ရှေ့တန်းတစ်နေရာမှာ မြင်တွေ့ရတဲ့ KIA တပ်ဖွဲ့ဝင်များ
KIO လိုင်ဇာဗဟိုဌာနချုပ် နဲ့ပါဂျော်ဘွမ့် (Pajau Bum) ကြားမှာရှိတဲ့နာဖော့ ပါဂျော်ဘွမ့် (Nahpaw Pajau Bum) အနီတဝိုက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း၆ခုကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့ကအပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
အဲဒီတပ်စခန်းတွေကို မတ်လ၁၇ရက်နေ့စကပြီးKIA ပူးပေါင်းတပ်တွေထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးမတ်လ၂၁ရက်၊ ဒီကနေ့မှာတပ်စခန်းအားလုံးကိုသိမ်းပိုက်ရရှိထားပြီလို့လိုင်ဇာဒေသ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။
“နာဖော့ပါဂျော်တဝိုက်မှာတပ်စခန်း၅ခုလောက်ကိုတော့ KIA စခန်းတစ်ခုချင်းစီးကိုထိုးစစ်ဆင်ပြီးတိုက်ခိုက်ခဲ့တယ်။နာဖော့ပါဂျောင် ဗျူဟာကုန်းနဲ့အူဂရှန် (U Gashan) စခန်း၂ခုပဲကျန်ရှိနေတာ ဖြစ်တယ်။အဲဒီစခန်း၂ခုကိုလည်းဒီကနေ့မှာအပြီးသိမ်းလိုက်ပါပြီ”လို့ ပြောပါတယ်။
ဒါ့ကြောင့်ဒီကနေ့မှာအူဂရှန်နဲ့နာဖော့ဗျူဟာကုန်းတိုက်ခိုက်သိမ်းပိုက်မှုအပြီးရက်ပိုင်းအတွင်းတိုက်ပွဲမှာထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေကိုလိုက်လံပစ်ခတ်ဖမ်းဆီးတာတာတွေလုပ်ဆောင်နေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်ကပြောပြပါတယ်။
KIO လိုင်ဇာဌာနချုပ်ရဲ့အထက်ဘက်ခြမ်းနာဖော့ပါဂျော်ဘွမ့်တဝိုက်မှာ KIA ကသိမ်းပိုက်ထားတဲ့တပ်စခန်း၅ခုလောက်ဟာလွန်ခဲ့တဲ့၂၀၁၁ခုနှစ်နောက်ပိုင်းလာရောက်တပ်ချထားတဲ့တပ်စခန်းတွေဖြစ်ပြီးတော့အဲဒီတပ်စခန်း၅ခုရဲ့စစ်အင်အားစုစုပေါင်း၃၀၀ခန့်လောက်ရှိတယ်လို့သိရပါတယ်။
နာဖော့ဘွမ့်အနီးတဝိုက်ရှိစစ်ကောင်စီတပ်စခန်းနေရာတွေကို KIA ကသိမ်းပိုက်ထားတယ်လို့သတင်းနဲ့ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကအခုလိုပြောပါတယ်။
မတ်လ၇ရက်နေ့ကစပြီးလိုင်ဇာအနီးတဝိုက်ရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုတစ်ခုပြီးတစ်ခုKIA ကတိုက်ခိုက်သိမ်းပိုက်နေတာဖြစ်ပြီးစစ်ရေးအရအရေးပါတဲ့တပ်စခန်းနေရာအားလုံးနီးပါးလောက်ကို KIA ကတိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။
ဒီကနေ့မှာလည်းဒေါ့ဖုန်းယန်မြို့အနီးတဝိုက်ဒုံးတပ်နဲ့အမြှောက်တပ်အထိုင်ချထားတဲ့နွမ်လန့်တပ်စခန်း၂ခုနဲ့နောင်ကွန်အမြှောက်တပ်တွေကို KIA ကတိုက်ခိုက်နေတာကြောင့်တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။