တိုက်ပွဲ

  • Apr- 2024 -
    7 April

    ဝူယန်ပြည်သူ့စစ်ဂိတ် ပစ်ခံရ၊ ထိခိုက်သေဆုံးသူများနိုင်တယ်လို့ဆို

    ကချင်ပြည်နယ် ဝိုင်းမော်မြို့ပြင် ဝူယန်ကျေးရွာမှာ ဂိတ်ထိုင်ထားတဲ့ပြည်သူ့စစ်ဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF အဖွဲ့က ဒီညနေ ၆ နာရီဝန်းကျင်မှာ လာရောက်ပစ်ခတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဧပြီလ ၅ ရက်နေ့ ဒီညနေ ၆…

    Read More »
  • 7 April

    ဝူယန်မှာ KIA နဲ့ပတ်သက်တယ်လို့ဆိုပြီး နေအိမ် ၃ လုံးပြည်သူ့စစ်အဖွဲ့မီးရှို့

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA အဖွဲ့နဲ့ပတ်သက်တယ်လို့ဆိုပြီး နေအိမ် ၃ လုံးကို ဝူယန်ပြည်သူစစ်အဖွဲ့ မီးရှို့ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧပြီလ ၅ ရက်နေ့ ဝူယန်ပြည်သူ့စစ်ဂိတ်ပစ်ခံရချိန် တစ်ဆက်တည်း ဝူယန်ပြည်သူ့စစ်ခေါင်းဆောင် ဦးငွါးဟူဆာအိမ်…

    Read More »
  • 5 April

    ဟန်ထက်တပ်စခန်းကို KIA သိမ်းပိုက်ထားပေမယ့် စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေ

    နှစ်ရက်အကြာ တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော် – မန္တလေးလမ်းမပေါ်ရှိ လမ်းလေးဆုံနေရာက ဟန်ထက်(Han Htet)စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်တော် KIA တပ်က ဧပြီလ ၅ ရက်နေ့ ဒီနေ့ မနက်ပိုင်းမှာ ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ ဟန်ထက်တပ်စခန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ…

    Read More »
  • 4 April

    မံစီမြို့နယ် ဟန်ထက် (Han Htet) ကျေးရွာမှာ တိုက်ပွဲပြင်းထန်နေဆဲ

    ဗန်းမော်ခရိုင် မံစီမြို့နယ် ဗန်းမော် – မန္တလေးသွားလမ်းမပေါ် လမ်းလေးဆုံမှာရှိတဲ့ ဟန်ထက်(Han Htet)ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကနေ လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ဟန်ထက်စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်တွေက ဧပြီလ ၃ ရက်နေ့…

    Read More »
  • 3 April

    ခဝမ်ဘန်(ကျောက်စခန်း)စစ်တပ်ဂိတ်နဲ့ မိုင်ဆပ်ကောင့် တပ်စခန်း ၂ ခုကို KIA ထပ်မံသိမ်းပိုက်

    မိုးမောက် နဲ့ လွယ်ဂျယ်သွားလမ်းပေါ်က ဆယ်စုနှစ်တစ်ခုအကြာ ခရီးသွားပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်ပြီး ငွေကြေးကောက်ခံနေတဲ့ ကျောက်စခန်း(Hka Wan Bang) စစ်တပ်စခန်းအပါ မိုင်ဆပ်ကောင့်(Mai Sak Kawng) တပ်စခန်း ၂ ခုကို KIA က သိမ်းပိုက်လိုက်ပြီလို့သိရပါတယ်။…

    Read More »
  • 3 April

    မဘိမ်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးတစ်ပါးနဲ့အရပ်သား ၆ ဦးပွဲချင်းပြီးသေဆုံး ၇ ဦးဒဏ်ရာပြင်းထန်

    ကချင်နဲ့ ရှမ်းမြောက်အစပ် မဘိမ်းမြို့နယ် မိုးလုံးရွာကို မတ်လ ၂ ရက်နေ့ မနေ့ညနေပိုင်း ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘုန်းကြီးတစ်ပါးနဲ့ အမျိုးသမီးတစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကောင်စီတပ်ဘက်က တံတားဦးကတက်လာတဲ့…

    Read More »
  • 2 April

    ဟုမ္မလင်းမှာ SNA နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တပ်စွဲထားတဲ့ ကျေးရွာနှစ်ရွာကို PDF တိုက်ခိုက်သိမ်းပိုက်

    စစ်ကိုင်းတိုင်းဒေသကြိီး ဟုမ္မလင်းမြို့နယ်မှာ ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ တပ်စွဲထားတဲ့ကျေးရွာနှစ်ရွာကို ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။ ဟုမ္မလင်းနယ်ထဲက ရှမ်းနီအမျိုးသားများတပ်မတော် SNAနဲ့ ပျူစောထီးတွေပူးပေါင်းတပ်ထိုင်နေတဲ့ မနောသာရွာနှင့်အင်ကြင်းမော်ကျေးရွာတို့ကို ဟုမ္မလင်း PDF မဟာမိတ်ပူးပေါင်းတပ်တွေက ဧပြီလ ၁ ရက်နေ့ မနေ့ကမနက်အစောပိုင်းမှာ တိုက်ခိုက်ပြီး ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ ဟုမ္မလင်း PDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ “တိုက်ပွဲ ဖြစ်နေတာတော့ ၄ ရက်လောက်ရှိပြီဗျ မနေ့ကပဲဟုမ္မလင်းနယ် ကျွန်းကုန်းအုပ်စုထဲက မနောသာရွာနှင့်အင်ကြင်းမော်ရွာကို ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်နေ့ မနက် ၆ နာရီမှာ ကာကွယ်ရေးဘက်က ထိန်းချုပ်လိုက်ပါတယ်”လို့ ပြောပါတယ်။ မနောသာရွာ နဲ့ အင်ကြင်းမော်ရွာထဲမှာ SNA နဲ့ ပျူစောထီးတွေဟာ တစ်ရွာကို အင်အား ၅၀ အထက်နဲ့ ၂၀၂၂ ခုနှစ်ကတည်းကတပ်ထိုင်နေတာဖြစ်ပြီး  ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေက မတ်လ ၂၉ ရက်နေ့ကတည်းကနေထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၃ ရက်အကြာမနေ့ကသိမ်းပိုက်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ မနောသာရွာ နဲ့ အင်ကြင်းမော်ရွာထဲက SNA နဲ့ ပျူစောထီးတပ်တွေဟ PDF ပူးပေါင်းတိုက်ခိုက်မှုကြောင့် ကျွန်းကုန်းရွာဘက်ကိုပူးပေါင်းထွက်ပြေးသွားပေမယ့် လက်ရှိကျွန်းကုန်းရွာကိုလည်း PDF တပ်တွေ ပိတ်စို့တိုက်ခိုက်နေတာကြောင့် အထိနာနေပြီးစစ်ကောင်စီတပ်ကလေကြောင်းပစ်ကူနေတယ်လို့ သိရပါတယ်။ “ကျွန်းကုန်းမှာလည်းရှိတယ် မနောသာရွာနဲ့အင်ကြင်းမော်ထွက်ပြေးသွားတဲ့အဖွဲ့တွေက ကျွန်းကုန်းမှာသွားပေါင်းနေတာ အခုဒီဘက် PDF က ပိတ်စို့ထားတော့သူတို့ပိတ်မိနေတယ် ဒီကနေ့မနက်တော့ MI 2 တစ်စီးနဲ့ ကျွန်းကုန်းအနီးဝန်းကျင်တွေကိုကျဲချသွားတယ် ပြည်သူတွေလည်းထိခိုက်တာရှိတယ်”လို့ အထက်မှာဖော်ပြခဲ့တဲ့တာဝန်ရှိသူကဆက်ပြောပါတယ်။ ကျွန်းကုန်းမှာ SNAနဲ့ ပျူစောထီးတွေပိတ်မိနေတာကြောင့် စစ်ကောင်စီဟာ ဒီကနေ့ မနက် ၁၀ နာရီတိတိအချိန်မှာ ဟုမ္မလင်းလေတပ်ကနေ MI 2 လေယာဥ် အမျိုးအစားနဲ့ ကျွန်းကုန်းအနီးတစ်ဝိုက်ကို လေယာဥ်နဲ့ဗုံးကျဲခဲ့တာကြောင့် ကလေးငယ် ၃ ဦး ပခုံးနဲ့ ခြေထောက်တွေမှာ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ ဟုမ္မလင်း PDF မဟာမိတ်ဟာ လက်ရှိ ကျွန်းကုန်းကိုလည်းဆက်လက်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေဆဲလို့သိရပါတယ်။ လက်ရှိနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေသလို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေရှိနေတာကြောင့် ကျွန်းကုန်းကျေးရွာအပါအဝင်ကျွန်းကုန်းအုပ်စုထဲက မနောသာရွာ၊အင်ကြင်းမော်ရွာနဲ့အနီးဝန်းကျင်က ကျေးရွာနေပြည်သူတွေဟာတောတောင်တွေထဲတိမ်းရှောင်နေရတယ်လို့လည်းသိရပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲမှာ PDF မဟာမိတ်ပူးပေါင်းတပ်တွေက မြို့သိမ်းတိုက်ပွဲနှင့်စခန်းသိမ်းတိုက်ပဲတွေကို ၂၀၂၃ ခုနှစ် ကတည်းက ဆင်နွဲခဲ့တာဖြစ်ပြီး လက်ရှိ ရွှေပြည်အေးမြို့၊လွှစင်ကုန်းရွာတွေကိုထိန်းချုပ်ထားတဲ့အပြင် စစ်ကောင်စီတပ်နဲ့ SNA တပ်စခန်းအများအပြားကိုလည်းသိမ်းပိုက်ရရှိထားပြီလို့သိရပါတယ်။ By – Zaw Zaw

    Read More »
  • 2 April

    တရုတ်ဖိအားပေးနေတဲ့ကြား လွယ်ဂျယ်ရဲစခန်းကို KIA သိမ်းပိုက်

    “ဒီထဲမှာရှိတဲ့ အစိုးရယန္တရားလည်ပတ်နေတဲ့ တာဝန်ရှိတဲ့သူတွေက အားလုံးနီးပါး ဗန်းမော်ဘက်ကို ရောက်သွားကြပြီ။ သိရသလောက်က KIA နဲ့ ညှိနှိုင်းပြီးတော့ ထွက်သွားကြတာတဲ့။ မနေ့က ကျနော်သူငယ်တစ်ယောက်က ဗန်းမော်ဘက်ကိုသွားတာ ဒီက ဝန်းထမ်းတစ်ချို့ကို ဗန်းမော်မှာတွေ့လိုတောင် အံ့ဩနေတာတဲ့”လို့ပြောပါတယ်။

    Read More »
  • 1 April

    လွယ်ဂျယ်ဒေသခံတွေကို ၂ ရက်အတွင်းမှာ တိမ်းရှောင်ကြဖို့ KIA ပြောဆိုထား

    တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့ထဲမှာ တိုက်ပွဲဖြစ်ပွားလာနိုင်တဲ့အတွက် ဒေသခံပြည်သူတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက ၂ ရက်အတွင်း ယာယီရွှေ့ပြောင်းခိုင်းထားတယ်လို့သိရပါတယ်။ KIA ပူးပေါင်းတပ်တွေက မတ်လ ၂၇၊ ၂၈ နှစ်ရက်အတွင်း လွယ်ဂျယ်မြို့ကို ဝိုင်းရံထားတဲ့ ယော်ယုံဘွမ့်(Yaw Yung…

    Read More »
  • 1 April

    ဟိုပင်တိုက်ပွဲမှာ စစ်တပ်ဘက် ဗိုလ်ကြီးတစ်ဦးအပါအဝင်ထိခိုက်သေဆုံးသူများ 

    မိုးညှင်းခရိုင် ဟိုပင်မြို့နယ် နန့်ရင်းကျေးရွာအနီးတစ်ဝှိုက်မှာ စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ကာကွယ်ရေးတပ်တွေအကြား မနေ့ကမနက်ပိုင်း ၁၀ နာရီဝန်းကျင် စစ်တပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး  စစ်တပ်ဘက် ဗိုလ်ကြီးတစ်ဦးအပါအဝင်ထိခိုက်သေဆုံးသူများခဲ့တယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ မတ်လ ၃၁ ရက် နေ့ မနက်ပိုင်း ၉ နာရီလောက်မှာ မိုးညှင်းအခြေစိုက်သံချပ်ကာတပ်ရင်း ၇၀၀၅ နှင့် ၇၀၀၆ တပ်က သံချပ်ကာ ၃ စီးနဲ့ အင်အား ၂၀၀ ဝန်းကျင်အသုံးပြုပြီး ဖားကန့်ဘက်ကို စစ်ကူဖြည့်ဖို့ မိုးညှင်းကနေထွက်လာတဲ့ စစ်ကြောင်းကို KIA၊  KPDFပူးပေါင်းတပ်က ဟိုပင်မြို့အနီး နန့်ရင်းကျေးရွာအရောက်မှာ ကြားဖြတ်တိုက်ရာမှာ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တာပါ။ တိုက်ပွဲမှာ စစ်တပ်ဘက်ကအထိနာလို့ Mi35 ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ကူခဲ့ပေမယ့် စစ်တပ်ကပစ်တဲ့လက်နက်ကြီးဟာ SNA စစ်ကြောင်းနေရာမှာကျရောက်ပေါက်ကွဲခဲ့တာကြောင့် ၅ ဦး မပခ စစ်ဆေးရုံးကို အရေးပေါ် ပို့ဆောင်လိုက်ပြီး နောက်ထပ် ၉ ဦးထက်မနည်း‌ သေဆုံးတယ်လို့ KPDF ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။ “မနေ့ကဖြစ်တာဗျ SNA ဘက်က အထိအခိုက်များတယ်ကြားတယ် သေတာက ၉ ယောက်လို့ပြောတယ် ဗိုလ်ကြီးတစ်ယောက်လည်းထိထားတယ်လို့ကြားတယ် တိုက်ပွဲက ဟိုဘက်ကစစ်ကြောင်းထိုးလို့ဖြစ်တာ “ လို့ဟိုပင်ကာကွယ်ရေးတပ်ဘက်က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ တိုက်ပွဲဖြစ်ပြီး ၁ နာရီခွဲလောက်အကြာ နေ့လည် ၁၂ နာရီဝန်းကျင်မှာတော့စစ်ကောင်စီတပ်ဘက်က Mi35 အမျိုးအစားရဟတ်ယာဥ်နဲ့ ထပ်ပြီးဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတစ်ချို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါ တယ်။ စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်တွေဘက်က သေဆုံးသူ ၉ ယောက်နဲ့ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ SNA အဖွဲ့ဝင် ဗိုလ်ကြီးတစ်ယောက်လည်းသေဆုံးသွားပြီလို့သတင်းတွေထွက်နေပေမဲ့ KNG ကသီးခြားအတည်ပြုနိုင်ခြင်း တော့မရှိသေးပါဘူး။ ဟိုပင်တိုက်ပွဲဖြစ်တဲ့အခြေနေနဲ့ပတ်သက်လို့ ဟိုပင်ဒေသခံတစ်ယောက်ကတော့ အခုလိုဆက်ပြောပါတယ်။ “ဖားကန့်ကိုတက်မယ့်စစ်ကြောင်း အင်အား ၂၀၀ လောက်ကို တိုက်တာလို့ပြောတယ် ၁၀ ယောက်လောက် ဆေးရုံရောက်သွားတယ် သေသလားတော့မသိဘူး ရှမ်းနီတပ်တွေလည်းပါမယ် အခုကတော့ အားလုံး နိုးကြား ပြီးနေကြတာပေါ့”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေဟာ မိုးညှင်းမြို့နယ်မှာ ပြီးခဲ့တဲ့လကတည်းက စစ်ရေးတင်းမာနေကြတာဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ရှမ်းနီအမျိုးသားတပ်မတော် SNA ဘက်က ဟိုပင် မြို့နယ်ထဲကမြို့ဦးစေတီမှာတပ်စွဲထားကြတယ်လို့သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ဒုတိယအပတ်အတွင်း ဟိုပင်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဘက်က SNA တပ် အနေနဲ့ စစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီးတော့ အရပ်သားတွေဆီက အတင်းအဓမ္မငွေကြေးကောက်ခံတာ လူသစ်စုဆောင်းတာတွေကို ရပ်ဖို့အတွက် သတိပေးချက်ထုတ်ပြန်ခဲ့ပါသေးတယ်။ By – အမိုး

    Read More »
Back to top button