တိုက်ပွဲသတင်း

ရွှေကူမြို့မရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲနေတဲ့ နေရာ ၃ ခု တစ်ချိန်တည်းတိုက်ခိုက်ခံရ

ကချင်ပြည်နယ် ရွှေကူမြို့ပေါ်မှာရှိတဲ့ မြို့မရဲခစခန်းအပါအဝင် စစ်ကောင်စီတပ်သားတွေ တပ်စွဲနေရာယူထားတဲ့ နေရာ  နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ဒေသကာကွယ်ရေးတပ် LPDF ပူးပေါင်းတပ်တွေက တစ်ချိန်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရွှေကူဒေသကာကွယ်ရေးတပ် LPDFအဖွဲ့ဆီကနေ သိရပါတယ်။

ရွှေကူမြိုအထိုင်တပ်ဖြစ်တဲ့ ခလရ ၅၆ တပ်ရင်း၊ မြို့မရဲစခန်းအပါအဝင် အောက်လေးလမ်းဆုံမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို KIAKPDF ပူးပေါင်းတပ်တွေက မတ်လ ၁၉ ရက်နေ့ မနေ့ည  နာရီဝန်းကျင်မှာ ဒရုန်း၊ လက်နက်ကြီးတွေအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ ရွှေကူနယ် KPDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။

ပထမက အောက်လေးလမ်းဆုံမှာရောက်နေတဲ့စစ်သားတွေက အထက်လေးလမ်းဆုံနဲ့ မံခါးရွာဘက်ကို လက်နက်ကြီးတွေအရင်ပစ်ခဲ့တာ အဲ့တာနဲ့ဒီဘက်ကနေပြီး ညက ဒရုန်းနဲ့ကော  လက်နက်ကြီး၊ ပဒိန်တွေနဲ့ကောသွားပစ်ခဲ့တာလို့ ပြောပါတယ်။

KIA ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့တဲ့ အောက်လေးလမ်းဆုံမှာ စစ်ကား ၂စီးနဲ့စစ်အင်အားလာပို့ထားတဲ့ စစ်ကောင်စီတပ်တွေအပါအဝင် ကင်းပုန်းဝပ်နေတဲ့စစ်သားတွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးတာတွေရှိသလို ရဲစခန်းနဲ့ ၅၆ တပ်ရင်း တိုက်ခိုက်ခဲ့ရာမှာလည်း ထိခိုက်မှုတွေရှိသွားတယ်လို့ သူကဆက်ပြောပါတယ်။

အောက်လေးလမ်းဆုံမှာ ကား ၂စီးနဲ့ အင်အားလာချသွားတာ သူတို့စုနေတဲ့ အလည်တည့်တည့်ကိုပစ်ချလိုက်တာ မသေရင်တောင် ဆယ်ယောက်ကတော့ကောင်းကောင်းထိသွားမှာလို့ စစ်ဆင်ရေးမှာပါဝင်ခဲ့တဲ့ LPDF တစ်ဦးကလည်း ပြောပါတယ်။

စစ်ကောင်စီစစ်သားတွေဟာ မတ်လ ၁၉ ရက်နေ့ မနေ့က နေ့လည် ၁၂ အချိန်မှာ အထက်လေးလမ်းဆုံဘက်က်ို ၁၂၀ မမ တွေနဲ့ရမ်းသမ်းပစ်ခဲ့တာကြောင့် အထက်လေးလမ်းဆုံအနီးပတ်ဝန်းကျင်တစ်ချို့တွေမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာရှိသလို မံခါး ကျေးရွာထဲမှာလည်း  လုံး ကျရောက်ပေါက်ကွဲခဲ့ပေမယ့် အရပ်သားထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

လက်ရှိ အောက်လေးလမ်းဆုံမှာစစ်ကောင်စီစစ်သား ၅၀ ကျော်ရှိနေပြီး ကင်းင်းပုန်းဝပ်တာတွေပုံမှန်ရှိနေတဲ့အပြင် ဖြတ်သန်းသွားလာတဲ့ အရပ်သားတွေကိုလည်း တားမြစ်စစ်ဆေးတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။

ရွှေကူမြို့နယ်နဲ့နယ်နိမတ်ချင်းထိစပ်နေတဲ့ မံစီမြို့နယ်ထဲကစစ်ကောင်စီတပ်ရဲ့ စီးခမ်းကြီးစခန်း၊ကသာနယ်ထဲက မြို့လှစခန်းနဲ့ ရှမ်းပြည်နယ်ထဲက မဘိန်း တပ်စခန်းတွေကို KIAနဲ့မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက်  မြို့လှနယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ မံစီစခန်းတွေထဲက စစ်သားတွေဟာ ရွှေကူမြို့တွင်းတပ်ကိုအင်အားတွေဖြည့်ထားတယ်လို့ သိရပါတယ်။

စစ်တပ်ဘက်က ရွှေကူမြို့ထဲကို စစ်အင်အားဖြည့်တင်းထားပေမယ့် ကျေးရွာဘက် စစ်ရေးလှုပ်ရှားတာမျိုးမရှိဘဲ မြို့အဝင်အထွက် ဂိတ်နေရာတစ်ချို့မှာ ဂိတ်ထိုင်ထားတာ မြို့ကို ခုခံကာကွယ်ဖို့ပြင်ဆင်တာတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။ 

ရွှေကူမြို့နယ်ဟာ ဗန်းမော်ခရိုင်မှာရှိတဲ့မြို့နယ်ဖြစ်ပြီး ဧရာမြစ်ကမ်းနံဘေးရှိတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရွှေကူမြို့ ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ခြမ်း ရွာပေါင်း ၁၂ ရွာထက်မနည်းကိုလည်း စစ်တပ်ကမီးရှို့ဖျက်ဆီးတာတွေအပြင် စစ်တပ်နဲ့ KIA,KPDF တို့အကြား မကြာခနဆိုသလို ထိတွေ့တိုက်ပွဲဖြစ်ပွားတဲ့မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။

လက်ရှိ ဗန်းမော်ခရိုင်မှာရှိတဲ့ မြို့နယ်  ခုဖြစ်တဲ့ ဗန်းမော်မြို့နယ်၊မံစီမြို့နယ်၊မိုးမောက်မြို့နယ်၊ရွှေကူမြို့နယ်တွေထဲက ကျန်တဲ့မြို့နယ်တွေမှာရှိတဲ့ စစ်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေက စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ချိန်လည်းဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button