တိုက်ပွဲ
-
Mar- 2024 -23 March
နောင်ကွန်(Nawng kawn)အမြှောက်တပ်ကြီးကို KIA သိမ်းပိုက်
ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် မားခွယ်(Mahkoi)ကျေးရွာအုပ်စု နောင်ကွန်(Nawng Kawn) ကျေးရွာမှာအထိုင်ချထားတဲ့ စစ်တပ်ရဲ့အမြှောက်တပ်ရင်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က ထပ်မံသိမ်းပိုက်လိုက်ပြီး ကျန်ရှိနေသေးတဲ့တပ်စခန်းတွေမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ မတ်လ ၂၁ ရက်နေ့ နွမ်လန့်တပ်စခန်းသိမ်းပိုက်ပြီးနောက် နောင်ကွန်အမြှောက်တပ် ခမရ ၃၇၀ တပ်ရင်းကို မတ်လ ၂၃ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၇ နာရီလောက်မှာ အပြီးသတ်ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ နွမ်လန့်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “နောင်ကွန်က ဒီမနက် ၇ နာရီခွဲလောက်မှာ အပြီးအစီးသိမ်းနိုင်ခဲ့တယ်။ ကုန်းလောတပ်ရင်းကို က ဒီမနက် ၉ နာရီလောက်ကနေ ၁၂ နာရီလောက်အထိ လက်နက်ကြီးတွေနဲ့ ပစ်နေကြတုန်း။ ကုန်းလောက အခုချိန်ထိတော့အသိမ်းနိုင်သေးဘူး။ နွမ်လန့်ပြီးတာနဲ့ နောင်ကွန်တပ်ရင်းကို ပြန်တိုက်ယူလိုက်တဲ့ သဘောပါ”လို့ ပြောပါတယ်။ ဒါ့အပြင် နောင်ကွန်အမြှောက်တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် တစ်ဆက်ထဲမှာပဲ ခမရ ၃၈၇ ကုန်းလောတပ်ရင်းကို ပြန်လည်တိုက်ခိုက်နေပြီး ညနေပိုင်း ၂ နာရီဝန်းကျင်အထိ သိမ်းဆည်းနိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။ နောင်ကွန်အမြှောက်တပ်ရင်းဟာ မိုးမောက်မြို့နယ်ထဲမှာ စစ်တပ်ရဲ့အကြီးဆုံး အမြှောက်တပ်တစ်ခုဖြစ်ပြီး ဒေါ့ဖုန်းယန်အောက်ဖက်ခြမ်း မိုးမောက်မြို့နယ်ထဲမှာရှိတဲ့ နွမ်လန့်၊ မြို့သစ်၊ ကုန်းလော၊ စလောင်းကုန်း၊ စီဟတ် စတဲ့ တပ်စခန်းနေရာတွေကို အဓိကလုံးခြုံရေးယူပေးနေတဲ့ အမြှောက်တပ်ရင်းလည်းဖြစ်ပါတယ်။ ဒီတပ်စခန်းတွေထဲက နွမ်လန့် တပ်စခန်း ၂ ခုနဲ့ နောင်ကွန်မြှောက်တပ်ကို KIA တပ်တွေက မတ်လ ၂၁ ရက်နေ့တစ်ရက်အတွင်း သိမ်းပိုက်ထားနိုင်တဲ့အပြင် တစ်ဆက်ထဲမှာပဲကျန်ရှိနေသေးတဲ့ ကုန်းလော၊ မြို့သစ်၊ စလောင်းကုန်း တပ်စခန်းနေရာတွေကို KIA က ဆက်လက်တိုက်ပွဲဖော်ဆောင်နေပါတယ်။ လက်ရှိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ ကုန်းလောဖက်မှာ စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ ဒီကနေ့ မနက်ပိုင်းမှာတင် ၃ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ မတ်လ ၇ ရက်နေ့ကစပြီး KIO လိုင်ဇာဗဟိုဌာနချုပ်အနီး ဒေါ့ဖုန်းယန်အပါ စစ်ကောင်စီတပ်စခန်း နေရာတွေကို တစ်ခုပြီးတစ်ခု KIA က စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ခဲ့တာဖြစ်ပြီး ၁၀ ရက်ကျော်အတွင်းမှာ စခန်းအကြီးအငယ် တပ်စခန်း အကြီးအငယ် ၃၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
22 March
ဒုံးတပ်အပါ ထောက်ပို့တပ်စခန်းအကြီးဖြစ်တဲ့ နွမ်လန့် တပ်စခန်း ၂ ခုကို KIA က တစ်ရက်ထဲ သိမ်းပိုက်
မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်မှာရှိတဲ့ ဒုံးတပ်အပါ စစ်တပ်ရဲ့ ထောက်ပို့တပ်စခန်းတစ်ခုဖြစ်တဲ့ နွမ်လန့်တပ်စခန်းကြီးကို KIA ပူးပေါင်းတပ်တွေက မတ်လ ၂၁ ရက်နေ့ တစ်ရက်တည်းမှာပဲတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၂၁ ရက်နေ့ KIA တပ်တွေက ဒေါ့ဖုန်းယန်အနီး ကျန်ရှိနေတဲ့ တပ်စခန်း ၅ ခုထဲကနေ နွမ်လန့်(Numlang) တပ်စခန်း ၂ ခုနဲ့ နောင်ကွန်(Nawng Kawn) အမြှောက် ၃ နေရာကို…
Read More » -
21 March
နာဖော့ ပါဂျောင်ဘွမ့် (Nahpaw Pajau Bum) က စစ်တပ်စခန်း ၆ ခုကို KIA အပြီးသတ်သိမ်းပိုက်
KIO လိုင်ဇာဗဟိုဌာနချုပ် နဲ့ ပါဂျော်ဘွမ့် (Pajau Bum) ကြားမှာရှိတဲ့ နာဖော့ ပါဂျော်ဘွမ့် (Nahpaw Pajau Bum) အနီတဝိုက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၆ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့က အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။ အဲဒီတပ်စခန်းတွေကို မတ်လ ၁၇ ရက်နေ့စကပြီး KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မတ်လ ၂၁ ရက်၊ ဒီကနေ့မှာ တပ်စခန်းအားလုံးကို သိမ်းပိုက်ရရှိထားပြီလို့ လိုင်ဇာဒေသ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။ “နာဖော့ပါဂျော်တဝိုက်မှာ တပ်စခန်း ၅ ခုလောက်ကိုတော့ KIA စခန်းတစ်ခုချင်းစီးကို ထိုးစစ်ဆင်ပြီး တိုက်ခိုက်ခဲ့တယ်။ နာဖော့ပါဂျောင် ဗျူဟာကုန်းနဲ့ အူဂရှန် (U Gashan) စခန်း ၂ ခုပဲကျန်ရှိနေတာ ဖြစ်တယ်။ အဲဒီစခန်း ၂ ခုကိုလည်း ဒီကနေ့မှာ အပြီးသိမ်းလိုက်ပါပြီ”လို့ ပြောပါတယ်။ နာဖော့ ပါဂျောင် ဘွမ့်တဝိုက်မှာ လီဆူပါဂျော်၊ ရင်ဆိုင်ကုန်း၊ ပွိုင့် ၆၆၇၊ အူဂရှန် နဲ့ အူလော့ကုန်း နဲ့ နာဖော့ဗျူဟာကုန်းရှိပြီး အဲ့ဒီတပ်စခန်းတွေထဲမှာ နာဖော့ဗျူဟာကုန်း နဲ့ အူဂရှန် တပ်စခန်းကို KIA တပ်က အပြီးသတ်…
Read More » -
21 March
ဒုံးတပ်နဲ့ အမြှောက်တပ်ရှိတဲ့ နွမ့်လန့်နဲ့ နောင်ကွန်တပ်စခန်းကြီး ၃ ခုကို KIA တိုက်ခိုက်နေ
မြစ်ကြီးနား – ဗန်းမော်ကားလမ်းမပေါ် ဒေါ့ဖုန်းယန်မြို့အနီး စစ်ကောင်စီတပ်ရဲ့ ဒုံးတပ်အပါ အမြှောက်တပ်တည်ရှိတဲ့ တပ်စခန်း ၃ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက မတ်လ ၂၁ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်ကနေ တပြိုင်နက်ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ နွမ်လန့်ဒေသခံတွေဆီကနေ သိရပါတယ်။ KIA ဘက်က ဒီမနက်တိုက်ခိုက်နေတဲ့ စခန်းတွေဟာ ဒေါ့ဖုန်းယန်မြို့မရောက်မှီ ၁၀ မိုင်လောက်အကွာ နွမ့်လန့်ကျေးရွာမှာရှိတဲ့ ခလရ ၄၃၈ တပ်ရင်း၊ ခလရ ၆၁၆ ဒုံးတပ် နဲ့ နောင်ကွန်မြှောက်တပ်စတဲ့ တပ်စခန်းကြီး ၃ နေရာဖြစ််််််််တယ်လို့ နွမ်လန့်ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုခုလိုပြောပါတယ်။ “နွမ်လန့်မှာ အခု ၁၁ နာရီအထိ တိုက်ပွဲပြင်းထန်နေတုန်းပဲ။ ၂ ဖက်တပ်လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်နေကြတယ်။ နောင်ကွန်မှာက ခဏလေးမှာတင် လေယဉ်နဲ့ လာပစ်တာ ၂ ခါရှိသွားပြီ။ လေယာဉ်က ကင်းထောက်နဲ့ပစ်တာ။ ကုန်းလောစစ်တပ်ကလည်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတာ”လို့ပြောပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ နွမ်လန့်နဲ့ နောင်ကွန် ကျေးရွာမှာ စစ်ကောင်စီဘက်ကနေ တပ်စခန်းလက်မလွတ်ရအောင် ဒီကနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်မှာ တိုက်ခိုက်ခံနေရတဲ့စခန်းတွေကို လေကြောင်းနဲ့ တစ်လှည့်စီ ပြင်းပြင်းထန်ထန် လာရောက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ လက်ရှိ ညနေပိုင်း ၁ နာရီဝန်းကျင်အထိ တပ်စခန်း ၃ နေရာကို KIA က သိမ်းဆည်းနိုင်ခြင်းမရှိသေးသလို ၂ ဖက်တပ်အပြန်အလှန် တိုက်ပွဲပြင်းထန်နေတဲ့ အခြေအနေဖြစ်နေပြီး တိုက်ပွဲအခြေအနေကို အသေးစိတ်သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ နောင်ကွန်မြှောက်တပ်နေရာဟာ နွမ့်လန့်ကျေးရွာရဲ့ အနောက်ဘက်ခြမ်း ၅ မိုင်လောက်အကွာမှာရှိတဲ့ မြှောက်တပ်တစ်ခုဖြစ်ပြီး အဲဒီအမြှောက်တပ်နေရာကနေ ဒေါ့ဖုန်ယန်နဲ့ နွမ်လန့်အနီးတဝိုက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနေရာတွေကို လုံခြုံရေးယူပေးနေတဲ့ တပ်စခန်းတစ်ခုဖြစ်ပါတယ်။ နွမ်လန့်တပ်စခန်းကတော့ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်မှာရှိပြီး တပ်စခန်း ဧရိယာ ၁၃၀၀ ကျော်လောက်ကျယ်ဝန်းတဲ့ နေရာမှာ တပ်ရင်းနဲ့ အမြှောက်တပ်တစ်ဆက်တည်း နေရာယူထားတဲ့ တပ်စခန်းကြီးဖြစ်တာကြောင့် စစ်တပ်ရဲ့ အလွန်အရေးပါတဲ့ တပ်စခန်းတစ်ခုလည်းဖြစ်ပါတယ်။ အဲဒီတပ်စခန်းတွေဟာ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့မှာ KIA က သိမ်းပိုက်ထားတဲ့ ဒါဆိုင်းစစ်ကောင်စီတပ်စခန်းရဲ့ အထက်မှာရှိတဲ့ စခန်းနေရာတွေဖြစ်ပြီး ဒေါ့ဖုန်းယန်နဲ့ ဒါဆိုင်းကြားမှာ အနှစ် ၂၀ ဝန်းကျင်လောက် သက်တမ်း ကြာမြင့် တပ်စခန်း ၅ ခုအထက်ကျန်ရှိနေသေးတာဖြစ်ပါတယ်။ KIA တပ်တွေက ဒေါ့ဖုန်းယန်နဲ့ ဒါဆိုင်းကျေးရွာကို သိမ်းပိုက်ထားတဲ့နောက်ပိုင်း အဲဒီတစ်ကြောမှာ ကျန်ရှိနေသေးတဲ့ နွမ်လန့်၊ ကုန်းလော၊ မြို့သစ်၊ စီဟတ်နဲ့ နောင်ကွန် စတဲ့ တပ်စခန်းနေရာတွေကို ပြန်လည်သိမ်းပိုက်ဖို့ တစ်ဆက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ မြစ်ကြီးနား – ဗန်းမော်ကားလမ်းမပေါ်မှာ မတ်လ ၇ ရက်ကနေစတင်ခဲ့တဲ့တိုက်ပွဲမှာ ဒေါ့ဖုန်းယန်အပါအဝင် KIA လိုင်ဇာအနီးတဝိုက်ရှိမှာတဲ့ နှစ်ရှည်တပ်စွဲထားတဲ့ အရေးကြီးတဲ့ တပ်စခန်းကြီး ၁၀ ခုကျော်နဲ့ ရှေ့တန်းတပ်စခန်းအငယ် စုစုပေါင်း ၃၀ ကျော်ကို သိမ်းပိုက်ထားပြီဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “မြစ်ကြီးနား – ဗန်းမော်လမ်းပေါ်မှာ ဖြစ်တဲ့တိုက်ပွဲတွေမှာ စစ်တပ်ရဲ့ စခန်းအားလုံး ၃၀ ကျော်လောက် သိမ်းပိုက်ထားနိုင်ပြီ။ အဲထဲမှာ စစ်တပ်ရဲ့ အရေးကြီးတဲ့ တပ်စခန်းအကြီး ၁၀ ခုကျော်ပါတယ်။ အဲဒီတပ်စခန်းအကြီးတွေကို လုံခြုံရေးယူပေးနေတဲ့ တပ်စခန်းတွေနဲ့ပေါင်းရင် ၃၀ ကျော်လောက်ရှိပြီ။ အခုလည်း ဆက်သိမ်းနေတာဖြစ်တဲ့အတွက် တိုက်ပွဲကရှိနေဆဲဖြစ်တယ်လို့”မတ်လ ၂၁ ရက်နေ့ မနက်ပိုင်းမှာ ပြောဆိုခဲ့ပါတယ်။ မတ်လ ၇ ရက်နေ့စကပြီး ကချင်ပြည်နယ် တစ်ခုလုံးအတိုင်းအတာနဲ့ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ် KIO လိုင်ဇာ အနီးတဝိုက်နဲ့ ဖားကန့်၊ ဆွမ်ပရာဘွမ့်နဲ့ ဝိုင်းမော်ဒေသတွေမှာ နေ့တိုင်းလိုလို KIA က စခန်းသိမ်းတိုက်ပွဲဆင်းနွှဲနေတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေတာ ရက်ပေါင်း ၂၀ လောက်ကြာမြင့်လာပြီဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
20 March
ရွှေကူမြို့မရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲနေတဲ့ နေရာ ၃ ခု တစ်ချိန်တည်းတိုက်ခိုက်ခံရ
ကချင်ပြည်နယ် ရွှေကူမြို့ပေါ်မှာရှိတဲ့ မြို့မရဲခစခန်းအပါအဝင် စစ်ကောင်စီတပ်သားတွေ တပ်စွဲနေရာယူထားတဲ့ နေရာ ၃ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF၊ ဒေသကာကွယ်ရေးတပ် LPDF ပူးပေါင်းတပ်တွေက တစ်ချိန်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရွှေကူဒေသကာကွယ်ရေးတပ် LPDFအဖွဲ့ဆီကနေ သိရပါတယ်။ ရွှေကူမြိုအထိုင်တပ်ဖြစ်တဲ့ ခလရ ၅၆ တပ်ရင်း၊ မြို့မရဲစခန်းအပါအဝင် အောက်လေးလမ်းဆုံမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို KIA၊KPDF ပူးပေါင်းတပ်တွေက မတ်လ ၁၉ ရက်နေ့ မနေ့ည ၆ နာရီဝန်းကျင်မှာ ဒရုန်း၊ လက်နက်ကြီးတွေအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ ရွှေကူနယ် KPDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ “ပထမက အောက်လေးလမ်းဆုံမှာရောက်နေတဲ့စစ်သားတွေက အထက်လေးလမ်းဆုံနဲ့ မံခါးရွာဘက်ကို လက်နက်ကြီးတွေအရင်ပစ်ခဲ့တာ အဲ့တာနဲ့ဒီဘက်ကနေပြီး ညက ဒရုန်းနဲ့ကော ၊ လက်နက်ကြီး၊ ပဒိန်တွေနဲ့ကောသွားပစ်ခဲ့တာ”လို့ ပြောပါတယ်။ KIA ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့တဲ့ အောက်လေးလမ်းဆုံမှာ စစ်ကား ၂စီးနဲ့စစ်အင်အားလာပို့ထားတဲ့ စစ်ကောင်စီတပ်တွေအပါအဝင် ကင်းပုန်းဝပ်နေတဲ့စစ်သားတွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးတာတွေရှိသလို ရဲစခန်းနဲ့ ၅၆ တပ်ရင်း တိုက်ခိုက်ခဲ့ရာမှာလည်း ထိခိုက်မှုတွေရှိသွားတယ်လို့ သူကဆက်ပြောပါတယ်။ “အောက်လေးလမ်းဆုံမှာ ကား ၂စီးနဲ့ အင်အားလာချသွားတာ သူတို့စုနေတဲ့ အလည်တည့်တည့်ကိုပစ်ချလိုက်တာ မသေရင်တောင် ဆယ်ယောက်ကတော့ကောင်းကောင်းထိသွားမှာ”လို့ စစ်ဆင်ရေးမှာပါဝင်ခဲ့တဲ့ LPDF တစ်ဦးကလည်း ပြောပါတယ်။ စစ်ကောင်စီစစ်သားတွေဟာ မတ်လ ၁၉ ရက်နေ့ မနေ့က နေ့လည် ၁၂ အချိန်မှာ အထက်လေးလမ်းဆုံဘက်က်ို ၁၂၀ မမ တွေနဲ့ရမ်းသမ်းပစ်ခဲ့တာကြောင့် အထက်လေးလမ်းဆုံအနီးပတ်ဝန်းကျင်တစ်ချို့တွေမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာရှိသလို မံခါး ကျေးရွာထဲမှာလည်း ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပေမယ့် အရပ်သားထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။ လက်ရှိ အောက်လေးလမ်းဆုံမှာစစ်ကောင်စီစစ်သား ၅၀ ကျော်ရှိနေပြီး ကင်းင်းပုန်းဝပ်တာတွေပုံမှန်ရှိနေတဲ့အပြင် ဖြတ်သန်းသွားလာတဲ့ အရပ်သားတွေကိုလည်း တားမြစ်စစ်ဆေးတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။ ရွှေကူမြို့နယ်နဲ့နယ်နိမတ်ချင်းထိစပ်နေတဲ့ မံစီမြို့နယ်ထဲကစစ်ကောင်စီတပ်ရဲ့ စီးခမ်းကြီးစခန်း၊ကသာနယ်ထဲက မြို့လှစခန်းနဲ့ ရှမ်းပြည်နယ်ထဲက မဘိန်း တပ်စခန်းတွေကို KIAနဲ့မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် မြို့လှနယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ မံစီစခန်းတွေထဲက စစ်သားတွေဟာ ရွှေကူမြို့တွင်းတပ်ကိုအင်အားတွေဖြည့်ထားတယ်လို့ သိရပါတယ်။ စစ်တပ်ဘက်က ရွှေကူမြို့ထဲကို စစ်အင်အားဖြည့်တင်းထားပေမယ့် ကျေးရွာဘက် စစ်ရေးလှုပ်ရှားတာမျိုးမရှိဘဲ မြို့အဝင်အထွက် ဂိတ်နေရာတစ်ချို့မှာ ဂိတ်ထိုင်ထားတာ မြို့ကို ခုခံကာကွယ်ဖို့ပြင်ဆင်တာတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။ ရွှေကူမြို့နယ်ဟာ ဗန်းမော်ခရိုင်မှာရှိတဲ့မြို့နယ်ဖြစ်ပြီး ဧရာမြစ်ကမ်းနံဘေးရှိတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရွှေကူမြို့ ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ခြမ်း ရွာပေါင်း ၁၂ ရွာထက်မနည်းကိုလည်း စစ်တပ်ကမီးရှို့ဖျက်ဆီးတာတွေအပြင် စစ်တပ်နဲ့ KIA,KPDF တို့အကြား မကြာခနဆိုသလို ထိတွေ့တိုက်ပွဲဖြစ်ပွားတဲ့မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။ လက်ရှိ ဗန်းမော်ခရိုင်မှာရှိတဲ့ မြို့နယ် ၄ ခုဖြစ်တဲ့ ဗန်းမော်မြို့နယ်၊မံစီမြို့နယ်၊မိုးမောက်မြို့နယ်၊ရွှေကူမြို့နယ်တွေထဲက ကျန်တဲ့မြို့နယ်တွေမှာရှိတဲ့ စစ်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေက စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ချိန်လည်းဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
19 March
မော်လူးမြို့မှာ ဒေသခံတွေရဲ့သစ်ကားဖမ်းတဲ့ကိစ္စဖြေရှင်းနေဆဲလို့ဆို အုပ်ချုပ်ရေးအဖွဲ့ဆို
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့မှာ သစ်ကားတွေကိစ္စ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ မော်လူးမြို့အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို အရပ်သားတွေ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့အထိ ဖြစ်ခဲ့တဲ့ သစ်ကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းနေဆဲ ဖြစ်တယ်လို့သိရပါတယ်။ ပြည်သူ့အုပ်ချုပ်ရေးစနစ်နဲ့အုပ်ချုပ်နေတဲ့ မော်လူးမြို့မှာ မော်လူးတိုက်နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(ပကဖ)တာဝန်ခံလည်းဖြစ်…
Read More » -
19 March
နမ့်ကောန့်တပ်စခန်းကို KIA သိမ်းပိုက်ထားပေမယ့် တပ်စခန်းတွေကျန်ရှိနေသေးတာကြောင့် စစ်ရေးတင်းမာမှုရှိနေသေး
တနိုင်းမြို့နယ် မိုင်းခွန်အုပ်စု နမ်ကောန့်(Namkawn) စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်တော် KIA က တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပေမယ့် တပ်စခန်း ၃ နေရာထက်ကျန်ရှိနေသေးတာကြောင့် စစ်ရေးတင်းမာတာတွေရှိနေသေးတယ်လို့သိရပါတယ်။ နမ်ကောန့်တပ်စခန်းကို KIA ပူးပေါင်းတပ်တွေက မတ်လ ၁၈ ရက်နေ့ မနေ့က မနက်ပိုင်း ၇ နာရီလောက်မှာ စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပေမယ့် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်တာတွေကြောင့် ညနေပိုင်းမှသာ အပြီးသတ်သိမ်းနိုင်ခဲ့တယ်လို့ မှော်ဒေသမှာရှိတဲ့ ပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။ “အမှန်တော့ စစ်တပ်စခန်းကို မနက်ပိုင်း ၁၁ နာရီလောက်ကနေ အကုန်သိမ်းပြီးပြီ။ ဒါပေမယ့် စစ်တပ်အဆက်မပြတ် လေယာဉ်နဲ့ ဗုံးကြဲတော့ ခဏပြန်ဆုတ်ထားတာ။ ပြန်တိုက်လိုက်နဲ့ ပြန်နားလိုက်နဲ့ ညပိုင်းမှာပဲ သိမ်းလိုက်နိုင်တယ်။ စစ်တပ်ဘက်က သေဆုံးတာများတယ်လို့ပြောတယ်”လို့ပြောပါတယ်။ မနေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြီး ဖမ်းဆီးရမိတဲ့သူတွေလည်းရှိတယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပေမယ့် KNG သတင်းဌာနက အချက်အတိအကျကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်တပ်ဘက်ကနေ ဂျက်လေယာဉ်နဲ့ ၃ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နမ်ကောန့်ကျေးရွာထဲက စျေးတန်းနေရာမှာ လက်နက်ကြီး ၂ လုံးအထက် ကျကွဲခဲ့ပြီး လူနေအိမ်တစ်ချို့နဲ့ ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ မနေ့က KIA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နမ့်ကောန့်အပါ တစ်ဆက်တည်းရှိတဲ့ အင်ဂါးဂါး(N-Ga Ga) စစ်ကောင်စီတပ်ဖွဲ့တွေကို ပြီးခဲ့တစ်လေလောက်ကနေ လက်နက်ချတပ်ဆုတ်ပေးဖို့ KIA တပ်မဟာ (၂) ၊ တပ်ရင်း ၁၄ အဖွဲ့တွေကစာပို့ထားတယ်လို့လည်းသိရပါတယ်။ စာပို့ထားတဲ့ တစ်လအတွင်း စစ်တပ်ဘက်နေ ဆုတ်ခွာသွားတာမရှိတာကြောင့် KIA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နောက်ထပ်ကျန်ရှိနေတဲ့ တပ်စခန်းနေရာမှာ တိုက်ပွဲထပ်မံဖြစ်လာနိုင်တယ်လို့ မှော်ဒေသမှာရှိတဲ့ ပြည်သူတစ်ဦးက အခုလိုဆက်ပြောပါတယ်။ “စစ်တပ်စခန်းက ၂ နေရာ ၊ ၃ နေရာလောက်တောင်ကျန်သေးတယ်။ ပြီးရင် အင်ဂါးဂါးကိုကျတော့ ဆုတ်ပေးဖို့ စာပေးထားတာတစ်လလောက်တောင်ကြာနေပြီ။ အခုက ပြန်ငြိမ်သွားပြီဆိုပေမယ့် စစ်ရေးတင်းမာတာတွေက ရှိနေသေးတယ်။ တစ်ခုပြီးတစ်ခုသိမ်းလာမယ့်အနေအထားမှာရှိနေတယ်”လို့ပြောပါတယ်။ လက်ရှိ နမ်ကောန့် စစ်ကောင်စီတပ်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပေမယ့် နမ့်ကောန့်မှော်ရဲ့အထက် မှာ ပရင်းတောင်တပ်စခန်းတစ်ခုနဲ့ အောက်ဖက်မှာ လပူခ၊ အင်ဂါးဂါး တပ်စခန်း စတဲ့ အရေးကြီးတဲ့ တပ်စခန်း ၃ နေရာ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ နမ့်ကောန့်၊ ပရင်းတောင်နဲ့ ၊ အင်ဂါးဂါးနဲ့ လပူမှော်ဒေသတွေဟာ အရင်က KIA ထိန်းချုပ်နယ်မြေတွေ ဖြစ်ပြီးတော့ ၂၀၁၇ ခုနှစ်မှာ စစ်တပ်က ဟူးကောင့်ချိုင့်ဝှမ်းဒေသတစ်ခုလုံးကို စစ်အင်အားအလုံးအရင်းနဲ့ နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် KIA က တပ်ဆုတ်ထားတဲ့ တပ်စခန်းနေရာတွေဖြစ်ပါတယ်။ အဲဒီတပ်စခန်းတွေဟာ နမ့်ကောန့်ရွာနဲ့ ၂ မိုင်လောက်အကွာမှာသာ ရှိနေပြီး နောက်ထပ် KIA ပူးပေါင်းတပ်တွေက ဆက်လက် စခန်းသိမ်းတိုက်ပွဲဖော်ဆောင်လာနိုင်ပြီး စစ်ရေးတင်းမာမှုရှိနေသေးတယ်လို့ ဆိုပါတယ်။ မတ်လ ၁၈ ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့တွေက နမ်ကောန့် တပ်စခန်းကို လက်လွတ်လိုက်ရတဲ့အတွက် ရွှေမှော်ဒေသမှာ ဗုံးကြဲတိုက်ခိုက်မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အတွက် လပူခနဲ့ အင်ဂါးဂါး မှော်သူ မှော်သားတစ်ချို့က တနိုင်းဘက်ကို ထွက်ခွာတဲ့လုပ်ငန်းရှင်လည်းရှိနေတယ်လို့ သိရပါတယ်။ နမ်ကောန့် ရွှေမှော်ပြည်သူတွေက တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့နေ့မှာတင် မိုင်းခွန်နဲ့ အခြားတိုက်ပွဲမဖြစ်တဲ့နေရာတွေမှာ ယာယီတိမ်းရှောင်နေကြပြီး တစ်ချိုလုပ်ငန်းရှင်တွေက တနိုင်းဘက်ကို ထွက်လာကြတယ်လို့လည်း ဆက်သိရပါတယ်။ နမ်ကောန့်တိုက်ပွဲဟာ ဒီနှစ် ၂၀၂၄ ခုနှစ်အတွင်း ဟူးကောင့်ချိုင့်ဝှမ်းဒေသမှာ ပထမဆုံးအကြိမ် စတင်ဖြစ်ပွားတဲ့ တိုက်ပွဲဖြစ်ပြီး KIA ဘက်ကနေ စခန်းသိမ်းပိုက်နိုင်တာလည်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ အလားတူ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကနေ စတင်ပြီးတော့ ကချင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာနဲ့ KIA ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်စခန်းတည်ရှိရာ KIO လိုင်ဇာဌာချုပ်အနီးတဝိုက်နဲ့ ဝိုင်းမော်၊ ဆွမ့်ပရာဘွမ့်၊ ဖားကန့် စတဲ့ နေရာတွေမှာ စခန်းသိမ်းတိုက်ပွဲအဖြစ် တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
18 March
တနိုင်းဒေသ နမ့်ကောန်(Namkawn) စစ်တပ်စခန်းကို KIA တိုက်ခိုက်နေပြီး စစ်တပ်ကလေယာဉ်ဗုံးကြဲနေ
“တိုက်ပွဲက အခုချိန်အထိ တဒုန်းဒုန်းဖြစ်နေကြတုန်း တိုက်ပွဲက ၇ နာရီလောက်ကနေ စတာ။ တိုက်ပွဲအခြေအနေက KIA ဘက်ကနေ နမ့်ကောန့်စခန်းကို အပြီးသိမ်းမယ်လို့ စီစဉ်ချထားကြတယ်။ အခု ၁၁ နာရီလောက်အထိတော့ သိမ်းလိုက်ပြီလို့မကြားရသေးဘူး။ ရအောင်သိမ်းမယ်လို့ပဲကြားထားတာ”လို့ပြောပါတယ်။
Read More » -
15 March
လိုင်ဇာမြို့ကို ခြိမ်းခြောက်တဲ့ ဘွမ့်ရေဘွမ့်တပ်ခန်ကို KIA ထပ်မံ သိမ်းပိုက်
KIO လိုင်ဇာ ဗဟိုဌာနချုပ်အနီးရှိ စစ်ကောင်စီတပ်ရဲ့ ဘွမ့်ရေဘွမ့် (Bumre Bum) တပ်စခန်းအကြီးကို မတ်လ ၁၅ ရက်နေ့ ဒီကနေ့ မွန်းလွဲပိုင်း ၁ နာရီလောက်မှာ KIA က အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။ တိုက်ပွဲစတင်ပြီး တစ်ပတ်ကျော်အကြာမှာ ဘွမ့်ရေဘွမ့် (Bumre Bum) စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းယူလိုက်ပြီလို့ KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကို အတည်ပြု ပြောဆိုပါတယ်။ “၁ နာရီနဲ့ ၂…
Read More » -
15 March
ဆွမ်ပရာဘွမ့်မြို့တွင်း တိုက်ပွဲပြင်းထန်နေ
ဆွမ်ပရာဘွမ့်မြို့တွင်းတပ် ခလရ ၄၆ တပ်ရင်းကို လက်မလွတ်ရေးအတွက် စစ်တပ်ဘက်ကနေ မတ်လ ၁၅ ရက် ဒီကနေ့ မနက်ပိုင်းမှာတင် ဂျက်လေယာဉ်နဲ့ ၇ ကြိမ်အထက် အသွားအပြန် လာရောက်ပစ်ခတ်နေတယ်လို့ ဆွမ်ပရာဘွမ့်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကို ပြောပါတယ်။
Read More »









