တိုက်ပွဲသတင်း

နန့်ယားစခန်းသိမ်းတိုက်ပွဲ အရာရှိတစ်ချို့နဲ့အင်အား ၃၀ ခန့်အလံဖြူထောင်လက်နက်ချ 

ပြည်သူ့စစ်တပ်စခန်းအပါ တပ်စခန်းတစ်ခုလုံး KIA သိမ်းပိုက်

ဖားကန့်မြို့နယ် နန့်ယား(Namya) စခန်းသိမ်းတိုက်ပွဲ  ရက်နေ့မြောက်မှာ စစ်တပ်ဘက်ကအလံဖြူထောင်လက်နက်ချခဲ့ပြီး အရာရှိတစ်ချို့ပါအဝင် အင်အား ၃၀ ခန့်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ  ရက်နေ့ မနက်ပိုင်းစတင်ဝင်ရောက်တိုက်ခိုက်ခဲ့နေတဲ့ နန့်ယားစစ်တပ်စခန်းက စစ်တပ်သားတွေဟာ ဧပြီလ ၁၁ ရက်နေ့ ဒီနေ့မနက်ပိုင်း  နာရီဝန်းကျင်မှာ အလံဖြူထောင်လက်နက်ချခဲ့တာကြောင့်  KIA ကအပြီးသတ်သိမ်းပိုက်ထားပြီလို့ KIA နဲ့ နီးစပ်တဲ့ နန့်ယားဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

ဒီမနက်  နာရီလောက်မှာ စစ်သားအယောက် ၃၀ လောက်က အလံဖြူထောင်ပြီးထွက်လာကြတယ် အားလုံးကို KIA ခေါ်သွားပြီ။ တပ်ထဲကိုပြန်ဖို့လည်း မပြန်ရဲဘူးလို့ပြောတယ်တဲ့။ KIA ကအမြန်ထွက်လာဖို့ တပ်ဆုတ်ပေးဖို့ ပြောနေတဲ့ကြားက သူတို့က အထက်အမိန့်နဲ့ ပစ်ရမယ်လို့ပြောလို့ ပစ်ကြတယ်လို့ကြားတယ်လို့ပြောပါတယ်။

နန့်ယားစစ်ကောင်စီတပ်သားတွေ အလံဖြူထောင်လက်နက်ချအပြီးမှာပဲ KIA က တပ်တွင်းရှိ စစ်လက်နက်၊ ခဲယမ်းတွေကို ကားနဲ့သယ်ယူနေကြပြီလို့ ပြောပါတယ်။

နန့်ယားစစ်ကောင်စီတပ်စခန်း

KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ နန့်ယားတပ်စခန်းမှာ ပြည်သူ့စစ်အပါစစ်အင်အား ၁၀၀ ဝန်းကျင်လောက်ရှိတဲ့တပ်စခန်းဖြစ်ပြီး တပ်စခန်းထဲက ယမ်းဂိုဒေါင်ဖောက်ခွဲခံရချိန်ပြည်သူ့စစ်ဘက်ကသေဆုံးမှုများတယ်လို့ ဆိုပါတယ်။

စစ်အင်အား ၁၀၀ လောက်ရှိတဲ့ထဲကနေအရာခံဗိုလ်၊ တပ်ကြပ်ကြီးအပါ တပ်သား စုစုပေါင်း ၃၀ လောက်က KIA ဆီ လက်နက်ချအညံ့ခံခဲ့တာဖြစ်ပြီး တစ်ချို့က ထွက်ပြေးလွတ်မြောက်သွားသလို တိုက်ပွဲမှာသေဆုံးသွားတာရှိတယ်လို့လည်း သိရပါတယ်။

နန့်ယားစခန်းသိမ်းတိုက်ပွဲမှာ KIA ဘက်က  ယောက်ခန့်ကျဆုံးမှုရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေလည်းပါတယ်လို့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။

KIA တပ်တွေဟာ ဧပြီလ ၁၀ ရက်နေ့ ညနေပိုင်း နန့်ယားတပ်စခန်းထဲအထိဝင်ရောက်နေရာယူနိုင်ခဲ့ပေမယ့် ကုန်းထစ်ပေါ်မှာရှိတဲ့စခန်းထဲမှာရှိသူတွေဟာ လက်နက်မချဘဲကျန်ရှိနေသေးတာကြောင့် မနေ့ညအထိ  ဖက်တပ်အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

နန့်ယားတပ်စခန်းဟာ မြစ်ကြီးနား၊ မိုးကောင်းဘက်ကနေဝင်ပြီး ဖားကန့်ကိုသွားတဲ့လမ်းမပေါ်မှာတည်ရှိပြီး ဖားကန့်ကိုတက်တဲ့ ခရီးသည်၊ ကုန်တင်ကား တစ်ခုချင်းစီစစ်ဆေးတာတွေ၊ ၁၀ စုနှစ်တစ်ခုအကြာ မူးယစ်ဆေးဝါးတွေရောင်ချပေးပြီး ငွေကြေးရှာပေးနေတဲ့ တပ်စခန်းအကြီးတစ်ခုဖြစ်တယ်လို့ နန့်ယားဒေသခံအမျိုးသားက ဆက်ဆိုပါတယ်။

ဒီဖားကန့် လမ်းပေါ်မှာက နန့်ယားနဲ့ နမ်တိန့်က အရမ်းအရေးကြီးတဲ့ စစ်တပ်စခန်းတွေဖြစ်တယ်။ ပြောရရင်ပိုက်ဆံရှာပေးနေတဲ့ နေရာပေါ့။ အဲဒီနန့်ယားတပ်စခန်းကပဲ ‘ယာမ၊ ဖိုးတွေရောင်းချပေးတာဖြစ်တယ်။ အခုအဲဒါတွေလည်းမရှိတော့ဘူး။ နောက်ပြီးရင် အဲဒီတပ်စခန်းမှာပဲ ဒေသခံတွေသွားလာရင်း သတ်ဖြတ်ခံရတာ  ယောက်လောက်ရှိပြီ။ ဒါကြောင့်လဲ KIA ကအမြန်ရှင်းလိုက်တာဖြစ်တယ်လို့ပြောပါတယ်။

ဒေသခံပြည်သူတွေရဲ့ပြောဆိုချက်အရ နန့်ယားတပ်စခန်းဟာ ‘ဘိန်းဖြူ၊ ရာမမူးယစ်ဆေးဝါးတွေကိုထားရှိပြီး ဖားကန့်ဒေသတဝိုက်ကို အဓိက ဖြန့်ဖြူးရောင်းချပေးနေတဲ့နေရာလည်းဖြစ်တယ်လို့ ဆိုပါတယ်။

နန့်ယားတပ်စခန်းကို ပြီးခဲ့တဲ့ ၂၀၁၁ – ၂၀၁၂ ခုနှစ်လောက်မှာ နန့်ယားဒေသခံတစ်ချိုကို ပြည်သူ့စစ်ဖွဲ့စည်းပေးလိုက်ပြီး နန့်ယားပြည်သူ့စစ်အဖြစ်တည်ရှိနေရာကနေ စစ်တပ်စခန်းအဖြစ်တပ်ချနေထိုင်ထားတဲ့ တပ်စခန်းအကြီးလည်းဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ ၂ ရက်အတွင်းမှာ စစ်တပ်ဘက်ကနေ လေကြောင်းနဲ့ နန့်ယားကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအတွင်းက စာသင်ကျောင်းအနီးတဝိုက် နေအိမ် ၁၀ လုံးခန့် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီနှစ် ဖေဖော်ဝါရီလ  ရက်နေ့မှာ ဖားကန့်မြို့ဝင်အနီး နမ်တိန့်တပ်စခန်းကို KIA တွေ သိမ်းပိုက်ထားပြီဖြစ်ပြီး တစ်လကျော်အကြာ နန့်ယားတပ်စခန်းကို ပြန်လည်သိမ်းပိုက်လိုက်တာကြောင့် ဖားကန့်သွားလမ်းပေါ်မှာ စစ်ကောင်စီတပ်စခန်းတွေ ကင်းစင်လာပြီဖြစ်ပါတယ်။

လက်ရှိ မြစ်ကြီးနား– ဖားကန့်လမ်းပေါ်မှာ ကားမိုင်းမြို့ ဗျူဟာစစ်တပ်ကုန်းနဲ့ ဖားကန့်မြို့အဝင်နားမှာရှိတဲ့ ယမ်းချက်တပ်စခန်း  ခုသာကျန်ရှိနေတော့သာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်ဆန်းပိုင်းအတွင်းမှာပဲ KIA ပူးပေါင်းတပ်တွေ ဖားကန့်မြို့နယ်ထဲမှာရှိတဲ့ ဗျူဟာမြှောက်တပ်စခန်းနေရာတွေကို ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နန့်ယား၊ နမ်တိန့်၊ ဝှေခါ၊ တာမခံ၊ ကသိုဏ်းတောင်နဲ့ နမ်မှော်စတဲ့ တပ်စခန်းတွေကို  လအတွင်းမှာ သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

လက်ရှိချိန်မှာတော့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသေးတာကြောင့် မြစ်ကြီးနား– ဖားကန့်သွားလမ်းမကြီးကို KIA ပူးပေါင်းတပ်တွေက ပိတ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button