပြော အဲ့တာမထွက်ဘူးလို့ပြောတာတဲ့ မထွက်လို့အခုတိုက်နေကြပြီ ခုနလေးတင်ပဲ ဗုံးသံတွေကောကြားနေရတယ် ခုထိပစ်နေကြတုန်းလို့ ဖားကန့်KPDF နဲ့နီးစပ်တဲ့အထက်ဖော်ပြပါအမျိုးသမီးကပြောပါတယ်။

ဆယ်ဇင်းစစ်ကောင်စီတပ်စခန်းကုန်းထဲမှာ လက်ရှိစစ်ကောင်စီနဲ့SNA ပူးပေါင်းတပ်အင်အား ၅၀ ဝန်းကျင်ရှိတယ်လို့သိရပြီး ထိခိုက်သေဆုံးမှုမရှိချင်တာကြောင့် လက်နက်ချဖို့ KIA ပူးပေါင်းတပ်တွေမနေ့ကတည်းကပြောဆိုထားတာဖြစ်တယ်လို့  ဖားကန့်KPDF တာဝန်ရှိသူ တစ်ဦးကပြောပါတယ် 

လက်ရှိထိုးစစ်ဆင်တိုက်နေတဲ့ဆယ်ဇင်းစစ်တပ်ကုန်းနဲ့ ဆယ်ဇင်းရဲစခန်းကို KIA ပူးပေါင်တပ်တွေ ဧပြီလ  ရက်နေ့ မနက်  နာရီဝန်းကျင်ကနေနေထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲစခန်းက ရဲတပ်သား ၂၁ ဦးဟာ မနေ့ကလက်နက်ချအညံံ့ခံလိုက်တာကြောင့် ရဲစခန်းကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။

ရဲစခန်းကတော့မနေ့ကတည်းကပဲလက်နက်ချ အညံ့ခံဖို့ပြောတော့ ၂၀ ကျော် KIA ဘက်ကို လက်နက်ချသွားတယ်။ စစ်တပ်စခန်းကကျန်နေတာ ခုမနက်အစောပိုင်းထိကောဘာသံမှမကြားဘူး အခြေနေစောင့်နေတာနေမှာ ခုနမှစတိုက်ကြတာလို့ အထက်မှာဖော်ပြခဲ့တဲ့အမျိူးသမီးတစ်ဦးကပြောပါတယ်။

ခုလိုဆယ်ဇင်းကျေးရွာထဲမှာ နှစ်ဖက်တိုက်ပွဲတွေရှိနေတာကြောင့် စစ်တပ်ကုန်းနဲ့ရဲစခန်းနဲ့နီးတဲ့ ချမ်းသာကုန်းရပ်ကွက်၊ အမှတ်  ရပ်ကွက် ၊အမှတ်  ရပ်ကွက်စတဲ့ရပ်ကွက်နေပြည်သူတွေဟာ မနေ့ကအစောပိုင်းကတည်းကနေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်းသိရပါတယ်။

ဆယ်ဇင်းစစ်တပ်ကုန်းနဲ့အလားတူ နန့်ယားစစ်တပ်ကုန်းကိုလည်း မနေ့ကတစ်ရက်တည်းမှာပဲ KIA KPDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး KIAက တပ်ဆုတ်ဖို့သတိပေးထားပေမယ့်တပ်မဆုတ်သေးတာကြောင့် တိုက်ပွဲပြင်းထန်နေဆဲလို့သိရပါတယ်။

KIAKPDF ပူးပေါင်းတပ်တွေဟာ ဖားကန့်မြို့နယ်ထဲမှာ ဒီနှစ်အတွင်း စခန်းသိမ်းတိုက်ပွဲတွေကိုခပ်စိပ်စိပ်ဆင်နွဲလာခဲ့ရာ လက်ရှိ တာမခံ၊ဝှေခါ စတဲ့ကျေးရွာတွေကိုထိန်းချုပ်နိုင်တဲ့အပြင်ရှေ့တန်းစခန်းအမြောက်အများကိုလည်း သိမ်းပိုက်ထားပြီဖြစ်ကြောင်းသိရပါတယ်။

လက်ရှိတိုက်ခိုက်ခံနေတဲ့ဆယ်ဇင်းစစ်တပ်ကုန်းကို KIAက ၂၀၂၂ ခုနှစ်သြဂုတ်လ တုန်းကလည်းတစ်ကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်အထိနာခဲ့တာကြောင့် ဆယ်ဇင်းရွာထဲက အိမ်ခြေ ၁၀၀ ဂဏန်းခန့်ကိုစစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးမှုတွေပြုလုပ်ခဲ့ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button