စစ်ကောင်စီ၏ မြင်း ၉ကောင် သယ်ဆောင်လာသော ၁၂ ဘီးကားကို KIA မီးရှို့ ဖျက်ဆီး
,
မိုးမောက်မြို့နယ် ပုံမှန်တိုက်ပွဲပြင်းထန်နေဆဲ မြို့သစ် ကုန်းလော ကျေးရွာအနီးရှိ အာဏာသိမ်းစစ်တပ် စခန်း ၃ နေရာတို့တွင် ယမန်နေ့ညက တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (more…)
ဖားကန့်မြို့နယ် တနိုင်းသွားလမ်း လီဒိုလမ်းပေါ် ဘန်ကောက်ကျေးရွာရှိ စစ်တပ်ကျော်ထောက်နောက်ခံ ယုဇနကုမ္ပဏီဝင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒုတိယအကြိမ် ဝင်ရောက်ဖျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ (more…)
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဆီဘောက်ဆာ ကား ၂စီး ယမန်နေ့က ပစ်ခတ် ဖျက်ဆီးခံလိုက်ရသည်ဟု သိရသည်။ (more…)
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် အာဏာသိမ်းစစ်တပ်က သင်္ဘော၊ လေယာဉ် စသည့်လမ်းကြောင်းများဖြင့် စစ်အင်အားအများအပြား တိုးချဲ့ပို့ဆောင်နေသောကြောင့် တိုက်ပွဲ တဖန် ပြင်းထန်လာနိုင်ကြောင်း KIO ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။ (more…)
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ နမ့်ပါးချီရွာအနီးတွင် စစ်ကောင်စီတပ်၏ စက်သုံးဆီသယ်ဆောင်လာသော ဘောက်ဆာယာဉ်များကို ပစ်ခတ်ခဲ့ကြောင်း KIO ပြန်ကြားရေးတာဝန် ဗိုလ်ကြီးနော်ဘူ က KNG ကို ပြောသည်။ (more…)
အာဏာသိမ်းစစ်တပ်၏ စစ်အင်အား ၅၀ ခန့် သယ်ဆောင်လာသော သင်္ဘောတစ်စီးကို မေလ ၁၆ရက် ယနေ့နံနက် ၆နာရီဝန်းကျင်ခန့် ရွှေကူမြို့ ဒုတိယမြစ်ကျဉ်းတွင် ထပ်မံပစ်ခတ်ခံရကြောင်း အမည်မဖော်လိုတစ်ဦးထံမှ သိရသည်။ "ရွှေကူကနေ ထွက်သွားတာတော့ နှစ်စီးဟုတ်တယ်။ တစ်စီးက RPG နဲ့ပစ်ခံရတယ်လို့ ကြားတယ်။"ဆိုပြီး အမည်မဖော်လို တစ်ဦးကပြောသည်။ ယနေ့နံနက် ရွှေကူ ပေါက်တန်းနှင့် ပင်လုံ အမည်ရှိ သင်္ဘောနှစ်စီး ထွက်ခွာခဲ့ပြီး စစ်သား ၅၀ဦး လက်နက် ခဲယမ်းပါဝင်သည့်
ဗန်းမော်ခရိုင် မံစီမြို့နယ် မဒန်ယန်ကျေးရွာအနီး ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၃ တပ်ရင်း ၂၇ နယ်မြေတပ်စခန်းတစ်ခုကို အာဏာသိမ်းစစ်တပ်က ယမန်နေ့ညက လေယာဉ် ၅စီးဖြင့် လာရောက်ပစ်ခတ်သွားသည်ဟု မံစီဒေသခံများ ပြောဆိုချက်မှ သိရသည်။ (more…)
မံစီမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၃ နယ်မြေတွင် KIA နှင့် အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ ၃ ရက်ခန့်ရှိပြီဟု သိရသည်။ မေလ ၁၁ ရက်နေ့မှစ၍ မံစီမြို့နယ် KIA တပ်ရင်း ၁၅ နယ်မြေ ကဒေါ့ နှင့် မန်ဒါတောင် စသောနေရာ အနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်လျက်ရှိပြီး မေလ ၁၃ရက်နေ့ ည ၇နာရီခွဲအထိ အာဏာသိမ်းစစ်တပ်ဘက်က လေယာဉ်ဖြင့် ၂ကြိမ်တိတိ
အာဏာသိမ်းစစ်တပ်၏ တင့်ကာအပြင် စစ်အင်အားအများအပြားဖြင့် လုံခြုံရေးပေးကာ တင်ဆောင်လာသော ဆီသယ်ယာဉ်တန်း မြစ်ကြီးနားမြို့အဝင်တွင် ဗုံးဖေါက်ခွဲမှုခံရသော်လည်း ထိခိုက်ခြင်းမျိုး မရှိနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ (more…)
မိုးမောက်မြို့နယ် မြို့သစ်ကုန်းလော အနောက်ဘက် နောင်ကွမ် နှင့် မခွယ် ကျေးရွာဘက် အာဏာသိမ်းစစ်တပ်၏ ခမရ (၄၃၈) တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သွားရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။ (more…)